Huawei Nova 4

[ Zawgyi ]

Price : 859,000 Ks

အားသာခ်က္

ဆန္းသစ္တီထြင္ထားတဲ့ punch-hole display နဲ႔ ပရီမီယံဒီဇုိင္းက အထူးပဲဆြဲေဆာင္မႈ ရွိလွပါတယ္။ ေရွ႕ဘက္ကင္မရာကို ဖုန္းရဲ႕ျမင္ကြင္းထဲမွာ ထည့္သြင္းဖန္တီးထားတာလည္း သေဘာက်စရာပါ။ ဖုန္းရဲ႕စြမ္းေဆာင္ရည္ပိုင္းကလည္း flagship-level စြမ္းေဆာင္ရည္ကို ပိုင္ဆုိင္ထားတဲ့ ဖုန္းတစ္လုံးျဖစ္ပါတယ္။ Mid-range ဖုန္းထဲမွာ ပထမဆုံး Ultra-wide angle ကင္မရာပါဝင္လာတဲ့ ဖုန္းျဖစ္သလို ေရွ႕ကင္မရာစနစ္မွာလည္း ပုံရိပ္အေျခအေန ၈ မ်ဳိးကို သိႏုိင္တဲ့ AI စနစ္ ေထာက္ပံ့ပါဝင္တာက သေဘာက်စရာပါ။

အားနည္းခ်က္

Nova 3 ထက္ ကင္မရာစနစ္ပိုင္းမွာ ပိုမိုျမင့္မားမႈရွိေပမယ့္ တစ္ျခားေသာ spec ပိုင္းျဖစ္တဲ့ CPU, GPU နဲ႔ ဘက္ထရီပိုင္းကေတာ့ ေတာ့ Nova 3 နဲ႔ သိပ္မကြာျခားလွပါဘူး။ microSD ကတ္ ထပ္မံထည့္သြင္း အသုံးျပဳႏုိင္မွာေတာ့ မဟုတ္ပါဘူး။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

ဖန္သားတစ္ထပ္ အျပည့္အုပ္ထားတဲ့ ေက်ာဘက္ကိုယ္ထည္နဲ႔ ေထာင့္စြန္းအေကြးပုံစံဒီဇုိင္းက လက္ထဲမွာ ကိုင္တြယ္ရတာ ေကာင္းမြန္လွပါတယ္။ ေဘးေဘာင္ကေတာ့ သတၱဳနဲ႔ဖန္တီးထားၿပီး လက္ေဗြလုံၿခဳံ ေရးစနစ္ကေတာ့ ဖုန္းေက်ာဘက္ အလယ္နားမွာ တပ္ဆင္ထားပါတယ္။ ပါဝါခလုတ္နဲ႔ အသံတိုးက်ယ္ ခလုတ္ေတြကိုေတာ့ ဖုန္းျမင္ကြင္းရဲ႕ ညာဘက္ေဘာင္ထဲမွာ ထည့္သြင္းထားၿပီး အေလးခ်ိန္ကေတာ့ ၁၇၂ ဂရမ္ရွိပါတယ္။

၆.၄ လက္မရွိတဲ့ မ်က္ႏွာျပင္က LTPS IPS LCD Display က 1080×2310 pixel ထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါဝင္မႈရာခုိင္ႏႈန္းကေတာ့ ၈၆ ရာခုိင္ႏႈန္းရွိၿပီး Screen ရဲ႕ aspect ratio ကေတာ့ 19.25:9 ရွိတဲ့ Full View မ်က္ႏွာျပင္ျဖစ္ပါတယ္။ ေရွ႕ ကင္မရာကို Display ထဲမွာ ထည့္သြင္းဖန္တီးတဲ့ ေဘာင္မရွိတဲ့ မ်က္ႏွာ ျပင္ဒီဇုိင္းက ထူးျခားလွပါတယ္။

