Instagram account အမျိုးမျိုးကနေ post တွေကို အလွယ်တကူ ဝေမျှနိုင်

[ Zawgyi ]




စိုးထက်
Ref: TheNextWeb

[ Unicode ]

Instagram ဟာ iOS app အတွင်းမှာ feature သစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ သုံးစွဲသူက account အမျိုးမျိုးကနေ post တစ်ခုတည်းကို ဝေမျှခွင့်ပြုလိုက်တယ်လို့ TechCrunch ကဖော်ပြခဲ့ပါတယ်။

ဒါကြောင့် content ဖန်တီးသူတွေအနေနဲ့ တစ်ကိုယ်ရေသုံးနဲ့ အမှတ်တံဆိပ် account ၂ ခုစလုံးကို သုံးစွဲရ ပိုမို အဆင်ပြေလာနိုင်ပါတယ်။ ပရိသတ် အမျိုးမျိုးအတွက် profile များစွာက လုပ်ငန်းတွေမှာလည်း အသုံးပြုလို့ရပါတယ်။

အဲဒီ feature ဟာ iOS app ကနေ တစ်ကမ္ဘာလုံးကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ Post တစ်ခုကို တင်ဖို့ နောက်ဆုံးအဆင့်မှာ ဘယ် account ကနေ post တင်ချင်လဲဆိုတာကို ပုံထဲမှာပါတဲ့အတိုင်း ရွေးချယ်ပေးနိုင်ပါတယ်။

Ref: TheNextWeb