August 19, 2018

Huawei P20 ေမာ္ဒယ္ေတြရဲ႕ အခ်က္အလက္နဲ႔ ဓာတ္ပံုမ်ား ထြက္ေပၚလာ

[ Zawgyi ]

လူတိုင္းေစာင့္ေမွ်ာ္ေနၾကတဲ့ Huawei ရဲ႕ ေနာက္ဆံုးေပၚ flagship စမတ္ဖုန္းျဖစ္တဲ့ P20 ကို မတ္လ ၂၇ ရက္မွာ P20 Lite, P20 Pro တို႔နဲ႔အတူ မိတ္ဆက္ေၾကညာသြားမွာျဖစ္ပါတယ္။

မတ္လ ၁၃ ရက္၊ ဒီေန႔မွာေတာ့ Roland Quandt ကေန ထြက္ေပၚလာတဲ့သတင္းမွာ Huawei P20 ေမာ္ဒယ္ေတြရဲ႕ ဓာတ္ပံုေတြနဲ႔ အေရာင္ေတြအျပင္ အခ်က္အလက္ေတြကိုပါ ေဖာ္ျပထားပါတယ္။

ေပါက္ၾကားထြက္ေပၚလာတဲ့ ဓာတ္ပံုသစ္ေတြအရ P20 ကို black, blue နဲ႔ pink-gold စတဲ့အေရာင္ေတြနဲ႔ ရရိွႏိုင္မယ္လို႔ သိရပါတယ္။ P20 Pro ကိုေတာ့ black, blue နဲ႔ twilight အေရာင္ေတြနဲ႔ ရရိွႏိုင္ၿပီး P20 Lite ရဲ႕ အေရာင္ေတြကေတာ့ black, blue, pink တို႔ ျဖစ္ပါတယ္။

Huawei P20: black, blue, and pink-gold

Huawei P20 Pro: black, blue, and “Twilight”

Huawei P20 Lite: black, blue, and gold

P20 နဲ႔ P20 Pro တို႔ရဲ႕ hardware ဒီဇိုင္းေတြက ကြဲျပားျခားနားၿပီး ေက်ာဘက္ကို သတၱဳကိုယ္ထည္နဲ႔ ဖန္တီးထားပါတယ္။ P20 Lite ကေတာ့ Huawei ရဲ႕ super-reflective glass သံုးထားတဲ့ တစ္ခုတည္းေသာ ေမာ္ဒယ္ျဖစ္ပါတယ္။ ဒါ့အျပင္ P20 Lite မွာ Leica တံဆိပ္နဲ႔ dual camera စနစ္မပါဝင္ပါဘူး။

လက္ရိွမွာ စိတ္ဝင္စားစရာအေကာင္းဆံုး အေရာင္က Twilight ျဖစ္ပါတယ္။ Twilight ဟာ အစိမ္း၊ အျပာနဲ႔ ခရမ္းေရာင္ေတြကို အေရာင္တစ္ခုတည္းျဖစ္ေအာင္ ေရာစပ္ထားတာ ျဖစ္ပါတယ္။

ဆက္လက္ၿပီး P20 မွာ 3,400mAh ဘက္ထရီပါဝင္တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ P20 Pro မွာေတာ့ အရြယ္ပိုႀကီးတဲ့ 4,000mAh ဘက္ထရီပါဝင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ P20 မွာ microSD slot နဲ႔ နားၾကပ္ေပါက္လည္း မပါဝင္ဘူးလို႔ သိရပါတယ္။

ကင္မရာပိုင္းအေနနဲ႔ P20 Pro မွာ 3x hybrid zoom နဲ႔႐ိုက္ႏိုင္မယ့္ telephoto lens တစ္ခုပါဝင္မွာျဖစ္ပါတယ္။ P20 နဲ႔ P20 Pro မွာေတာ့ dual camera ေတြနဲ႔ f/1.6, f/2.4 aperture ေတြပါဝင္လာမယ္လို႔ ဆိုပါတယ္။

