Iconoclasts

[ Zawgyi ]

ဒီေန႔ေခတ္ ဂိမ္းေလာကမွာ ႐ုပ္ထြက္ေကာင္းေကာင္းနဲ႔ အနည္းဆံုး 3D ဂိမ္းေတြကအစလူ ႀကိဳက္မ်ားေနတယ္ ဆိုေပမယ့္ 2D ေခတ္ေဟာင္းပံုစံ ဂိမ္းေတြကိုလည္း ေလွ်ာ့တြက္လုိ႔မရပါဘူး။ အထူးသျဖင့္ အႏုစိတ္ပံုစံနဲ႔ ကစားရခက္လုိ႔ ႐ုပ္ထြက္႐ိုးေပမယ့္ 2D ဂိမ္းေတြက စိန္ေခၚမႈ မ်ားၾကပါတယ္။ အခုလည္း 2D ဂိ္မ္းသစ္ေလးတစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ Iconoclasts ဆိုတဲ့ အမည္ဆန္းဆန္းနဲ႔ ဂိမ္းေလးပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီကတည္းက Wins အတြက္ေရာ macOS နဲ႔ Linux ေတြ အပါအဝင္ PS4 နဲ႔ PS
Vita ေတြအတြက္ပါ ထြက္ရွိထားၿပီး သူ႔ရဲ႕ ေအာင္ျမင္မႈက အခုလဆန္းမွာ Nintendo Switch အတြက္ပါ ထပ္ထြက္လာလို႔ စိတ္၀င္စားစရာပါ။ 2D ဂိမ္းျဖစ္ေနပါလ်က္နဲ႔ ဘာေၾကာင့္ အခုေလာက္ Platform စံုနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးေနသလို ကစားသူ မ်ားေနရတာပါလဲ။

ဇာတ္လမ္းသြားပံုစံကေတာ့ အျခား 2D ဂိမ္းေတြနဲ႔ သိပ္မကြာပါဘူး။ ဒါေပမဲ့ တုိက္ခိုက္ေရးဂိမ္း ဦးစားေပးပံုစံ ဖန္တီးထားၿပီး ေပါက္ကြဲခန္းေတြ ပါဝင္လာမႈက မိမိရဲ႕ဇာတ္ေကာင္ကို မေသေအာင္ အာ႐ံုစိုက္ကစားရမယ္၊ Effect ေတြ အားေကာင္းလာတယ္၊ ရန္သူကို ေသနတ္နဲ႔အျပင္ ထု႐ိုက္စရာ လက္နက္နဲ႔ပါ အႏုိင္ရေအာင္ တိုက္ခိုက္ႏုိင္ရမယ္၊ ၿပီးေတာ့ ဇာတ္လမ္းသြား တစ္ေလွ်ာက္ ပေဟဠိ ေျဖရွင္းခန္းေတြပါ ပါဝင္လာလုိ႔ အာ႐ံုစားရမယ့္ အခန္းေတြ ရွိလာတယ္၊ လုိရာပန္းတိုင္ကို ေရာက္႐ံုနဲ႔ အဆင့္တစ္ဆင့္ ေအာင္မွာမဟုတ္ဘဲ အဆိုပါအခန္းတြင္း လုပ္ေဆာင္ရမယ့္ တာဝန္တုိင္းၿပီးေျမာက္မွ တစ္ဆင့္ေအာင္မွာျဖစ္လုိ႔ အခန္းတစ္ခန္းခ်င္းစီက ရန္သူကို မျဖစ္ျဖစ္ေအာင္ ႏုိင္ေအာင္ တိုက္ခိုက္ၿပီးမွ ေနာက္တစ္ဆင့္ ေရာက္မယ္လုိ႔ ဆိုရပါလိမ့္မယ္။

အဆံုးမဲ့ ဇာတ္လမ္းသြား မဟုတ္ေပမယ့္ အခန္းဖြဲ႕ ဖန္တီးထားမႈကမ်ားလုိ႔ အခ်္ိန္ေပးၿပီး ကစားရပါလိမ့္မယ္။ အဓိက ရန္သူ ၂၀ ေက်ာ္ထိေအာင္ ထည့္သြင္းဖန္တီးထားလို႔ ပံုစံမတူတဲ့ ရန္သူေပါင္းမ်ားစြာကို ရင္ဆုိင္ရပါလိမ့္မယ္။ အခန္းဖြဲ႕စည္းပံု၊ ဇာတ္လမ္းသြား၊ ရန္သူ၊ အင္အား၊ စြမ္းေဆာင္ရည္ေတြအားလံုး တစ္ခန္းနဲ႔ တစ္ခန္း လံုးဝမတူေအာင္ ဖန္တီးထားလို႔ စိတ္ဝင္စားစရာ ေကာင္းပါတယ္။ ဇာတ္ေကာင္ကလည္း သူ႔ကိုယ္သူ အဆင့္ျမႇင့္ႏုိင္ဖို႔အတြက္ ဇာတ္လမ္းသြားတစ္ေလွ်ာက္ ျဖတ္သန္းကစားရင္းရလာတဲ့ စိန္ေတြနဲ႔ လိုအပ္တဲ့ Item ေတြ ဝယ္စုဖုိ႔ လိုပါတယ္။

