In-Display လက္ေဗြနည္းပညာ ေထာက္ပံ့ပါဝင္တဲ့ စမတ္ဖုန္းေမာ္ဒယ္သစ္ႏွစ္မ်ဳိးကို Vivo မွ ျပည္တြင္း၌ မိတ္ဆက္

In-Display လက္ေဗြနည္းပညာ ေထာက္ပံ့ပါဝင္တဲ့ Vivo V11 နဲ႔ V11i စမတ္ဖုန္းေမာ္ဒယ္သစ္ႏွစ္မ်ဳိးကို Vivo က ျပည္တြင္းမွာ စတင္မိတ္ဆက္လိုက္ပါတယ္။

ဒီေမာ္ဒယ္သစ္စမတ္ဖုန္းေတြမွာ In-Display လက္ေဗြနည္းပညာအျပင္ AI ကင္မရာနည္းပညာ၊ ျမန္ဆန္တဲ့ ဘက္ထရီ အားသြင္းနည္းပညာ၊ Vivo ရဲ႕ ကိုယ္ပိုင္ AI နည္းပညာတစ္ခုျဖစ္တဲ့ Jovi လို႔ေခၚတဲ့ AI Assistance နည္းပညာ၊ Google Lens နည္းပညာ၊ Google Assistant ၊ AI ဂိမ္းနည္းပညာ၊ မ်က္ႏွာျဖင့္ ဖုန္း Lock screen ကိုဖြင့္ႏုိင္တဲ့ Face Access နည္းပညာေတြ ေထာက္ပံ့ ပါဝင္လာတယ္လို႔ သိရပါတယ္။ “သံုးစြဲသူေတြကို ပိုေကာင္းၿပီး ပိုအဆင့္ျမင့္တဲ့ စမတ္ဖုန္းသံုးစြဲမႈ အေတြ႕အၾကံဳေတြ ဖန္တီးေပးႏိုင္ဖို႔ ဒီ AI စြမ္းအင္နည္းပညာသံုး V11 ကို မိတ္ဆက္ေပးရတာ တကယ္ကို စိတ္လႈပ္ရွားစရာပါ၊ ကြ်န္ေတာ္တို႔ရဲ႕ AI ကင္မရာနဲ႔ ၿပီးျပည့္စံုတ့ဲ ဓာတ္ပံုေတြကိုပိုၿပီး လြယ္လြယ္႐ိုက္ယူႏိုင္ေအာင္ လုပ္ထားပါတယ္၊ ပိုၿပီးစမတ္က်တဲ့ AI စြမ္းအင္နည္းပညာေတြ အမ်ားႀကီး ထည့္သြင္းထားတယ္၊ V series ရဲ႕ ပထမဦးဆံုးလည္းျဖစ္ၿပီး ဒီနည္းပညာေလာကမွာ ဦးေဆာင္ေနတဲ့ ကြ်န္ေတာ္တို႔ရဲ႕ In-Display လက္ေဗြနည္းပညာကုိပါ မိတ္ဆက္ထားပါတယ္” လို႔ Vivo Myanmar မွ တာဝန္ရွိ သူတစ္ဦးက ေျပာပါတယ္။

Vivo V11 နဲ႔ V11i စမတ္ဖုန္းေတြက ျမင္ကြင္းအက်ယ္ ၆.၄၁ လက္မရွိ Super AMOLED Halo FullView™ Display နဲ႔ ထုတ္လုပ္ထားၿပီး အေနာက္ကင္မရာမွာ f/1.8 aperture ရွိ 12MP ႏွင့္ f/2.4 aperture ရွိ 5MP ေပါင္းစပ္ထားေသာ dual ကင္မရာျဖစ္ၿပီး ေရွ႕ဘက္ကင္မရာမွာ f/2.0 aperture ရွိ 25MP အမ်ဳိးအစားကင္မရာေတြကို အသုံးျပဳထားပါတယ္။ အေနာက္ကင္မရာမွာ ၀.၀၃ စကၠန္႔အတြင္း focus ကို lock ျပဳလုပ္ႏိုင္တဲ့ Dual-Pixel Autofocus နည္းပညာနဲ႔ Dual Pixel Sensor ေတြကို အသံုးျပဳထားတယ္လို႔ိ သိရပါတယ္။ V11 မွာ 6GB RAM နဲ႔ 128 GB ROM ပါရွိတဲ့ Snapdragon 660AIE processor ကို အသုံးျပဳထားၿပီး V11i မွာေတာ့ 4GB RAM နဲ႔ 128 GB ROM ေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းေတြမွာ သိုေလွာင္မႈပမာဏကို MicroSD ကေန 256GB ထိ ထပ္မံတိုးျမႇင့္ ထည့္သြင္းအသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ OS အေနနဲ႔ Android 8.1 အား အေျခခံထားတဲ့ Funtouch OS 4.5 ကို ထည့္သြင္းထားၿပီး V11 ကို အေရာင္အေနနဲ႔ အနက္နဲ႔ အျပာေရာင္ အေရာင္စပ္ (Starry Night) ၊ အျပာနဲ႔ ခရမ္းေရာင္ အေရာင္စပ္ (Nubula) အေနနဲ႔ ထုတ္လုပ္ထားတယ္လုိ႔ သိရပါတယ္။