တန္ဖိုးကေတာ့ P20 Lite အတြက္ ယူ႐ို ၃၇၀၊ P20 အတြက္ ယူ႐ို ၆၈၀ နဲ႔ P20 Pro အတြက္ ယူ႐ို ၉၀၀ ျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

===============

[ Unicode ]

Huawei P20 မော်ဒယ်တွေရဲ့ အချက်အလက်နဲ့ ဓာတ်ပုံများ ထွက်ပေါ်လာ

===============

လူတိုင်းစောင့်မျှော်နေကြတဲ့ Huawei ရဲ့ နောက်ဆုံးပေါ် flagship စမတ်ဖုန်းဖြစ်တဲ့ P20 ကို မတ်လ ၂၇ ရက်မှာ P20 Lite, P20 Pro တို့နဲ့အတူ မိတ်ဆက်ကြေညာသွားမှာဖြစ်ပါတယ်။

မတ်လ ၁၃ ရက်၊ ဒီနေ့မှာတော့ Roland Quandt ကနေ ထွက်ပေါ်လာတဲ့သတင်းမှာ Huawei P20 မော်ဒယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ အရောင်တွေအပြင် အချက်အလက်တွေကိုပါ ဖော်ပြထားပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံသစ်တွေအရ P20 ကို black, blue နဲ့ pink-gold စတဲ့အရောင်တွေနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။ P20 Pro ကိုတော့ black, blue နဲ့ twilight အရောင်တွေနဲ့ ရရှိနိုင်ပြီး P20 Lite ရဲ့ အရောင်တွေကတော့ black, blue, pink တို့ ဖြစ်ပါတယ်။

Huawei P20: black, blue, and pink-gold

Huawei P20 Pro: black, blue, and “Twilight”

Huawei P20 Lite: black, blue, and gold

P20 နဲ့ P20 Pro တို့ရဲ့ hardware ဒီဇိုင်းတွေက ကွဲပြားခြားနားပြီး ကျောဘက်ကို သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားပါတယ်။ P20 Lite ကတော့ Huawei ရဲ့ super-reflective glass သုံးထားတဲ့ တစ်ခုတည်းသော မော်ဒယ်ဖြစ်ပါတယ်။ ဒါ့အပြင် P20 Lite မှာ Leica တံဆိပ်နဲ့ dual camera စနစ်မပါဝင်ပါဘူး။

လက်ရှိမှာ စိတ်ဝင်စားစရာအကောင်းဆုံး အရောင်က Twilight ဖြစ်ပါတယ်။ Twilight ဟာ အစိမ်း၊ အပြာနဲ့ ခရမ်းရောင်တွေကို အရောင်တစ်ခုတည်းဖြစ်အောင် ရောစပ်ထားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး P20 မှာ 3,400mAh ဘက်ထရီပါဝင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ P20 Pro မှာတော့ အရွယ်ပိုကြီးတဲ့ 4,000mAh ဘက်ထရီပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် P20 မှာ microSD slot နဲ့ နားကြပ်ပေါက်လည်း မပါဝင်ဘူးလို့ သိရပါတယ်။

ကင်မရာပိုင်းအနေနဲ့ P20 Pro မှာ 3x hybrid zoom နဲ့ရိုက်နိုင်မယ့် telephoto lens တစ်ခုပါဝင်မှာဖြစ်ပါတယ်။ P20 နဲ့ P20 Pro မှာတော့ dual camera တွေနဲ့ f/1.6, f/2.4 aperture တွေပါဝင်လာမယ်လို့ ဆိုပါတယ်။

တန်ဖိုးကတော့ P20 Lite အတွက် ယူရို ၃၇၀၊ P20 အတွက် ယူရို ၆၈၀ နဲ့ P20 Pro အတွက် ယူရို ၉၀၀ ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena