IFA 2017 ပြပွဲတွင် ဘေးဘောင်မဲ့ဖုန်းတစ်မျိုးကို Sony မိတ်ဆက်ဖွယ်ရှိ

Sony အနေနဲ့ IFA 2017 ပြပွဲမှာ ဘေးဘောင်မဲ့ စမတ်ဖုန်းကို မိတ်ဆက်ဖို့ရှိတယ်လို့ သိရပါတယ်။

Sony, Toshiba နဲ့ Hitachi တို့ပါဝင်တဲ့ JDI display ကုမ္ပဏီက QHD display များစွာ ထုတ်လုပ်ဖို့ရှိတယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် Sony ရဲ့မိုဘိုင်းထုတ်ကုန်မှာ 18:9 QHD display တွေစတင်ပါဝင်လာဖွယ်ရှိပါတယ်။

အဲဒီ display ထည့်သွင်းဖို့ Sony အနေနဲ့ ဖုန်းတွေမှာ ဘေးဘောင်ကို စွန့်လွှတ်ရမှာပါ။ စက်တင်ဘာလ အစောပိုင်းမှာ ကျင်းပမယ့် IFA ပွဲအတွက် ထုတ်ကုန် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ IFA 2017 ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၃၁ ရက်မှာ ကျင်းပမယ်လို့ Sony က ထုတ်ပြန်ထားပါတယ်။

Sony ရဲ့ဘေးဘောင်မဲ့ဖုန်းမှာ 18:9 မျက်နှာပြင်အချိုးအစား ၆ လက်မအရွယ် LCD panel ပါဝင်မယ်လို့ Weibo က ဖော်ပြထားတဲ့ ကောလာဟလသတင်းအရ သိရပါတယ်။ LG G6 နဲ့ Galaxy S8 မှာလည်း 18:9 မျက်နှာပြင် ပါဝင်ပါတယ်။

စိုးထက်
Ref: AndroidAuthority