September 20, 2018

IFA 2018 မွာ Axon 9 ကို မိတ္ဆက္ဖြယ္ရိွတဲ့ ZTE

[Zawgyi]

ZTE အေနနဲ႔ ဂ်ာမနီႏိုင္ငံ၊ ဘာလင္ၿမိဳ႕မွာ က်င္းပမယ့္ IFA 2018 မွာ ပါဝင္ျပသသြားမယ့္အေၾကာင္းကို ၾသဂုတ္ ၁၆ ရက္က ကုမၸဏီရဲ႕ Twitter account တစ္ခုကေန ပိုစတာတစ္ခုနဲ႔အတူ ထုတ္ျပန္ခဲ့ပါတယ္။

အဲ့ဒီပိုစတာမွာ 5G အေၾကာင္းကို အရိပ္အျမြက္ျပသထားသလို ဖုန္းပံုစံတစ္ခုကို ျပသထားပါတယ္။ဒါ့အျပင္ ZTE ရဲ႕ ဖိတ္စာကို ရရိွသူေတြက ဖိတ္စာမွာ 9 ဆိုတဲ့ စာလံုးတစ္ခုကို ျပသထားတာေၾကာင့္ ကုမၸဏီအေနနဲ႔ IFA 2018 မွာ Axon 9 ကို မိတ္ဆက္ေၾကညာသြားမယ္လို႔ ယူဆရပါတယ္။Axon 9 ရဲ႕အေၾကာင္းကို ကုမၸဏီရဲ႕ စီအီးအိုက ၂၀၁၆ မွာ ထြက္ရိွခဲ့တဲ့ Axon 7 ေနရာဆက္ခံမယ့္ ထုတ္ကုန္အျဖစ္ ဒီႏွစ္အေစာပိုင္းမွာ အတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ 18:9 aspect ratio display နဲ႔ ေက်ာဘက္ကင္မရာႏွစ္ခုပါဝင္တဲ့ ထုတ္ကုန္ရဲ႕ ဓာတ္ပံုေတြလည္း ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။

Axon 9 ရဲ႕ display အရြယ္အစားက ၆ လက္မ QHD+ panel ျဖစ္ဟန္ရိွၿပီး Snapdragon 845 chipset ကို အသံုးျပဳထားတယ္လို႔ ဆိုပါတယ္။ RAM က 4GB/6GB ျဖစ္ၿပီး storage ကိုေတာ့ 64GB ကေန အျမင့္ဆံုး 256GB အထိ ရရိွႏိုင္မယ္လို႔ သိရပါတယ္။

Ref: GizmoChina

[Unicode]

ZTE အနေနဲ့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပမယ့် IFA 2018 မှာ ပါဝင်ပြသသွားမယ့်အကြောင်းကို သြဂုတ် ၁၆ ရက်က ကုမ္ပဏီရဲ့ Twitter account တစ်ခုကနေ ပိုစတာတစ်ခုနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီပိုစတာမှာ 5G အကြောင်းကို အရိပ်အမြွက်ပြသထားသလို ဖုန်းပုံစံတစ်ခုကို ပြသထားပါတယ်။ဒါ့အပြင် ZTE ရဲ့ ဖိတ်စာကို ရရှိသူတွေက ဖိတ်စာမှာ 9 ဆိုတဲ့ စာလုံးတစ်ခုကို ပြသထားတာကြောင့် ကုမ္ပဏီအနေနဲ့ IFA 2018 မှာ Axon 9 ကို မိတ်ဆက်ကြေညာသွားမယ်လို့ ယူဆရပါတယ်။Axon 9 ရဲ့အကြောင်းကို ကုမ္ပဏီရဲ့ စီအီးအိုက ၂၀၁၆ မှာ ထွက်ရှိခဲ့တဲ့ Axon 7 နေရာဆက်ခံမယ့် ထုတ်ကုန်အဖြစ် ဒီနှစ်အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် 18:9 aspect ratio display နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ ထုတ်ကုန်ရဲ့ ဓာတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။

Axon 9 ရဲ့ display အရွယ်အစားက ၆ လက်မ QHD+ panel ဖြစ်ဟန်ရှိပြီး Snapdragon 845 chipset ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ RAM က 4GB/6GB ဖြစ်ပြီး storage ကိုတော့ 64GB ကနေ အမြင့်ဆုံး 256GB အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။

Ref: GizmoChina