စက္နာရီလက္တံေတြ ပါဝင္တဲ့ LG ရဲ႕ ပထမဆုံး hybrid စမတ္နာရီ Watch W7

[ Zawgyi ]

LG ဟာ V40 ThinQ နဲ႔အတူ ေနာက္ဆုံးေပၚ စမတ္နာရီကုိလည္း မိတ္ဆက္ခဲ့ပါတယ္။ LG ရဲ႕ Watch W7 ဟာ hybrid ဒီဇိုင္းအသုံးျပဳထားတဲ့ ကုမၸဏီရဲ႕ အထူးျခားဆုံး စမတ္နာရီလည္း ျဖစ္ပါတယ္။ W7 စမတ္နာရီမွာ စက္လက္တံေတြပါဝင္သလို Wear OS အသုံးျပဳထားတဲ့ ၁.၂ လက္မအရြယ္ touch display ကုိလည္း အသုံးျပဳထားပါတယ္။ W7 စမတ္နာရီကုိ ေအာက္တုိဘာလ ၁၄ ရက္မွာ စတင္ေရာင္းခ်မွာျဖစ္ၿပီး ႀကိဳတင္မွာယူမႈေတြကုိ ေအာက္တိုဘာလ ၇ ရက္မွာ စတင္ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

W7 စမတ္နာရီရဲ႕ ဒိုင္ခြက္ဟာ ႀကီးမားတဲ့အတြက္ လက္ေကာက္ဝတ္ေသးငယ္တဲ့သူေတြအတြက္ အဆင္ေျပမွာ မဟုတ္ပါဘူး။ စမတ္နာရီမွာ ပါဝင္တဲ့ စက္နာရီလက္တံေတြဟာ wheelhouse အျပင္ဘက္ကုိ အနည္းငယ္ထြက္ေနပါတယ္။ LG အေနနဲ႔ နာရီရဲ႕ စက္ပုိင္းဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြနဲ႔ လႈပ္ရွားမႈေတြကုိ ဒီဇိုင္းဆြဲဖို႔ Soprod အမည္ရ ကုမၸဏီနဲ႔ လက္တြဲလုပ္ကုိင္ခဲ့ပါတယ္။ “အခ်ိန္ကုိ မွန္ကန္ေအာင္ ထိန္းသိမ္းဖို႔အျပင္ စက္နာရီလက္တံေတြက altimerter, barometer, stopwatch, timer နဲ႔ compass direction ေတြလိုမ်ိဳး သတင္းအခ်က္အလက္ေတြကုိ ေဖာ္ျပေပးႏိုင္ပါတယ္” လို႔ LG က ေျပာပါတယ္။

စမတ္နာရီျဖစ္တဲ့ Watch W7 ကုိ၂ ရက္အထိ အသုံးျပဳႏိုင္ပါတယ္။ စက္နာရီလက္တံေတြကေတာ့ screen ကုိ ပိတ္လိုက္ၿပီး watch-only mode နဲ႔ဆို အားတစ္ခါသြင္းထားရင္ ရက္ ၁၀၀ အထိ လည္ပတ္ပါတယ္။ W7 ရဲ႕ ညာဘက္ေဘးမွာ ဘုတစ္ခုနဲ႔ ခလုတ္၂ ခု ပါဝင္လာပါတယ္။ W7 မွာပါဝင္တဲ့ ႀကိဳးေတြကုိ အလြယ္တကူ လဲလွယ္ႏိုင္ေအာင္ ပုံမွန္ ၂၂ မီလီမီတာ နာရီႀကိဳးေတြ အသုံးျပဳထားပါတယ္။

W7 မွာ ႏွလုံးခုန္ႏႈန္းကုိ တုိင္းတာတဲ့ sensor မပါဝင္သလို GPS ဒါမွမဟုတ္ LTE ခ်ိတ္ဆက္မႈလည္း မပါဝင္ပါဘူး။ W7 ဟာ သမား႐ိုးက် နာရီပုံစံနဲ႔ တိုးခ်ဲ႕ထားတဲ့ လုပ္ေဆာင္ခ်က္ေတြပါဝင္တဲ့ Wear OS ထုတ္ကုန္ မဟုတ္ပါဘူး။ W7 မွာလည္း NFC မပါဝင္တဲ့အတြက္ Google Pay အသုံးမျပဳႏိုင္ပါဘူး။ LG အေနနဲ႔ W7 ကို ေဒၚလာ ၄၅၀ နဲ႔ေရာင္းခ်တဲ့အတြက္ feature အမ်ားစုကုိ မထည့္သြင္းခ့ဲတာ ျဖစ္ႏိုင္ပါတယ္။ စမတ္နာရီရဲ႕ မ်က္ႏွာျပင္ကလည္း sapphire မဟုတ္ဘူးလို႔ သိရပါတယ္။

