Infinity Flex Display ပါဝင္တဲ့ ေခါက္စမတ္ဖုန္းကို Samsung ပြဲထုတ္မိတ္ဆက္

[ Zawgyi ]

Samsung ဟာ ကုမၸဏီရဲ႕ ပထမဆံုး ေခါက္စမတ္ဖုန္းကို ႏွစ္စဥ္က်င္းပျပဳလုပ္တဲ့ Samsung Developers Conference မွာ ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ ဒါ့အျပင္ အဆိုပါ ေခါက္စမတ္ဖုန္းကို လာမယ့္လအနည္းငယ္အတြင္း အလံုးအရင္းနဲ႔ ထုတ္လုပ္သြားမယ္လို႔ Samsung က ေျပာၾကားခဲ့ပါတယ္။

ေခါက္ထားတဲ့အခါ ဖုန္းတစ္လံုးလို သံုးႏိုင္ၿပီး ျဖန္႔ထားတဲ့အခါမွာ tablet တစ္လံုးလို သံုးႏိုင္တဲ့ အထက္ပါဖုန္းကို Samsung ရဲ႕ မိုဘိုင္းေစ်းကြက္ရွာေဖြေရး စီနီယာဒုဥကၠ႒ Justin Denison က မိတ္ဆက္ျပသခဲ့ပါတယ္။ အဲ့ဒီ ေခါက္စမတ္ဖုန္းမွာ ဖုန္းကို အဖြင့္အပိတ္ ႀကိမ္ဖန္မ်ားစြာ ျပဳလုပ္သည့္တိုင္ က်ိဳးပ်က္ျခင္းမရိွတဲ့ Infinity Flex Display လို႔ေခၚတဲ့ display နည္းပညာသစ္ကို အသံုးျပဳထားပါတယ္။

“Infinity Flex Display ဟာ မိုဘိုင္းပလက္ေဖာင္းသစ္တစ္ခုလံုးကို ကိုယ္စားျပဳပါတယ္။ ကၽြန္ေတာ္တို႔က screen အရြယ္အစား အကန္႔အသတ္ရိွတဲ့ ကမ႓ာတစ္ခုမွာ ေနထိုင္ေနၾကတာပါ။ ဒီ display နည္းပညာသစ္က အရင္နဲ႔မတူတဲ့ အင္တာနက္သံုးစြဲမႈ၊ ၾကည့္႐ႈမႈနဲ႔ တစ္ခုထက္ပိုတဲ့ app ေတြ သံုးစြဲမႈ အေတြ႕အႀကံဳေတြကို ေပးစြမ္းႏိုင္ပါလိမ့္မယ္” လို႔ Denison က ေျပာၾကားခဲ့ပါတယ္။

အခု မိတ္ဆက္ျပသခဲ့တဲ့ထုတ္ကုန္က အၿပီးသတ္ထားတဲ့ထုတ္ကုန္ မဟုတ္ေသးပါဘူး။ အၿပီးသတ္ထြက္ေပၚလာတဲ့ ထုတ္ကုန္ဟာ Denison ျပသခဲ့တဲ့ ထုတ္ကုန္ထက္ ပိုမိုက်စ္လ်စ္ေခ်ာမြတ္ၿပီး bezel ေတြကလည္း ပိုမိုေသးငယ္လာႏိုင္ပါတယ္။

အဆိုပါ ေခါက္စမတ္ဖုန္းမွာ app သံုးခုအထိ တစ္ၿပိဳင္နက္ အသံုးျပဳႏိုင္ၿပီး ဒါကို Samsung က Multi Active Window လို႔ အမည္ေပးထားပါတယ္။ Samsung ရဲ႕ foldable display နည္းပညာသစ္ကို Android က အေထာက္အပံ့ ေပးသြားမွာျဖစ္တယ္လို႔လည္း Google ရဲ႕ Android UX အႀကီးအကဲ Glen Murphy က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ လိပ္ထားႏိုင္သလို ဆြဲျဖန္႔ထားႏိုင္တဲ့ display ေတြအတြက္ နည္းပညာကိုလည္း Samsung က လုပ္ေဆာင္ေနတယ္လို႔ Denison က ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

Samsung ဟာ ဒီေၾကညာခ်က္ေတြကို ဆန္ဖရန္စစၥကိုၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ငါးႀကိမ္ေျမာက္ developers conference မွာ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ေခါက္စမတ္ဖုန္းရဲ႕ အခ်က္အလက္မ်ား

