Indiegogo ကတစ္ဆင့္ port ေတြမပါဝင္တဲ့ Meizuo Zero ကို ေဒၚလာ ၁,၂၉၉ နဲ႔ ဝယ္ယူႏိုင္

[ Zawgyi ]

Meizu ဟာ port ေတြနဲ႔ ခလုတ္ေတြ မပါဝင္တဲ့ Meizu Zero စမတ္ဖုန္း concept အတြက္ ေငြေၾကးရွာေဖြဖို႔ Indiegogo ကေန ေငြေၾကးရွာေဖြေနပါတယ္။

အေမရိကန္မွာ Zero ဖုန္းအတြက္ လႈံ႕ေဆာ္မႈကို Indiegogo အတြင္းမွာ ျပဳလုပ္ေနၿပီး ေဒၚလာ ၁,၂၉၉ တန္ Zero ဖုန္း (အင္ဂ်င္နီယာနမူနာ Meizu Zero) ကုိရရွိမွာ ျဖစ္ပါတယ္။ Meizu ဟာ Indiegogo မွာ ရန္ပုံေငြ ပစ္မွတ္ ေဒၚလာ ၁၀၀,၀၀၀ သတ္မွတ္ထားပါတယ္။ ေမွ်ာ္မွန္းထားတဲ့ ေငြေၾကးရရွိရင္ Meizu ဟာ Zero ဖုန္းကုိ ထုတ္လုပ္ၿပီး မွာယူထားသူေတြကုိ တစ္လုံးစီေပးပုိ႔မွာ ျဖစ္ပါတယ္။

အဲဒီလႈံ႕ေဆာ္မႈမွာ ေဒၚလာ ၁,၂၉၉ တန္ဖိုးရွိ အင္ဂ်င္နီယာယူနစ္ Meizu Zero ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလမွာ တင္ပို႔ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Meizu Zero သီးသန္႔ စြန္႔ဦးတီထြင္ယူနစ္ ၁ လုံးကုိေတာ့ ေဒၚလာ ၂,၉၉၉ နဲ႔ ေရာင္းခ်ကာ ဇန္နဝါရီလမွာ တင္ပို႔ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Meizu Zero ဖုန္းမွာ Snapdragon 845 ခ်စ္ပ္၊ RAM 4GB ပါဝင္လာပါတယ္။ မ်က္ႏွာျပင္အရြယ္အစား ၅.၉၉ လက္မ 1080x 2340pixel Super AMOLED အသုံးျပဳထားသလို ေက်ာဘက္ကင္မရာ 12MP+ 20MP ျဖစ္ၿပီး ေရွ႕ကင္မရာ 20MP နဲ႔ ေဘးဘက္မွာ ဖိအားသုံးၿပီးႏွိပ္ႏိုင္တဲ့ ခလုတ္ေတြပါဝင္လာပါတယ္။ Zero ဖုန္းမွာ port ေတြနဲ႔ ခလုတ္ေတြမပါဝင္တဲ့အတြက္ ႀကိဳးမဲ့အားသြင္းစနစ္ကုိ အသုံးျပဳရမွာ ျဖစ္ပါတယ္။ Meizu Zero မွာ eSIM ကိုပဲ အသုံးျပဳထားပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Meizu ဟာ port တွေနဲ့ ခလုတ်တွေ မပါဝင်တဲ့ Meizu Zero စမတ်ဖုန်း concept အတွက် ငွေကြေးရှာဖွေဖို့ Indiegogo ကနေ ငွေကြေးရှာဖွေနေပါတယ်။

အမေရိကန်မှာ Zero ဖုန်းအတွက် လှုံ့ဆော်မှုကို Indiegogo အတွင်းမှာ ပြုလုပ်နေပြီး ဒေါ်လာ ၁,၂၉၉ တန် Zero ဖုန်း (အင်ဂျင်နီယာနမူနာ Meizu Zero) ကိုရရှိမှာ ဖြစ်ပါတယ်။ Meizu ဟာ Indiegogo မှာ ရန်ပုံငွေ ပစ်မှတ် ဒေါ်လာ ၁၀၀,၀၀၀ သတ်မှတ်ထားပါတယ်။ မျှော်မှန်းထားတဲ့ ငွေကြေးရရှိရင် Meizu ဟာ Zero ဖုန်းကို ထုတ်လုပ်ပြီး မှာယူထားသူတွေကို တစ်လုံးစီပေးပို့မှာ ဖြစ်ပါတယ်။

အဲဒီလှုံ့ဆော်မှုမှာ ဒေါ်လာ ၁,၂၉၉ တန်ဖိုးရှိ အင်ဂျင်နီယာယူနစ် Meizu Zero ကို ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။ Meizu Zero သီးသန့် စွန့်ဦးတီထွင်ယူနစ် ၁ လုံးကိုတော့ ဒေါ်လာ ၂,၉၉၉ နဲ့ ရောင်းချကာ ဇန်နဝါရီလမှာ တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။

Meizu Zero ဖုန်းမှာ Snapdragon 845 ချစ်ပ်၊ RAM 4GB ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ်အစား ၅.၉၉ လက်မ 1080x 2340pixel Super AMOLED အသုံးပြုထားသလို ကျောဘက်ကင်မရာ 12MP+ 20MP ဖြစ်ပြီး ရှေ့ကင်မရာ 20MP နဲ့ ဘေးဘက်မှာ ဖိအားသုံးပြီးနှိပ်နိုင်တဲ့ ခလုတ်တွေပါဝင်လာပါတယ်။ Zero ဖုန်းမှာ port တွေနဲ့ ခလုတ်တွေမပါဝင်တဲ့အတွက် ကြိုးမဲ့အားသွင်းစနစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Meizu Zero မှာ eSIM ကိုပဲ အသုံးပြုထားပါတယ်။

Ref: GSMArena