စြမ္းေဆာင္ရည္

Flagship-level ဖုန္းေတြမွာ သုံးတဲ့ 10nm Hisilicon Kirin 970 AI chipset ဒီဖုန္းမွာ ျဖစ္တဲ့ Octa-core processor ကို ဒီဖုန္းမွာ အသုံးျပဳထားၿပီး RAM အေနနဲ႔ 8GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 128GB ပါဝင္ပါတယ္။ 3D ဂိမ္းအမ်ဳိးအစားေတြကို ကစားႏုိင္ဖုိ႔ Mali-G72 MP12 GPU ေထာက္ပံ့ပါဝင္ပါတယ္။ GPU turbo လုပ္ေဆာင္ခ်က္ပါဝင္ၿပီး PUBG ဂိမ္းကို ဂရပ္ဖစ္အျမင့္ဆုံးနဲ႔ ေကာင္းေကာင္းေဆာ့ကစားႏုိင္ပါတယ္။ Android 9 အေျခခံထားတဲ့ Huawei EMUI 9 က Gesture စနစ္ေတြ၊ ဖုန္းစြမ္းေဆာင္ရည္နဲ႔ ဘက္ထရီသုံးစြဲမႈေတြကို အေကာင္းဆုံးခ်ိန္ညႇိ လုပ္ေဆာင္ေပးတာကလည္း သေဘာက်စရာပါ။

ကင္မရာ

ကင္မရာစနစ္မွာ PDAF နည္းပညာနဲ႔ ဗီဒီယုိရိုက္ကူးမႈအတြက္ EIS နည္းပညာအျပင္ AI နည္းပညာေတြ ေထာက္ပံ့ပါဝင္ပါတယ္။ Apeature f/1.8 ရွိတဲ့ 20MP ကင္မရာ၊ Apeature f/2.2 ရွိတဲ့ 16MP wide ကင္မရာနဲ႔ f/2.4 ရွိတဲ့ 2MP depth ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္ၿပီး ျမင္ကြင္းက်ယ္ဓာတ္ပုံကို ၁၁၇ ဒီဂရီျမင္ကြင္းက်ယ္အေနနဲ႔ ႐ိုက္ကူးႏုိင္မွာ ျဖစ္ပါတယ္။ ေရွ႕ဘက္ 25MP ကင္မရာကေတာ့ Apeatur f/2.0 ရွိတဲ့ SONY IMX576 အမ်ဳိးအစားျဖစ္ပါတယ္။ ေရွ႕ကင္မရာစနစ္မွာ AI Beauty အင္ဂ်င္စနစ္က ေတာ္ေတာ္ေလးေကာင္းပါတယ္။

4K အရည္အေသြးဗီဒီယုိကို 30 fps ၊ 1080p ကို 60fps နဲ႔ 480fps Super Slow-mo အေႏွး႐ိုက္ခ်က္ေတြကို 1080p အရည္အေသြးနဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္ၿပီး ေရွ႕ဘက္ကင္မရာကေတာ့ 30fps ဗီဒီယုိကို 1080p နဲ႔ ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ Cute 3D Emoji ဗီဒီယုိေတြကိုလည္း ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။

ဘက္ထရီ

Li-Po 3750mAh ပမာဏ ဘက္ထရီက ၆.၄ လက္မအရြယ္အစား Display အတြက္ သင့္ေတာ္တဲ့ပမာဏျဖစ္သလို တစ္ေန႔တာအတြက္ ဂိမ္းကစားျခင္း၊ အြန္လုိင္းဗီဒီယိုၾကည့္ျခင္းနဲ႔ ဆိုရွယ္မီဒီယာ အသုံးျပဳျခင္းေတြအတြက္ လုံေလာက္မႈရွိတဲ့ ပမာဏပါ။ Type-C 2.0 အားသြင္းေခါင္းအမ်ဳိးအစားမွာ အားသြင္းျမန္ဆန္တဲ့ ၁၈ ၀ပ္ Fast Battery charging နည္းပညာေထာက္ပံ့ ပါဝင္ပါတယ္။

