In-display fingerprint reader ပါဝင္လာတဲ့ OnePlus 6T

[Zawgyi]

OnePlus ဟာ နယူးေယာက္မွာ ျပဳလုပ္ခဲ့တဲ့ပြဲမွာ OnePlus 6T ကုိထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ OnePlus 6T ဟာ ကုမၸဏီအတြက္ ဒီႏွစ္အတြင္း ဒုတိယေျမာက္ထြက္ရွိလာတဲ့ စမတ္ဖုန္းျဖစ္ၿပီး မၾကာေသးခင္က သတင္းအခ်က္အလက္ေတြ ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။ ဖုန္းရဲ႕ notch ေသးငယ္တဲ့ အသြင္အျပင္၊ ထိပ္တန္းအဆင့္ spec ေတြပါဝင္ၿပီး ေဈးႏႈန္းကလည္း သက္သာပါတယ္။ ဒါ့အျပင္ OnePlus ဟာ အေမရိကန္ဆက္သြယ္ေရးကုမၸဏီ T-Mobile နဲ႔ ပထမဆုံးအႀကိမ္အျဖစ္ ပူးေပါင္းခဲ့ၿပီး အြန္လိုင္းမွာ 6T စမတ္ဖုန္းကုိ အကန္႔အသတ္နဲ႔ မေရာင္းခ်ေတာ့ဘဲ တိုက္႐ိုက္ေရာင္းခ်မႈ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

OnePlus 6T ကို အေရာင္၂ မ်ိဳးနဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ OnePlus 6T အတြက္ ေမာ္ဒယ္ ၃ မ်ိဳး ထုတ္လုပ္ထားပါတယ္။ OnePlus 6T ရဲ႕ RAM 6GB နဲ႔ 128GB ဗားရွင္းကုိ ၅၄၉ ေဒၚလာ၊ RAM 8GB နဲ႔ 128GB ကုိ ၅၇၉ ေဒၚလာ၊ RAM 8GB နဲ႔ 256GB ဗားရွင္းကုိ ၆၂၉ ေဒၚလာနဲ႔ အသီးသီးေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ T-Mobile အေနနဲ႔ 128GB/8GB ဗားရွင္းကုိပဲ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

OnePlus 6T မွာ ၆.၄၁ လက္မ OLED screen နဲ႔ ႐ုပ္ထြက္အရည္အေသြး 2340×1080 (402ppi) နဲ႔ 19.5:9 aspect ratio ပါဝင္လာပါတယ္။ OnePlus ဖုန္းေတြမွာ ပထမဆုံးအႀကိမ္အျဖစ္ 6T မွာ in-display fingerprint reader ပါဝင္လာပါတယ္။ 6T မွာပါဝင္တဲ့ in-display fingerprint နည္းပညာကုိ “Screen Unlock” လို႔ OnePlus ကေခၚပါတယ္။ အဲဒီနည္းပညာကုိ အလြန္ျမန္ဆန္ေအာင္ ျပဳလုပ္ထားပါတယ္။

OnePLus အေနနဲ႔ 6T က notch အေသးစားနဲ႔ ဖုန္းရဲ႕ ေရွ႕မ်က္ႏွာျပင္က chin ဟာ all-screen ဒီဇိုင္းေတြ အသုံးျပဳထားတဲ့ အျခား Android စမတ္ဖုန္းေတြနဲ႔ ႏိႈင္းယွဥ္ရင္ ေသးငယ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ OnePlus 6T မွာ 3,700mAh ဘက္ထရီ ပါဝင္လာပါတယ္။

6T မွာပါဝင္တဲ့ dual-camera setup ကေတာ့ 16MP နဲ႔ 20MP ကိုအသုံးျပဳထားၿပီး အဓိက lens အတြက္ f/1.7 aperture ကုိအသုံးျပဳထားပါတယ္။ ကင္မရာအတြင္း optical image stabilization လည္းပါဝင္လာပါတယ္။ ဒါ့အျပင္ OnePlus ဟာ အေမွာင္ထဲမွာ ဓာတ္ပုံ႐ိုက္ကူးမႈအတြက္ Nightscape feature သစ္ကုိ အသုံးျပဳထားပါတယ္။ ပိုမိုေကာင္းမြန္တဲ့ portrait feature ေတြ႐ိုက္ကူးႏိုင္ဖုိ႔ ဓာတ္ပုံဆရာ ကယ္ဗင္ေအေဘာ့ခ်္နဲ႔ ပူးေပါင္းဖန္တီးထားတဲ့ Studio Lighting feature သစ္ကုိလည္း အသုံးျပဳထားပါတယ္။

စြမ္းေဆာင္ပုိင္းမွာ 6T ဟာ အလြန္ျမန္ဆန္တယ္လုိ႔ OnePlus ကေျပာခဲ့ပါတယ္။ ထုတ္ကုန္ေတြအတြက္ ခိုင္မာတဲ့ သုံးစြဲသူအေတြ႕အႀကဳံကို ေပးစြမ္းႏို္င္ဖို႔ လုပ္ေဆာင္ေနတဲ့ အဖြဲ႔တစ္ဖြဲ႕ OnePlus မွာ ထားရွိထားပါတယ္။ OnePlus 6T စြမ္းေဆာင္ရည္ဟာ Samsung Galaxy Note 9 လိုမ်ိဳး အျခား ထုတ္ကုန္ေတြထက္ သာလြန္ၿပီး အလြန္ေကာင္းမြန္တဲ့ gaming စြမ္းေဆာင္ရည္ကုိ ေပးႏိုင္ပါတယ္။ (ဒါေပမဲ့လည္း OnePlus 6T ရဲ႕႐ုပ္ထြက္အရည္အေသြးကေတာ့ Note 9 ထက္နိမ့္ပါးပါတယ္)
OnePlus 6T မွာ Android 9 Pie အေျခခံ OxygenOS ကုိအသုံးျပဳထားၿပီး full-screen gesture ေတြ ထည့္သြင္းထားပါတယ္။

OnePlus ဟာ ေဈးႏႈန္းသက္သာၿပီး စြမ္းေဆာင္ရည္ ျမန္ဆန္တဲ့ Andorid စမတ္ဖုန္းေတြ ထုတ္လုပ္ေလ့ရွိပါတယ္။ ဒီႏွစ္အေစာပုိင္းမွာ ထြက္ရွိထားတဲ့ OnePlus 6 ဟာ အဲဒီ အစဥ္အလာကို ထိန္းသိမ္းထားပါတယ္။ အခုမိတ္ဆက္လိုက္တဲ့ OnePlus 6T ကလည္း အလားတူ အစဥ္အလာအတိုင္း နည္းပညာသစ္ေတြနဲ႔ အဆင့္ျမႇင့္တင္ထားတဲ့ spec ေတြပါဝင္လာပါတယ္။

စိုးထက္
Ref: TheVerge

[Unicode]

OnePlus ဟာ နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ OnePlus 6T ကိုထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ OnePlus 6T ဟာ ကုမ္ပဏီအတွက် ဒီနှစ်အတွင်း ဒုတိယမြောက်ထွက်ရှိလာတဲ့ စမတ်ဖုန်းဖြစ်ပြီး မကြာသေးခင်က သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ဖုန်းရဲ့ notch သေးငယ်တဲ့ အသွင်အပြင်၊ ထိပ်တန်းအဆင့် spec တွေပါဝင်ပြီး ဈေးနှုန်းကလည်း သက်သာပါတယ်။ ဒါ့အပြင် OnePlus ဟာ အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီ T-Mobile နဲ့ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းခဲ့ပြီး အွန်လိုင်းမှာ 6T စမတ်ဖုန်းကို အကန့်အသတ်နဲ့ မရောင်းချတော့ဘဲ တိုက်ရိုက်ရောင်းချမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

OnePlus 6T ကို အရောင်၂ မျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ OnePlus 6T အတွက် မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပါတယ်။ OnePlus 6T ရဲ့ RAM 6GB နဲ့ 128GB ဗားရှင်းကို ၅၄၉ ဒေါ်လာ၊ RAM 8GB နဲ့ 128GB ကို ၅၇၉ ဒေါ်လာ၊ RAM 8GB နဲ့ 256GB ဗားရှင်းကို ၆၂၉ ဒေါ်လာနဲ့ အသီးသီးရောင်းချသွားမှာ ဖြစ်ပါတယ်။ T-Mobile အနေနဲ့ 128GB/8GB ဗားရှင်းကိုပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။

OnePlus 6T မှာ ၆.၄၁ လက်မ OLED screen နဲ့ ရုပ်ထွက်အရည်အသွေး 2340×1080 (402ppi) နဲ့ 19.5:9 aspect ratio ပါဝင်လာပါတယ်။ OnePlus ဖုန်းတွေမှာ ပထမဆုံးအကြိမ်အဖြစ် 6T မှာ in-display fingerprint reader ပါဝင်လာပါတယ်။ 6T မှာပါဝင်တဲ့ in-display fingerprint နည်းပညာကို “Screen Unlock” လို့ OnePlus ကခေါ်ပါတယ်။ အဲဒီနည်းပညာကို အလွန်မြန်ဆန်အောင် ပြုလုပ်ထားပါတယ်။

OnePLus အနေနဲ့ 6T က notch အသေးစားနဲ့ ဖုန်းရဲ့ ရှေ့မျက်နှာပြင်က chin ဟာ all-screen ဒီဇိုင်းတွေ အသုံးပြုထားတဲ့ အခြား Android စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် သေးငယ်တယ်လို့ ပြောကြားခဲ့ပါတယ်။ OnePlus 6T မှာ 3,700mAh ဘက်ထရီ ပါဝင်လာပါတယ်။

6T မှာပါဝင်တဲ့ dual-camera setup ကတော့ 16MP နဲ့ 20MP ကိုအသုံးပြုထားပြီး အဓိက lens အတွက် f/1.7 aperture ကိုအသုံးပြုထားပါတယ်။ ကင်မရာအတွင်း optical image stabilization လည်းပါဝင်လာပါတယ်။ ဒါ့အပြင် OnePlus ဟာ အမှောင်ထဲမှာ ဓာတ်ပုံရိုက်ကူးမှုအတွက် Nightscape feature သစ်ကို အသုံးပြုထားပါတယ်။ ပိုမိုကောင်းမွန်တဲ့ portrait feature တွေရိုက်ကူးနိုင်ဖို့ ဓာတ်ပုံဆရာ ကယ်ဗင်အေဘော့ချ်နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Studio Lighting feature သစ်ကိုလည်း အသုံးပြုထားပါတယ်။

စွမ်းဆောင်ပိုင်းမှာ 6T ဟာ အလွန်မြန်ဆန်တယ်လို့ OnePlus ကပြောခဲ့ပါတယ်။ ထုတ်ကုန်တွေအတွက် ခိုင်မာတဲ့ သုံးစွဲသူအတွေ့အကြုံကို ပေးစွမ်းနို်င်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ဖွဲ့ OnePlus မှာ ထားရှိထားပါတယ်။ OnePlus 6T စွမ်းဆောင်ရည်ဟာ Samsung Galaxy Note 9 လိုမျိုး အခြား ထုတ်ကုန်တွေထက် သာလွန်ပြီး အလွန်ကောင်းမွန်တဲ့ gaming စွမ်းဆောင်ရည်ကို ပေးနိုင်ပါတယ်။ (ဒါပေမဲ့လည်း OnePlus 6T ရဲ့ရုပ်ထွက်အရည်အသွေးကတော့ Note 9 ထက်နိမ့်ပါးပါတယ်)
OnePlus 6T မှာ Android 9 Pie အခြေခံ OxygenOS ကိုအသုံးပြုထားပြီး full-screen gesture တွေ ထည့်သွင်းထားပါတယ်။

OnePlus ဟာ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည် မြန်ဆန်တဲ့ Andorid စမတ်ဖုန်းတွေ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီနှစ်အစောပိုင်းမှာ ထွက်ရှိထားတဲ့ OnePlus 6 ဟာ အဲဒီ အစဉ်အလာကို ထိန်းသိမ်းထားပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ OnePlus 6T ကလည်း အလားတူ အစဉ်အလာအတိုင်း နည်းပညာသစ်တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ spec တွေပါဝင်လာပါတယ်။

စိုးထက်
Ref: TheVerge