August 19, 2018

In-App Camera နဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြကုိ သိမ္းဆည္းေပးမယ့္ Cloud Storage feature ကို Facebook မိတ္ဆက္

[Zawgyi]

Facebook ဟာ သုံးစြဲသူေတြက အမွတ္တရေတြကို ဖန္တီးသိမ္းဆည္းႏိုင္ေအာင္ ရည္ရြယ္ဖန္တီးထားတဲ့ မိုဘိုင္း app feature သစ္ ၃ ခုကုိ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီ feature ေတြကုိ အိႏၵိယမွာ စတင္မိတ္ဆက္ၿပီး ေနာက္ပုိင္းမွာေတာ့ ကမၻာတစ္ဝန္းကို ျဖန္႔ခ်ိသြားမယ္လုိ႔ The Verge ကေဖာ္ျပခဲ့ပါတယ္။

Facebook မိတ္ဆက္ခဲ့တဲ့ feature ေတြထဲက ပထမတစ္ခုက in-app camera နဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြကို cloud ထဲက သံုးစြဲသူရဲ႕ Facebook account အတြင္း တိုက္႐ိုက္ သိမ္းဆည္းေပးမွာ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံအတြင္းက ေဈးႏႈန္းသက္သာတဲ့ ထုတ္ကုန္ေတြနဲ႔ ထုတ္ကုန္ေတြရဲ႕ storage အကန္႔အသတ္ေတြေၾကာင့္ Facebook က ဒီ feature ကို ထည့္သြင္းလိုက္တာ ျဖစ္ပါတယ္။

ဓာတ္ပုံနဲ႔ ဗီဒီယိုေတြကို သိမ္းဆည္းၿပီးတဲ့အခါမွသာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေဝမွ်မႈေတြ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ “အဲဒီ storage option အသစ္အတြက္ ကန္႔သတ္ထားတဲ့ သိုေလွာင္မႈပမာဏကိုေတာ့ Facebook က မထုတ္ျပန္ေသးဘူး” လို႔ The Verge ကေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ Facebook ရဲ႕ Camera အတြင္းမွာ “Voice Posts” လို႔အမည္ရတဲ့ voice message ေတြကို ေဝမွ်ႏိုင္တဲ့ feature ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီ feature ကို အိႏၵိယစမတ္ဖုန္းသုံးစြဲသူ ေဈးကြက္အတြက္ ရည္ရြယ္ျဖန္႔ခ်ိထားၿပီး ေဒသတြင္းသုံးစြဲသူေတြက voice message ကိုအလ်င္အျမန္ မွတ္တမ္းတင္ၿပီး သူငယ္ခ်င္းေတြဆီကို ေပးပုိ႔ႏိုင္ပါတယ္။ ဒါေၾကာင့္ native language keyboard ေတြထည့္သြင္းဖုိ႔ app ကို Facebook က update လုပ္စရာမလိုေတာ့ပါဘူး။

ေနာက္ဆုံး feature ကေတာ့ သုံးစဲြဲသူေတြအေနနဲ႔ စိတ္ႀကိဳက္ Facebook Stories ေတြကို ၂၄ နာရီအၾကာမွာ မေပ်ာက္သြားခင္မွာ archive လုပ္ၿပီး သိမ္းဆည္းႏိုင္မွာ ျဖစ္ပါတယ္။ Facebook ဟာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းကပဲ Instagram မွာ အလားတူ feature တစ္ခုကုိ မိတ္ဆက္ခဲ့ပါတယ္။

Facebook အေနနဲ႔ အဓိက Messenger update တစ္ခုကို ျဖန္႔ခ်ိဖို႔ရွိၿပီး dark mode အျပင္ စိတ္ႀကိဳက္ျပင္ဆင္ႏိုင္တဲ့ chat bubble ေတြနဲ႔ chat app အတြင္းက ႐ိုးရွင္းတဲ့ user interface ေတြ ပါဝင္လာမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: MacRumors

============

[Unicode]

Facebook ဟာ သုံးစွဲသူတွေက အမှတ်တရတွေကို ဖန်တီးသိမ်းဆည်းနိုင်အောင် ရည်ရွယ်ဖန်တီးထားတဲ့ မိုဘိုင်း app feature သစ် ၃ ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ feature တွေကို အိန္ဒိယမှာ စတင်မိတ်ဆက်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝန်းကို ဖြန့်ချိသွားမယ်လို့ The Verge ကဖော်ပြခဲ့ပါတယ်။

Facebook မိတ်ဆက်ခဲ့တဲ့ feature တွေထဲက ပထမတစ်ခုက in-app camera နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို cloud ထဲက သုံးစွဲသူရဲ့ Facebook account အတွင်း တိုက်ရိုက် သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းက ဈေးနှုန်းသက်သာတဲ့ ထုတ်ကုန်တွေနဲ့ ထုတ်ကုန်တွေရဲ့ storage အကန့်အသတ်တွေကြောင့် Facebook က ဒီ feature ကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို သိမ်းဆည်းပြီးတဲ့အခါမှသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဝေမျှမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ “အဲဒီ storage option အသစ်အတွက် ကန့်သတ်ထားတဲ့ သိုလှောင်မှုပမာဏကိုတော့ Facebook က မထုတ်ပြန်သေးဘူး” လို့ The Verge ကဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Facebook ရဲ့ Camera အတွင်းမှာ “Voice Posts” လို့အမည်ရတဲ့ voice message တွေကို ဝေမျှနိုင်တဲ့ feature ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီ feature ကို အိန္ဒိယစမတ်ဖုန်းသုံးစွဲသူ ဈေးကွက်အတွက် ရည်ရွယ်ဖြန့်ချိထားပြီး ဒေသတွင်းသုံးစွဲသူတွေက voice message ကိုအလျင်အမြန် မှတ်တမ်းတင်ပြီး သူငယ်ချင်းတွေဆီကို ပေးပို့နိုင်ပါတယ်။ ဒါကြောင့် native language keyboard တွေထည့်သွင်းဖို့ app ကို Facebook က update လုပ်စရာမလိုတော့ပါဘူး။

နောက်ဆုံး feature ကတော့ သုံးစွဲဲသူတွေအနေနဲ့ စိတ်ကြိုက် Facebook Stories တွေကို ၂၄ နာရီအကြာမှာ မပျောက်သွားခင်မှာ archive လုပ်ပြီး သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကပဲ Instagram မှာ အလားတူ feature တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

Facebook အနေနဲ့ အဓိက Messenger update တစ်ခုကို ဖြန့်ချိဖို့ရှိပြီး dark mode အပြင် စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ chat bubble တွေနဲ့ chat app အတွင်းက ရိုးရှင်းတဲ့ user interface တွေ ပါဝင်လာမယ်လို့ သိရပါတယ်။

စိုးထက်
Ref: MacRumors