Samsung ဟာ အသစ္ထြက္မယ့္ ေခါက္စမတ္ဖုန္းနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။ ေခါက္စမတ္ဖုန္းရဲ႕ ဘက္ထရီသက္တမ္းဟာ လက္ရိွ Galaxy စမတ္ဖုန္းေတြလိုပဲ တာရွည္ခံတယ္လို႔ Samsung မိုဘိုင္းလုပ္ငန္းရဲ႕ engineering ဒါ႐ိုက္တာနဲ႔ system software group အႀကီးအကဲ Jisun Park က ေျပာၾကားခဲ့ပါတယ္။

ဖုန္းကို ေခါက္ထားတဲ့အခါမွာ ေတြ႕ျမင္ရမယ့္ Cover Display က ၄.၅၈ လက္မျဖစ္ၿပီး aspect ratio က 21:9 ျဖစ္ပါတယ္။ ဒီ display ရဲ႕ resolution က 840 x 1960 ျဖစ္ၿပီး screen density က 420 dpi ျဖစ္တယ္လို႔ Samsung က ေျပာပါတယ္။

ဖုန္းကို ျဖန္႔လိုက္တဲ့အခါမွာ ေတြ႕ျမင္ရမယ့္ Main Display ကေတာ့ ၇.၃၈ လက္မျဖစ္ၿပီး aspect ratio က 4.2:3 ျဖစ္ပါတယ္။ Resolution က 1536 x 2152 ျဖစ္ၿပီး screen density က 420 dpi ျဖစ္ပါတယ္။

Flipboard ရဲ႕ ေစ်းကြက္ရွာေဖြေရးအမႈေဆာင္ Claus Enevoldsen ကလည္း Samsung ေခါက္စမတ္ဖုန္းေပၚမွာ သံုးႏိုင္တဲ့ Flipboard app တစ္ခုကို မိတ္ဆက္ျပသခဲ့ပါတယ္။ အဲ့ဒီ app ဟာ ဖုန္းကို ေခါက္ထားတဲ့အခါမွာ သတင္းေတြကို သာမန္ စမတ္ဖုန္းတစ္ခုေပၚမွာ ျမင္ေတြ႕ရသလိုမ်ိဳး ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ ဖုန္းကို ျဖန္႔လိုက္တဲ့အခါမွာေတာ့ ပိုမိုႀကီးမားတဲ့ panel တစ္ခုနဲ႔ ေတြ႕ျမင္ရမွာျဖစ္သလို multi-window အေထာက္အပံ့ကိုလည္း ရရိွမွာ ျဖစ္ပါတယ္။

Ref: CNET

[ Unicode ]

Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်စမတ်ဖုန်းကို နှစ်စဉ်ကျင်းပပြုလုပ်တဲ့ Samsung Developers Conference မှာ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ခေါက်စမတ်ဖုန်းကို လာမယ့်လအနည်းငယ်အတွင်း အလုံးအရင်းနဲ့ ထုတ်လုပ်သွားမယ်လို့ Samsung က ပြောကြားခဲ့ပါတယ်။

ခေါက်ထားတဲ့အခါ ဖုန်းတစ်လုံးလို သုံးနိုင်ပြီး ဖြန့်ထားတဲ့အခါမှာ tablet တစ်လုံးလို သုံးနိုင်တဲ့ အထက်ပါဖုန်းကို Samsung ရဲ့ မိုဘိုင်းစျေးကွက်ရှာဖွေရေး စီနီယာဒုဥက္ကဋ္ဌ Justin Denison က မိတ်ဆက်ပြသခဲ့ပါတယ်။ အဲ့ဒီ ခေါက်စမတ်ဖုန်းမှာ ဖုန်းကို အဖွင့်အပိတ် ကြိမ်ဖန်များစွာ ပြုလုပ်သည့်တိုင် ကျိုးပျက်ခြင်းမရှိတဲ့ Infinity Flex Display လို့ခေါ်တဲ့ display နည်းပညာသစ်ကို အသုံးပြုထားပါတယ်။

