ImageMagick ကို Ubuntu OS တွင် ထည့်သွင်းခြင်း

[ Zawgyi ]




cd ImageMagick-7.*
./configure
make
sudo make install


-သီဟ

[ Unicode ]

ImageMagick ဆိုတဲ့ ဆော့ဖ်ဝဲကတော့ ဓာတ်ပုံတွေကို convert လုပ်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ ဓာတ်ပုံ format အများအပြားကို အထောက်အပံ့ ပေးနိုင်မှာဖြစ်သလို PDF, SVG ဖိုင်တွေကိုလည်း အထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်။

Ubuntu OS မှာ ImageMagick ကို ထည့်သွင်းဖို့ အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ ImageMagick ကို Ubuntu
မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

wget http://www.imagemagick.org/download/ImageMagick.tar.gz
tar -xvf ImageMagick.tar.gz
cd ImageMagick-7.*
./configure
make
sudo make install
sudoldconfig /usr/local/lib

ဆိုတဲ့ command တွေနဲ့ ထည့်သွင်းပေးရပါမယ်။ ပြီးရင် Terminal မှာ display ဆိုတဲ့ command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားပါ လိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ ImageMagick ဆော့ဖ်ဝဲကို ထည့်သွင်းတဲ့ အဆင့်ပြီးဆုံးပြီ ဖြစ်ပါတယ်။