[ Zawgyi ]
-သန္တာ
[ Unicode ]
ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ Myanmar-India Entrepreneurship Development Center တို့မှ ဖွင့်လှစ်တဲ့ Human Resource Management Course for Entrepreneurs သင်တန်းဖွင့်လှစ်မယ်လို့ သိရပါတယ်။
သင်တန်းမှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၂၂ ရက်ထိ (ရုံးဖွင့်ရက် ညနေပိုင်း ၈ ရက်သင်တန်း) တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကြေးကတော့ ၄၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက ရန်ကုန်စီးပွားရေးတက္ကသိုလ်က တိုက်ရိုက်ပေးအပ်တဲ့ သင်တန်းဆင်းလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ဖုန်း – ၀၁-၆၆၄၆၈၄၊ ၀၉-၉၆၃၃၅၉၄၅၉ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။