Hydrogen ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

Hydrogen ဆိုတာကေတာ့ Ubuntu OS မွာ ထည့္သြင္း အသံုးျပဳႏိုင္မယ့္ drum machine and pattern base ေဆာ့ဖ္ဝဲတစ္ခုပဲ ျဖစ္ပါတယ္။ သံစဥ္ေတြကို ထည့္သြင္းတည္းခတ္ႏိုင္ဖို႔အတြက္ စီစဥ္ေပးထားတဲ့ ေဆာဖ့္ဝဲတစ္ခုလည္း ျဖစ္ပါတယ္။

Ubuntu OS မွာ Hydrogen ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို  အရင္ Update ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

Hydrogen ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္  ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြ ကေတာ့ –

sudo add-apt-repository ppa:kxstudio-team/hydrogen

sudo apt-get update

sudo apt install hydrogen

ဆိုတဲ့ command ေတြကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ ရာ package ေတြကို download လုပ္ယူၿပီး တစ္ခါတည္း ထည့္သြင္း ေပးသြားပါလိမ့္မယ္။ ဒါဆိုရင္ Ubuntu OS မွာ Hydrogen ေဆာ့ဖ္ဝဲကို ထည့္သြင္းတဲ့အဆင့္ ၿပီးဆံုးၿပီျဖစ္ပါတယ္။

-သီဟ

[ Unicode ]

Hydrogen ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် drum machine and pattern base ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ သံစဉ်တွေကို ထည့်သွင်းတည်းခတ်နိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ ဆောဖ့်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။

Ubuntu OS မှာ Hydrogen ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Hydrogen ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:kxstudio-team/hydrogen

sudo apt-get update

sudo apt install hydrogen

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင် ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်း ပေးသွားပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ Hydrogen ဆော့ဖ်ဝဲကို ထည့်သွင်းတဲ့အဆင့် ပြီးဆုံးပြီဖြစ်ပါတယ်။