“Infinity Flex Display ဟာ မိုဘိုင်းပလက်ဖောင်းသစ်တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့က screen အရွယ်အစား အကန့်အသတ်ရှိတဲ့ ကမ႓ာတစ်ခုမှာ နေထိုင်နေကြတာပါ။ ဒီ display နည်းပညာသစ်က အရင်နဲ့မတူတဲ့ အင်တာနက်သုံးစွဲမှု၊ ကြည့်ရှုမှုနဲ့ တစ်ခုထက်ပိုတဲ့ app တွေ သုံးစွဲမှု အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်” လို့ Denison က ပြောကြားခဲ့ပါတယ်။

အခု မိတ်ဆက်ပြသခဲ့တဲ့ထုတ်ကုန်က အပြီးသတ်ထားတဲ့ထုတ်ကုန် မဟုတ်သေးပါဘူး။ အပြီးသတ်ထွက်ပေါ်လာတဲ့ ထုတ်ကုန်ဟာ Denison ပြသခဲ့တဲ့ ထုတ်ကုန်ထက် ပိုမိုကျစ်လျစ်ချောမွတ်ပြီး bezel တွေကလည်း ပိုမိုသေးငယ်လာနိုင်ပါတယ်။

အဆိုပါ ခေါက်စမတ်ဖုန်းမှာ app သုံးခုအထိ တစ်ပြိုင်နက် အသုံးပြုနိုင်ပြီး ဒါကို Samsung က Multi Active Window လို့ အမည်ပေးထားပါတယ်။ Samsung ရဲ့ foldable display နည်းပညာသစ်ကို Android က အထောက်အပံ့ ပေးသွားမှာဖြစ်တယ်လို့လည်း Google ရဲ့ Android UX အကြီးအကဲ Glen Murphy က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လိပ်ထားနိုင်သလို ဆွဲဖြန့်ထားနိုင်တဲ့ display တွေအတွက် နည်းပညာကိုလည်း Samsung က လုပ်ဆောင်နေတယ်လို့ Denison က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Samsung ဟာ ဒီကြေညာချက်တွေကို ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ငါးကြိမ်မြောက် developers conference မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ခေါက်စမတ်ဖုန်းရဲ့ အချက်အလက်များ

Samsung ဟာ အသစ်ထွက်မယ့် ခေါက်စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ခေါက်စမတ်ဖုန်းရဲ့ ဘက်ထရီသက်တမ်းဟာ လက်ရှိ Galaxy စမတ်ဖုန်းတွေလိုပဲ တာရှည်ခံတယ်လို့ Samsung မိုဘိုင်းလုပ်ငန်းရဲ့ engineering ဒါရိုက်တာနဲ့ system software group အကြီးအကဲ Jisun Park က ပြောကြားခဲ့ပါတယ်။

ဖုန်းကို ခေါက်ထားတဲ့အခါမှာ တွေ့မြင်ရမယ့် Cover Display က ၄.၅၈ လက်မဖြစ်ပြီး aspect ratio က 21:9 ဖြစ်ပါတယ်။ ဒီ display ရဲ့ resolution က 840 x 1960 ဖြစ်ပြီး screen density က 420 dpi ဖြစ်တယ်လို့ Samsung က ပြောပါတယ်။

ဖုန်းကို ဖြန့်လိုက်တဲ့အခါမှာ တွေ့မြင်ရမယ့် Main Display ကတော့ ရ.၃၈ လက်မဖြစ်ပြီး aspect ratio က 4.2:3 ဖြစ်ပါတယ်။ Resolution က 1536 x 2152 ဖြစ်ပြီး screen density က 420 dpi ဖြစ်ပါတယ်။

Flipboard ရဲ့ စျေးကွက်ရှာဖွေရေးအမှုဆောင် Claus Enevoldsen ကလည်း Samsung ခေါက်စမတ်ဖုန်းပေါ်မှာ သုံးနိုင်တဲ့ Flipboard app တစ်ခုကို မိတ်ဆက်ပြသခဲ့ပါတယ်။ အဲ့ဒီ app ဟာ ဖုန်းကို ခေါက်ထားတဲ့အခါမှာ သတင်းတွေကို သာမန် စမတ်ဖုန်းတစ်ခုပေါ်မှာ မြင်တွေ့ရသလိုမျိုး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဖုန်းကို ဖြန့်လိုက်တဲ့အခါမှာတော့ ပိုမိုကြီးမားတဲ့ panel တစ်ခုနဲ့ တွေ့မြင်ရမှာဖြစ်သလို multi-window အထောက်အပံ့ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

Ref: CNET