LG ဟာ Watch W7 မွာ Snapdragon Wear 2100 chipset အေဟာင္းကုိပဲ အသုံးျပဳထားပါတယ္။ W7 ဟာ hybrid ဒီဇိုင္းအသုံးျပဳထားၿပီး သမား႐ိုးက် နာရီဆိုတဲ့ ရသကုိ ရရွိေစမွာ ျဖစ္သလို စတီးကိုယ္ထည္ကုိ အသုံးျပဳထားပါေသးတယ္။ W7 မွာပါဝင္တဲ့ Wear OS ဟာ ႐ိုးရွင္းလြယ္ကူၿပီး အလိုအေလ်ာက္သိႏိုင္တဲ့ software အေတြ႕အၾကဳံရရွိေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

LG ဟာ V40 ThinQ နဲ့အတူ နောက်ဆုံးပေါ် စမတ်နာရီကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ LG ရဲ့ Watch W7 ဟာ hybrid ဒီဇိုင်းအသုံးပြုထားတဲ့ ကုမ္ပဏီရဲ့ အထူးခြားဆုံး စမတ်နာရီလည်း ဖြစ်ပါတယ်။ W7 စမတ်နာရီမှာ စက်လက်တံတွေပါဝင်သလို Wear OS အသုံးပြုထားတဲ့ ၁.၂ လက်မအရွယ် touch display ကိုလည်း အသုံးပြုထားပါတယ်။ W7 စမတ်နာရီကို အောက်တိုဘာလ ၁၄ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး ကြိုတင်မှာယူမှုတွေကို အောက်တိုဘာလ ရ ရက်မှာ စတင်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

W7 စမတ်နာရီရဲ့ ဒိုင်ခွက်ဟာ ကြီးမားတဲ့အတွက် လက်ကောက်ဝတ်သေးငယ်တဲ့သူတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ စမတ်နာရီမှာ ပါဝင်တဲ့ စက်နာရီလက်တံတွေဟာ wheelhouse အပြင်ဘက်ကို အနည်းငယ်ထွက်နေပါတယ်။ LG အနေနဲ့ နာရီရဲ့ စက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ လှုပ်ရှားမှုတွေကို ဒီဇိုင်းဆွဲဖို့ Soprod အမည်ရ ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ “အချိန်ကို မှန်ကန်အောင် ထိန်းသိမ်းဖို့အပြင် စက်နာရီလက်တံတွေက altimerter, barometer, stopwatch, timer နဲ့ compass direction တွေလိုမျိုး သတင်းအချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်” လို့ LG က ပြောပါတယ်။

စမတ်နာရီဖြစ်တဲ့ Watch W7 ကို၂ ရက်အထိ အသုံးပြုနိုင်ပါတယ်။ စက်နာရီလက်တံတွေကတော့ screen ကို ပိတ်လိုက်ပြီး watch-only mode နဲ့ဆို အားတစ်ခါသွင်းထားရင် ရက် ၁၀၀ အထိ လည်ပတ်ပါတယ်။ W7 ရဲ့ ညာဘက်ဘေးမှာ ဘုတစ်ခုနဲ့ ခလုတ်၂ ခု ပါဝင်လာပါတယ်။ W7 မှာပါဝင်တဲ့ ကြိုးတွေကို အလွယ်တကူ လဲလှယ်နိုင်အောင် ပုံမှန် ၂၂ မီလီမီတာ နာရီကြိုးတွေ အသုံးပြုထားပါတယ်။

W7 မှာ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ sensor မပါဝင်သလို GPS ဒါမှမဟုတ် LTE ချိတ်ဆက်မှုလည်း မပါဝင်ပါဘူး။ W7 ဟာ သမားရိုးကျ နာရီပုံစံနဲ့ တိုးချဲ့ထားတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ Wear OS ထုတ်ကုန် မဟုတ်ပါဘူး။ W7 မှာလည်း NFC မပါဝင်တဲ့အတွက် Google Pay အသုံးမပြုနိုင်ပါဘူး။ LG အနေနဲ့ W7 ကို ဒေါ်လာ ၄၅၀ နဲ့ရောင်းချတဲ့အတွက် feature အများစုကို မထည့်သွင်းခဲ့တာ ဖြစ်နိုင်ပါတယ်။ စမတ်နာရီရဲ့ မျက်နှာပြင်ကလည်း sapphire မဟုတ်ဘူးလို့ သိရပါတယ်။

LG ဟာ Watch W7 မှာ Snapdragon Wear 2100 chipset အဟောင်းကိုပဲ အသုံးပြုထားပါတယ်။ W7 ဟာ hybrid ဒီဇိုင်းအသုံးပြုထားပြီး သမားရိုးကျ နာရီဆိုတဲ့ ရသကို ရရှိစေမှာ ဖြစ်သလို စတီးကိုယ်ထည်ကို အသုံးပြုထားပါသေးတယ်။ W7 မှာပါဝင်တဲ့ Wear OS ဟာ ရိုးရှင်းလွယ်ကူပြီး အလိုအလျောက်သိနိုင်တဲ့ software အတွေ့အကြုံရရှိအောင် ဒီဇိုင်းထုတ်ထားပါတယ်။

စိုးထက်
Ref: TheVerge