သံုးသပ္ခ်က္

ပရီမီယံ Mid-range ဖုန္းအမ်ဳိးအစားျဖစ္တဲ့ Nova 4 ရဲ႕ AI processor က ဖုန္းကို အေျခအေနမ်ဳိးစုံအတြက္ အေကာင္းဆုံးေထာက္ပံ့ လုပ္ေဆာင္ေပးသလို ကင္မရာကို ျမင္ကြင္းထဲမွာ ထည့္သြင္းထားတဲ့ ဆန္းသစ္တဲ့ Punch-hole Display ကလည္း ဆြဲေဆာင္မႈရွိ လွပါတယ္။ ကင္မရာပိုင္းကလည္း ေက်နပ္စရာေကာင္းသလို 8GB RAM ကလည္း App မ်ားစြာကို တစ္ၿပိင္တည္း အသုံးျပဳမႈအတြက္ ျမန္ဆန္မႈရွိလွပါတယ္။ 128 GB ပမာဏ သိုေလွာင္မႈပမာဏက လုံေလာက္တဲ့ ပမာဏျဖစ္ေပမယ့္ microSD ကတ္ထည့္သြင္း အသုံးျပဳႏိုင္ဖို႔ ကတ္ေပါက္ မပါ၀င္တာက အေရးေပၚ အခ်က္အလက္ေတြ ေရႊ႕ေျပာင္းဖို႔အတြက္ေတာ့ Cloud စနစ္ကိုသာ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ Nova 4 နဲ႔ Huawei GT စမတ္လက္ပတ္နာရီနဲ႔ တြဲလ်က္ကို ၈၅၉,ဝဝဝ က်ပ္ ေစ်းႏႈန္းက မ်ားတယ္လို႔ ထင္စရာရွိေပမယ့္ ျမင့္မားတဲ့ ကင္မရာစနစ္၊ ဖုန္းစြမ္းေဆာင္ရည္နဲ႔ လွပၿပီး စြဲေဆာင္မႈရွိတယ္ ပရီမီယံ ဒီဇုိင္းေတြအရ မွ်တမႈရွိတယ္လို႔ သုံးသပ္ရမွာပါ။ မိမိအေနနဲ႔ ဖုန္းကို ခ်က္ခ်င္းလဲဖို႔ မလိုအပ္ေသးဘူး။ ကိုယ္တုိင္ကလည္း ေနာက္ဆုံးေပၚဖုန္းကို မကိုင္ရမေနႏုိင္မျဖစ္ဘူးဆိုရင္ေတာ့ ဖုန္းေမာ္ဒယ္သစ္ ထြက္တုိင္း ေစ်းက်တတ္တဲ့ စမတ္ဖုန္းေစ်းကြက္ အသြားအလာအရ ဒီထက္ေစ်းက်တဲ့ အထိေစာင့္ၿပီး ဝယ္တာပိုေကာင္းမယ္လို႔ အႀကံျပဳခ်င္ပါတယ္။ 

GSM 4G LTE
SIM Dual SIM (Nano-SIM, dual stand-by)
Display LTPS IPS LCD capacitive touchscreen, 6.4 inches (19.25:9 ratio)
OS Android 9.0 (Pie); EMUI 9
CPU Hisilicon Kirin 970 (10nm)
GPU Mali-G72 MP12
Camera 20 MP, f/1.8, PDAF; 16 MP, f/2.2; 2 MP, f/2.4 depth sensor, LED flash, HDR, panorama; Front 25 MP (f/2.0)
Internal 128 GB; RAM 8 GB, no microSD
Battery Non-removable Li-Po 3750 mAh
Others Wi-Fi 802.11 b/g/n/ac, Bluetooth 4.2, Fingerprint, 18W (Quick Charge 3.), USB Type-C 2.0 connector
Display
Performance
Camera
Battery
Hand on
Over all

-ရဲထြဋ္ဝင္း

[ Unicode ]

Price : 859,000 Ks

အားသာချက်

ဆန်းသစ်တီထွင်ထားတဲ့ punch-hole display နဲ့ ပရီမီယံဒီဇိုင်းက အထူးပဲဆွဲဆောင်မှု ရှိလှပါတယ်။ ရှေ့ဘက်ကင်မရာကို ဖုန်းရဲ့မြင်ကွင်းထဲမှာ ထည့်သွင်းဖန်တီးထားတာလည်း သဘောကျစရာပါ။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းကလည်း flagship-level စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Mid-range ဖုန်းထဲမှာ ပထမဆုံး Ultra-wide angle ကင်မရာပါဝင်လာတဲ့ ဖုန်းဖြစ်သလို ရှေ့ကင်မရာစနစ်မှာလည်း ပုံရိပ်အခြေအနေ ၈ မျိုးကို သိနိုင်တဲ့ AI စနစ် ထောက်ပံ့ပါဝင်တာက သဘောကျစရာပါ။