Vivo V11 ကို စက္တင္ဘာလ ၂၉ ရက္မွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး Starry Night အေရာင္ တစ္မ်ဳိးတည္းကိုသာ စတင္ဝယ္ယူႏုိင္မွာ ျဖစ္ပါတယ္။ V11i ကိုေတာ့ ေအာက္တိုဘာလ ၆ ရက္မွ စတင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး အေရာင္ႏွစ္မ်ဳိးလုံးအေနနဲ႔ ဝယ္ယူႏုိင္မွာျဖစ္ပါတယ္။ Vivo V11 ကို တန္ဖိုး ၅၅၉,ဝဝဝ က်ပ္၊ V11i ကို ၄၁၉,ဝဝဝ က်ပ္နဲ႔ ျဖန္႔ခ်ိေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

In-Display လက်ဗွေနည်းပညာ ထောက်ပံ့ပါဝင်တဲ့ Vivo V11 နဲ့ V11i စမတ်ဖုန်းမော်ဒယ်သစ်နှစ်မျိုးကို Vivo က ပြည်တွင်းမှာ စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီမော်ဒယ်သစ်စမတ်ဖုန်းတွေမှာ In-Display လက်ဗွေနည်းပညာအပြင် AI ကင်မရာနည်းပညာ၊ မြန်ဆန်တဲ့ ဘက်ထရီ အားသွင်းနည်းပညာ၊ Vivo ရဲ့ ကိုယ်ပိုင် AI နည်းပညာတစ်ခုဖြစ်တဲ့ Jovi လို့ခေါ်တဲ့ AI Assistance နည်းပညာ၊ Google Lens နည်းပညာ၊ Google Assistant ၊ AI ဂိမ်းနည်းပညာ၊ မျက်နှာဖြင့် ဖုန်း Lock screen ကိုဖွင့်နိုင်တဲ့ Face Access နည်းပညာတွေ ထောက်ပံ့ ပါဝင်လာတယ်လို့ သိရပါတယ်။ “သုံးစွဲသူတွေကို ပိုကောင်းပြီး ပိုအဆင့်မြင့်တဲ့ စမတ်ဖုန်းသုံးစွဲမှု အတွေ့အကြုံတွေ ဖန်တီးပေးနိုင်ဖို့ ဒီ AI စွမ်းအင်နည်းပညာသုံး V11 ကို မိတ်ဆက်ပေးရတာ တကယ်ကို စိတ်လှုပ်ရှားစရာပါ၊ ကျွန်တော်တို့ရဲ့ AI ကင်မရာနဲ့ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကိုပိုပြီး လွယ်လွယ်ရိုက်ယူနိုင်အောင် လုပ်ထားပါတယ်၊ ပိုပြီးစမတ်ကျတဲ့ AI စွမ်းအင်နည်းပညာတွေ အများကြီး ထည့်သွင်းထားတယ်၊ V series ရဲ့ ပထမဦးဆုံးလည်းဖြစ်ပြီး ဒီနည်းပညာလောကမှာ ဦးဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ In-Display လက်ဗွေနည်းပညာကိုပါ မိတ်ဆက်ထားပါတယ်” လို့ Vivo Myanmar မှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

Vivo V11 နဲ့ V11i စမတ်ဖုန်းတွေက မြင်ကွင်းအကျယ် ၆.၄၁ လက်မရှိ Super AMOLED Halo FullView™ Display နဲ့ ထုတ်လုပ်ထားပြီး အနောက်ကင်မရာမှာ f/1.8 aperture ရှိ 12MP နှင့် f/2.4 aperture ရှိ 5MP ပေါင်းစပ်ထားသော dual ကင်မရာဖြစ်ပြီး ရှေ့ဘက်ကင်မရာမှာ f/2.0 aperture ရှိ 25MP အမျိုးအစားကင်မရာတွေကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာမှာ ၀.၀၃ စက္ကန့်အတွင်း focus ကို lock ပြုလုပ်နိုင်တဲ့ Dual-Pixel Autofocus နည်းပညာနဲ့ Dual Pixel Sensor တွေကို အသုံးပြုထားတယ်လိို့ သိရပါတယ်။ V11 မှာ 6GB RAM နဲ့ 128 GB ROM ပါရှိတဲ့ Snapdragon 660AIE processor ကို အသုံးပြုထားပြီး V11i မှာတော့ 4GB RAM နဲ့ 128 GB ROM တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီဖုန်းတွေမှာ သိုလှောင်မှုပမာဏကို MicroSD ကနေ 256GB ထိ ထပ်မံတိုးမြှင့် ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ OS အနေနဲ့ Android 8.1 အား အခြေခံထားတဲ့ Funtouch OS 4.5 ကို ထည့်သွင်းထားပြီး V11 ကို အရောင်အနေနဲ့ အနက်နဲ့ အပြာရောင် အရောင်စပ် (Starry Night) ၊ အပြာနဲ့ ခရမ်းရောင် အရောင်စပ် (Nubula) အနေနဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

Vivo V11 ကို စက်တင်ဘာလ ၂၉ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး Starry Night အရောင် တစ်မျိုးတည်းကိုသာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ V11i ကိုတော့ အောက်တိုဘာလ ၆ ရက်မှ စတင်ရောင်းချသွားမှာ ဖြစ်ပြီး အရောင်နှစ်မျိုးလုံးအနေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Vivo V11 ကို တန်ဖိုး ၅၅၉,ဝဝဝ ကျပ်၊ V11i ကို ၄၁၉,ဝဝဝ ကျပ်နဲ့ ဖြန့်ချိရောင်းချပေးသွားမယ်လို့ သိရပါတယ်။