ဇာတ္ေကာင္အေနနဲ႔ အဓိက အသံုးျပဳ တိုက္ခိုက္ႏုိင္မယ့္ လက္နက္ႏွစ္ခုကေတာ့ လက္လွည့္ခြနဲ႔ ေသနတ္တို တစ္လက္ပါ။ လက္နက္ ႏွစ္ခုလံုးက Item ျမင့္လာတာနဲ႔အမွ် အသံုးျပဳႏုိင္မႈ စြမ္းရည္ တက္လာၿပီး ရန္သူကို တိုက္ခုိက္မႈမွာ ထိေရာက္မႈ ပိုေကာင္းလာပါတယ္။ ေဖာက္ခြဲမႈအတြက္ ဗံုးေတြလည္း ေထာင္ႏုိင္ၿပီး မိမိလည္း လြတ္ေအာင္ လိုအပ္သလို ေပါက္ကြဲေအာင္ လည္း ေထာင္တတ္ရပါ လိမ့္မယ္။ ကစားသူက Robin ဆိုတဲ့ အဓိက ဇာတ္ေကာင္ေနရာမွာ ဝင္ကစားရမွာျဖစ္ၿပီး ဇာတ္လမ္းသြားအတြင္းမွာ Mina, Royalနဲ႔ Elro တို႔လို႔ ပူးေပါင္ ဇာတ္ေကာင္ေတြလည္း ေပၚလာပါလိမ့္မယ္။ သူတိ႔ုနဲ႔ ဆိုရင္ေတာ့သင့္အတြက္ အကူရလို႔ ပိုမို လြယ္ကူတဲ့ ေအာင္ျမင္မႈကို ရမွာေပါ့ေလ။ Iconoclasts မွာ ႐ုပ္ထြက္ကိုၾကည့္ၿပီး ေခတ္ေဟာင္း ဂိမ္းလို႔ ထင္လိုက္ရင္ေတာ့ သင္မွားသြားပါလိမ့္မယ္။ ႐ုပ္ထြက္ ႐ိုးေပမယ့္ စိန္ေခၚမႈ အားေကာင္းတဲ့ လူႀကီးေရာ လူငယ္ပါ ကစားလို႔ ေကာင္းမယ့္ ဂိမ္းသစ္ပါပဲ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

ဒီနေ့ခေတ် ဂိမ်းလောကမှာ ရုပ်ထွက်ကောင်းကောင်းနဲ့ အနည်းဆုံး 3D ဂိမ်းတွေကအစလူ ကြိုက်များနေတယ် ဆိုပေမယ့် 2D ခေတ်ဟောင်းပုံစံ ဂိမ်းတွေကိုလည်း လျှော့တွက်လို့မရပါဘူး။ အထူးသဖြင့် အနုစိတ်ပုံစံနဲ့ ကစားရခက်လို့ ရုပ်ထွက်ရိုးပေမယ့် 2D ဂိမ်းတွေက စိန်ခါ်မှေု များကြပါတယ်။ အခုလည်း 2D ဂိ်မ်းသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Iconoclasts ဆိုတဲ့ အမည်ဆန်းဆန်းနဲ့ ဂိမ်းလေးပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက Wins အတွက်ရော macOS နဲ့ Linux တွေ အပါအဝင် PS4 နဲ့ PS
Vita တွေအတွက်ပါ ထွက်ရှိထားပြီး သူ့ရဲ့ အောင်မြင်မှုက အခုလဆန်းမှာ Nintendo Switch အတွက်ပါ ထပ်ထွက်လာလို့ စိတ်ဝင်စားစရာပါ။ 2D ဂိမ်းဖြစ်နေပါလျက်နဲ့ ဘာကြောင့် အခုလောက် Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးနေသလို ကစားသူ များနေရတာပါလဲ။

