August 20, 2018
Indoor LED 600w
[ Zawgyi ]
-ကျော်ဇေယျ
[ Unicode ]
ဗီဒီယို ရိုက်ကူးရေးသမားတွေ Indoor ရိုက်ကူးရာမှာ မဖြစ်မနေအသုံးပြုရတဲ့ Indoor LED 600W ဖြစ်ပါတယ်။ အမျိုးအစားက Phottix Kali 600 LED Studio Light ဖြစ်ပါတယ်။ 600W ရှိတဲ့ LED မီးတွေ အသုံးပြုထားတဲ့အတွက် အလင်းအား 4320 Lumens ရရှိမှာဖြစ်တာကြောင့် Indoor ဗီဒီယို ရိုက်ကူးမှုအတွက် လုံလောက်တဲ့ပမာဏကို ပေးစွမ်းနိုင်ပါတယ်။ အဝေးထိန်း ကြိုးမဲ့ ထိန်းချုပ်စနစ် ပါဝင်ပြီး မီးပြင်းအားကို ဒီဂျစ်တယ်နည်းပညာနဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ အတိုးအလျှော့ ဆောင်ရွက်နိုင်သလို အရောင်တန်ဖိုးတွေအတွက် K ကိုလည်း လိုသလို 3300K ကနေ 5600K အထိ အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။ AC နဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့အပြင် Battery နဲ့ပါ အသုံးပြုနိုင်ပါတယ်။
ဝယ်ယူစဉ်မှာ Barndoors, Diffuser Pannel နဲ့ Remote Control Unit ပါ ပါဝင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းစျေးကွက်အတွင်း မကြာသေးမီက ဝင်ရောက်လာပြီး DCM WORLD ဖုန်း ၀၁-၃၇၇၀၅၆ မှာ တန်ဖိုး ၂၉၄,၅၀၀ ကျပ်ဝန်းကျင်နဲ့ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။