အားနည်းချက်

Nova 3 ထက် ကင်မရာစနစ်ပိုင်းမှာ ပိုမိုမြင့်မားမှုရှိပေမယ့် တစ်ခြားသော spec ပိုင်းဖြစ်တဲ့ CPU, GPU နဲ့ ဘက်ထရီပိုင်းကတော့ တော့ Nova 3 နဲ့ သိပ်မကွာခြားလှပါဘူး။ microSD ကတ် ထပ်မံထည့်သွင်း အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ဖန်သားတစ်ထပ် အပြည့်အုပ်ထားတဲ့ ကျောဘက်ကိုယ်ထည်နဲ့ ထောင့်စွန်းအကွေးပုံစံဒီဇိုင်းက လက်ထဲမှာ ကိုင်တွယ်ရတာ ကောင်းမွန်လှပါတယ်။ ဘေးဘောင်ကတော့ သတ္တုနဲ့ ဖန်တီးထားပြီး လက်ဗွေလုံခြုံ ရေးစနစ်ကတော့ ဖုန်းကျောဘက် အလယ်နားမှာ တပ်ဆင်ထားပါတယ်။ ပါဝါခလုတ်နဲ့ အသံတိုးကျယ် ခလုတ်တွေကိုတော့ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာ ထည့်သွင်းထားပြီး အလေးချိန်ကတော့ ၁၇၂ ဂရမ်ရှိပါတယ်။၆.၄ လက်မရှိတဲ့ မျက်နှာပြင်က LTPS IPS LCD Display က 1080×2310 pixel ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၈၆ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19.25:9 ရှိတဲ့ Full View မျက်နှာပြင်ဖြစ်ပါတယ်။ ရှေ့ ကင်မရာကို Display ထဲမှာ ထည့်သွင်းဖန်တီးတဲ့ ဘောင်မရှိတဲ့ မျက်နှာပြင်ဒီဇိုင်းက ထူးခြားလှပါတယ်။

စွမ်းဆောင်ရည်

Flagship-level ဖုန်းတွေမှာသုံးတဲ့ 10nm Hisilicon Kirin 970 AI chipset ဒီဖုန်းမှာဖြစ်တဲ့ Octa-core processor ကို ဒီဖုန်းမှာ အသုံးပြုထားပြီး RAM အနေနဲ့ 8GB နဲ့ သိုလှောင်နိုင်မှုပမာဏ 128GB ပါဝင်ပါတယ်။ 3D ဂိမ်းအမျိုးအစားတွေကို ကစားနိုင်ဖို့ Mali-G72 MP12 GPU ထောက်ပံ့ပါဝင်ပါတယ်။ GPU turbo လုပ်ဆောင်ချက်ပါဝင်ပြီး PUBG ဂိမ်းကို ဂရပ်ဖစ်အမြင့်ဆုံးနဲ့ ကောင်းကောင်းဆော့ကစားနိုင်ပါတယ်။ Android 9 အခြေခံထားတဲ့ Huawei EMUI 9 က Gesture စနစ်တွေ၊ ဖုန်းစွမ်းဆောင်ရည်နဲ့ ဘက်ထရီသုံးစွဲမှုတွေကို အကောင်းဆုံးချိန်ညှိ လုပ်ဆောင်ပေးတာကလည်း သဘောကျစရာပါ။

ကင်မရာ

ကင်မရာစနစ်မှာ PDAF နည်းပညာနဲ့ ဗီဒီယိုရိုက်ကူးမှုအတွက် EIS နည်းပညာအပြင် AI နည်းပညာတွေ ထောက်ပံ့ပါဝင်ပါတယ်။ Apeature f/1.8 ရှိတဲ့ 20MP ကင်မရာ၊ Apeature f/2.2 ရှိတဲ့ 16MP wide ကင်မရာနဲ့ f/2.4 ရှိတဲ့ 2MP depth ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပြီး မြင်ကွင်းကျယ်ဓာတ်ပုံကို ၁၁၇ ဒီဂရီမြင်ကွင်းကျယ်အနေနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ဘက် 25MP ကင်မရာကတော့ Apeatur f/2.0 ရှိတဲ့ SONY IMX576 အမျိုးအစားဖြစ်ပါတယ်။ ရှေ့ကင်မရာစနစ်မှာ AI Beauty အင်ဂျင်စနစ်က တော်တော်လေးကောင်းပါတယ်။

4K အရည်အသွေးဗီဒီယိုကို 30 fps ၊ 1080p ကို 60fps နဲ့ 480fps Super Slow-mo အနှေးရိုက်ချက်တွေကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ရှေ့ဘက်ကင်မရာကတော့ 30fps ဗီဒီယိုကို 1080p နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Cute 3D Emoji ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

Li-Po 3750mAh ပမာဏ ဘက်ထရီက ၆.၄ လက်မအရွယ်အစား Display အတွက် သင့်တော်တဲ့ပမာဏဖြစ်သလို တစ်နေ့တာအတွက် ဂိမ်းကစားခြင်း၊ အွန်လိုင်းဗီဒီယိုကြည့်ခြင်းနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းတွေအတွက် လုံလောက်မှုရှိတဲ့ ပမာဏပါ။ Type-C 2.0 အားသွင်းခေါင်းအမျိုးအစားမှာ အားသွင်းမြန်ဆန်တဲ့ ၁၈ ၀ပ် Fast Battery charging နည်းပညာထောက်ပံ့ ပါဝင်ပါတယ်။သုံးသပ်ချက်ပရီမီယံ Mid-range ဖုန်းအမျိုးအစားဖြစ်တဲ့ Nova 4 ရဲ့ AI processor က ဖုန်းကို အခြေအနေမျိုးစုံအတွက် အကောင်းဆုံးထောက်ပံ့ လုပ်ဆောင်ပေးသလို ကင်မရာကို မြင်ကွင်းထဲမှာ ထည့်သွင်းထားတဲ့ ဆန်းသစ်တဲ့ Punch-hole Display ကလည်း ဆွဲဆောင်မှုရှိ လှပါတယ်။ ကင်မရာပိုင်းကလည်း ကျေနပ်စရာကောင်းသလို 8GB RAM ကလည်း App များစွာကို တစ်ပြိင်တည်း အသုံးပြုမှုအတွက် မြန်ဆန်မှုရှိလှပါတယ်။ 128 GB ပမာဏ သိုလှောင်မှုပမာဏက လုံလောက်တဲ့ ပမာဏဖြစ်ပေမယ့် microSD ကတ်ထည့်သွင်း အသုံးပြုနိုင်ဖို့ ကတ်ပေါက် မပါ၀င်တာက အရေးပေါ် အချက်အလက်တွေ ရွှေ့ပြောင်းဖို့အတွက်တော့ Cloud စနစ်ကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Nova 4 နဲ့ Huawei GT စမတ်လက်ပတ်နာရီနဲ့ တွဲလျက်ကို ၈၅၉,ဝဝဝ ကျပ် စျေးနှုန်းက များတယ်လို့ ထင်စရာရှိပေမယ့် မြင့်မားတဲ့ ကင်မရာစနစ်၊ ဖုန်းစွမ်းဆောင်ရည်နဲ့ လှပပြီး စွဲဆောင်မှုရှိတယ် ပရီမီယံ ဒီဇိုင်းတွေအရ မျှတမှုရှိတယ်လို့ သုံးသပ်ရမှာပါ။ မိမိအနေနဲ့ ဖုန်းကို ချက်ချင်းလဲဖို့ မလိုအပ်သေးဘူး။ ကိုယ်တိုင်ကလည်း နောက်ဆုံးပေါ်ဖုန်းကို မကိုင်ရမနေနိုင် မဖြစ်ဘူးဆိုရင်တော့ ဖုန်းမော်ဒယ်သစ် ထွက်တိုင်း စျေးကျတတ်တဲ့ စမတ်ဖုန်းစျေးကွက် အသွားအလာအရ ဒီထက်စျေးကျတဲ့ အထိစောင့်ပြီး ဝယ်တာပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်။