In Display Fingerprint စနစ္ကို Mid Range ဖုန္းအတြက္ အသံုးျပဳခဲ့တဲ့ Vivo

[ Zawgyi ]

Apple ဟာ iPhone 5s မွာ Touch ID ကို ပထမဆံုး စတင္မိတ္ဆက္ၿပီး စမတ္ဖုန္း biometrics က႑ကုိ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ထုိ႔နည္းတူပဲ Vivo ကလည္း In Display Fingerprint Scanner နည္းပညာကို ပထမဆံုးစတင္မိတ္ဆက္ခဲ့ၿပီး စမတ္ဖုန္းေတြအတြက္ Physical Button Fingerprint စနစ္ကို ပိုမိုဆန္းသစ္ႏိုင္ဖို႔နဲ႔ စမတ္ဖုန္းေတြရဲ႕ ကိုယ္ထည္ဖြဲ႕စည္းတည္ေဆာက္မႈ ဒီဇိုင္းကို ပိုမိုလွပေကာင္းမြန္ ေအာင္ျပဳလုပ္ႏိုင္ဖို႔၊ Screen to body ratio ကို ပိုမိုခ်ဲ႕ထြင္ႏိုင္ဖို႔အတြက္ က႑သစ္တစ္ခုကို ဖြင့္လွစ္ခဲ့ပါတယ္။

ဖုန္းရဲ႕ ေက်ာဘက္ဒီဇိုင္းကို လွပေအာင္ ပံုေဖာ္ဖို႔နဲ႔ ေရွ႕ဘက္မ်က္ႏွာျပင္ ရဲ႕အခ်ိဳးအစား ပိုမိုက်ယ္ဝန္းေအာင္ ထုတ္လုပ္ႏိုင္ဖို႔အတြက္ဆိုရင္ fingerprint reader ကို ဘယ္ေနရာ မွာ ထည့္သြင္းမလဲဆိုတဲ့ အခက္အခဲရွိလာပါတယ္။ In Display fingerprint Scanner စနစ္ကို စတင္ခဲ့တဲ့အတြက္ အဲဒီအခက္အခဲေတြကို စြန္႔လႊတ္ႏိုင္ပါၿပီ။

In Display Fingerprint ဆိုတာကေတာ့ Fingerprint Sensor ကို ဖုန္းရဲ႕ ကိုယ္ထည္ေပၚမွာ ေနရာတစ္ခုေပးၿပီး တပ္ဆင္ထားတဲ့ ပံုစံမ်ိဳးမဟုတ္ေတာ့ဘဲနဲ႔ ဖုန္းရဲ႕ေရွ႕မ်က္ႏွာျပင္ျဖစ္တဲ့ Touch Screen ရဲ႕ေအာက္မွာ ထည့္သြင္းလာတဲ့ နည္းပညာတစ္ခုျဖစ္ပါတယ္။ ဒီဖြံ႕ၿဖိဳးတိုးတက္မႈေၾကာင့္ display တစ္ခုမွာ sensor ပါဝင္တဲ့ စမတ္ဖုန္းရဲ႕ အနာဂတ္ကို စိတ္ကူးၾကည့္ႏိုင္ပါတယ္။

အေျခအေနတစ္ခုရ နည္းပညာသစ္တစ္ခုထြက္လာတဲ့အခ်ိန္မွာ ဒီနည္းပညာပါဝင္တဲ့ Device ေတြ အတြက္ ေပးရတဲ့ ေငြေၾကးတန္ဖိုးဟာ မ်ားျပားတက္ပါတယ္။   ။

[ Unicode ]

Apple ဟာ iPhone 5s မှာ Touch ID ကို ပထမဆုံး စတင်မိတ်ဆက်ပြီး စမတ်ဖုန်း biometrics ကဏ္ဍကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထို့နည်းတူပဲ Vivo ကလည်း In Display Fingerprint Scanner နည်းပညာကို ပထမဆုံးစတင်မိတ်ဆက်ခဲ့ပြီး စမတ်ဖုန်းတွေအတွက် Physical Button Fingerprint စနစ်ကို ပိုမိုဆန်းသစ်နိုင်ဖို့နဲ့ စမတ်ဖုန်းတွေရဲ့ ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်မှု ဒီဇိုင်းကို ပိုမိုလှပကောင်းမွန် အောင်ပြုလုပ်နိုင်ဖို့၊ Screen to body ratio ကို ပိုမိုချဲ့ထွင်နိုင်ဖို့အတွက် ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

ဖုန်းရဲ့ ကျောဘက်ဒီဇိုင်းကို လှပအောင် ပုံဖော်ဖို့နဲ့ ရှေ့ဘက်မျက်နှာပြင် ရဲ့အချိုးအစား ပိုမိုကျယ်ဝန်းအောင် ထုတ်လုပ်နိုင်ဖို့အတွက်ဆိုရင် fingerprint reader ကို ဘယ်နေရာ မှာ ထည့်သွင်းမလဲဆိုတဲ့ အခက်အခဲရှိလာပါတယ်။ In Display fingerprint Scanner စနစ်ကို စတင်ခဲ့တဲ့အတွက် အဲဒီအခက်အခဲတွေကို စွန့်လွှတ်နိုင်ပါပြီ။

In Display Fingerprint ဆိုတာကတော့ Fingerprint Sensor ကို ဖုန်းရဲ့ ကိုယ်ထည်ပေါ်မှာ နေရာတစ်ခုပေးပြီး တပ်ဆင်ထားတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ ဖုန်းရဲ့ရှေ့မျက်နှာပြင်ဖြစ်တဲ့ Touch Screen ရဲ့အောက်မှာ ထည့်သွင်းလာတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီဖွံ့ဖြိုးတိုးတက်မှုကြောင့် display တစ်ခုမှာ sensor ပါဝင်တဲ့ စမတ်ဖုန်းရဲ့ အနာဂတ်ကို စိတ်ကူးကြည့်နိုင်ပါတယ်။

အခြေအနေတစ်ခုရ နည်းပညာသစ်တစ်ခုထွက်လာတဲ့အချိန်မှာ ဒီနည်းပညာပါဝင်တဲ့ Device တွေ အတွက် ပေးရတဲ့ ငွေကြေးတန်ဖိုးဟာ များပြားတက်ပါတယ်။ Vivo ဟာ ပထမဦးဆုံး In Display Fingerprint Scanning Technology ပါဝင်တဲ့ V11 ကို ပြည်တွင်းစျေးကွက်ကို မိတ်ဆက်ခဲ့ပါတယ်။ နည်းပညာ အသစ်တစ်ခုပါဝင်လာတဲ့ V11 ကိုတော့ Vivo က စျေးနှုန်း အလယ်အလတ် တန်းစား ဖုန်းအမျိုးအစားတစ်ခု အနေနဲ့မိတ်ဆက်ပေးခဲ့တာကိုတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Vivo ဟာ သုံးစွဲသူတွေအတွက် နည်းပညာအသစ်တစ်ခုကို ကြီးမြင့်တဲ့ စျေးနှုန်းတစ်ခုနဲ့ သတ်မှတ် ထားခဲ့ခြင်းမျိုးမရှိပဲ သုံးစွဲသူတွေအားလုံး ဒီနည်းပညာသစ်ကို ထိတွေ့နိုင်ဖို့ ဖန်တီးခဲ့ပုံရပါတယ်။