ဇာတ်လမ်းသွားပုံစံကတော့ အခြား 2D ဂိမ်းတွေနဲ့ သိပ်မကွာပါဘူး။ ဒါပေမဲ့ တိုက်ခိုက်ရေးဂိမ်း ဦးစားပေးပုံစံ ဖန်တီးထားပြီး ပေါက်ကွဲခန်းတွေ ပါဝင်လာမှုက မိမိရဲ့ဇာတ်ကောင်ကို မသေအောင် အာရုံစိုက်ကစားရမယ်၊ Effect တွေ အားကောင်းလာတယ်၊ ရန်သူကို သေနတ်နဲ့အပြင် ထုရိုက်စရာ လက်နက်နဲ့ပါ အနိုင်ရအောင် တိုက်ခိုက်နိုင်ရမယ်၊ ပြီးတော့ ဇာတ်လမ်းသွား တစ်လျှောက် ပဟေဠိ ဖြေရှင်းခန်းတွေပါ ပါဝင်လာလို့ အာရုံစားရမယ့် အခန်းတွေ ရှိလာတယ်၊ လိုရာပန်းတိုင်ကို ရောက်ရုံနဲ့ အဆင့်တစ်ဆင့် အောင်မှာမဟုတ်ဘဲ အဆိုပါအခန်းတွင်း လုပ်ဆောင်ရမယ့် တာဝန်တိုင်းပြီးမြောက်မှ တစ်ဆင့်အောင်မှာဖြစ်လို့ အခန်းတစ်ခန်းချင်းစီက ရန်သူကို မဖြစ်ဖြစ်အောင် နိုင်အောင် တိုက်ခိုက်ပြီးမှ နောက်တစ်ဆင့် ရောက်မယ်လို့ ဆိုရပါလိမ့်မယ်။

အဆုံးမဲ့ ဇာတ်လမ်းသွား မဟုတ်ပေမယ့် အခန်းဖွဲ့ ဖန်တီးထားမှုကများလို့ အချ်ိန်ပေးပြီး ကစားရပါလိမ့်မယ်။ အဓိက ရန်သူ ၂၀ ကျော်ထိအောင် ထည့်သွင်းဖန်တီးထားလို့ ပုံစံမတူတဲ့ ရန်သူပေါင်းများစွာကို ရင်ဆိုင်ရပါလိမ့်မယ်။ အခန်းဖွဲ့စည်းပုံ၊ ဇာတ်လမ်းသွား၊ ရန်သူ၊ အင်အား၊ စွမ်းဆောင်ရည်တွေအားလုံး တစ်ခန်းနဲ့ တစ်ခန်း လုံးဝမတူအောင် ဖန်တီးထားလို့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဇာတ်ကောင်ကလည်း သူ့ကိုယ်သူ အဆင့်မြှင့်နိုင်ဖို့အတွက် ဇာတ်လမ်းသွားတစ်လျှောက် ဖြတ်သန်းကစားရင်းရလာတဲ့ စိန်တွေနဲ့ လိုအပ်တဲ့ Item တွေ ဝယ်စုဖို့ လိုပါတယ်။

ဇာတ်ကောင်အနေနဲ့ အဓိက အသုံးပြု တိုက်ခိုက်နိုင်မယ့် လက်နက်နှစ်ခုကတော့ လက်လှည့်ခွနဲ့ သေနတ်တို တစ်လက်ပါ။ လက်နက် နှစ်ခုလုံးက Item မြင့်လာတာနဲ့အမျှ အသုံးပြုနိုင်မှု စွမ်းရည် တက်လာပြီး ရန်သူကို တိုက်ခိုက်မှုမှာ ထိရောက်မှု ပိုကောင်းလာပါတယ်။ ဖောက်ခွဲမှုအတွက် ဗုံးတွေလည်း ထောင်နိုင်ပြီး မိမိလည်း လွတ်အောင် လိုအပ်သလို ပေါက်ကွဲအောင် လည်း ထောင်တတ်ရပါ လိမ့်မယ်။ ကစားသူက Robin ဆိုတဲ့ အဓိက ဇာတ်ကောင်နေရာမှာ ဝင်ကစားရမှာဖြစ်ပြီး ဇာတ်လမ်းသွားအတွင်းမှာ Mina, Royalနဲ့ Elro တို့လို့ ပူးပေါင် ဇာတ်ကောင်တွေလည်း ပေါ်လာပါလိမ့်မယ်။ သူတို့နဲ့ ဆိုရင်တော့သင့်အတွက် အကူရလို့ ပိုမို လွယ်ကူတဲ့ အောင်မြင်မှုကို ရမှာပေါ့လေ။ Iconoclasts မှာ ရုပ်ထွက်ကိုကြည့်ပြီး ခေတ်ဟောင်း ဂိမ်းလို့ ထင်လိုက်ရင်တော့ သင်မှားသွားပါလိမ့်မယ်။ ရုပ်ထွက် ရိုးပေမယ့် စိန်ခေါ်မှု အားကောင်းတဲ့ လူကြီးရော လူငယ်ပါ ကစားလို့ ကောင်းမယ့် ဂိမ်းသစ်ပါပဲ။