In-display selfie ကင္မရာအတြက္ မူပိုင္ခြင့္တင္ထားတဲ့ Apple

[ Zawgyi ]

ၿပီးခဲ့တဲ့တစ္ပတ္က Samsung Developer Conference မွာ ကိုရီးယားနည္းပညာကုမၸဏီႀကီးက display အမ်ိဳးအစားသစ္ ေလးမ်ိဳးကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ အဲ့ဒီအထဲက Infinity O လို႔ေခၚတဲ့ display တစ္ခုမွာ ကင္မရာအတြက္ အေပါက္တစ္ေပါက္ ပါဝင္လာပါတယ္။ လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္အတြင္း ထြက္ေပၚလာခဲ့တဲ့ မူပိုင္ခြင့္ေတြနဲ႔ သတင္းေပါက္ၾကားမႈေတြအရ အဆုိပါ ဒီဇိုင္းဟာ လာမယ့္ႏွစ္မွာ ေရပန္းစားလာဖြယ္ရိွပါတယ္။

Apple ကလည္း အဲ့ဒီ display ဒီဇိုင္းအတြက္ မူပိုင္ခြင့္တင္ထားတယ္လို႔ LetsGoDigital က ေဖာ္ျပခဲ့ပါတယ္။ Apple ရဲ႕ မူပိုင္ခြင့္သစ္တစ္ခုမွာ ကင္မရာအတြက္ display မွာ အေပါက္တစ္ေပါက္ပါတဲ့ iPhone ကို ျပသထားပါတယ္။ ဒီမူပိုင္ခြင့္ကို “Integrated Camera Window” လို႔ အမည္ေပးထားၿပီး အေမရိကန္မူပိုင္ခြင့္ရံုးမွာ ဇူလိုင္လက တင္ခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ မူပိုင္ခြင့္မွာ ျပသထားတဲ့ ဓာတ္ပံုေတြအရ ကင္မရာကို display ညာဘက္ထိပ္မွာ ထည့္သြင္းထားပါတယ္။ Display ကို အလြန္ခိုင္ခံ့တဲ့ မွန္တစ္ခုနဲ႔ ဖံုးအုပ္ထားတယ္လို႔လည္း မူပိုင္ခြင့္မွာ ျပသထားပါတယ္။

Ref: GizmoChina

[ Unicode ]

ပြီးခဲ့တဲ့တစ်ပတ်က Samsung Developer Conference မှာ ကိုရီးယားနည်းပညာကုမ္ပဏီကြီးက display အမျိုးအစားသစ် လေးမျိုးကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီအထဲက Infinity O လို့ခေါ်တဲ့ display တစ်ခုမှာ ကင်မရာအတွက် အပေါက်တစ်ပေါက် ပါဝင်လာပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ထွက်ပေါ်လာခဲ့တဲ့ မူပိုင်ခွင့်တွေနဲ့ သတင်းပေါက်ကြားမှုတွေအရ အဆိုပါ ဒီဇိုင်းဟာ လာမယ့်နှစ်မှာ ရေပန်းစားလာဖွယ်ရှိပါတယ်။

Apple ကလည်း အဲ့ဒီ display ဒီဇိုင်းအတွက် မူပိုင်ခွင့်တင်ထားတယ်လို့ LetsGoDigital က ဖော်ပြခဲ့ပါတယ်။ Apple ရဲ့ မူပိုင်ခွင့်သစ်တစ်ခုမှာ ကင်မရာအတွက် display မှာ အပေါက်တစ်ပေါက်ပါတဲ့ iPhone ကို ပြသထားပါတယ်။ ဒီမူပိုင်ခွင့်ကို “Integrated Camera Window” လို့ အမည်ပေးထားပြီး အမေရိကန်မူပိုင်ခွင့်ရုံးမှာ ဇူလိုင်လက တင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ မူပိုင်ခွင့်မှာ ပြသထားတဲ့ ဓာတ်ပုံတွေအရ ကင်မရာကို display ညာဘက်ထိပ်မှာ ထည့်သွင်းထားပါတယ်။ Display ကို အလွန်ခိုင်ခံ့တဲ့ မှန်တစ်ခုနဲ့ ဖုံးအုပ်ထားတယ်လို့လည်း မူပိုင်ခွင့်မှာ ပြသထားပါတယ်။

Ref: GizmoChina