Huawei MateBook 13
[ Zawgyi ]
အားသာချက်
မြန်ဆန်တဲ့ Laptop စွမ်းဆောင်ရည်၊ ကာလာနဲ့ရုပ်ထွက်ပိုင်း ကြည်လင်ပြတ်သားကောင်းမွန်တဲ့ Disaply နဲ့ သက် သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေအပြင် သင့်တင်မျှတတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူအသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။
အားနည်းချက်
သုံးသပ်ချက်
အသေးစိတ်ဖော်ပြချက်
– ရဲထွဋ်ဝင်း
Ref: www.laptopmag.com
[ Unicode ]
တန်ဖိုး – ကန်ဒေါ်လာ ၉၉၉.၉၉
အားသာချက်
မြန်ဆန်တဲ့ Laptop စွမ်းဆောင်ရည်၊ ကာလာနဲ့ရုပ်ထွက်ပိုင်း ကြည်လင်ပြတ်သားကောင်းမွန်တဲ့ Disaply နဲ့ သက် သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေအပြင် သင့်တင်မျှတတဲ့ စျေးနှုန်းနဲ့ ဝယ်ယူအသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။
အားနည်းချက်
ဘက်ထရီနဲ့တော့ အချိန်ကြာကြာ အသုံးမပြုနိုင်ပါဘူး။ နောက်တစ်ခုက Thunderbolt 3 ပေါက် နဲ့ microSD ပေါက်တော့ ဒီ Laptop မှာ မပါ၀င်တာက သူ့ရဲ့အားနည်းချက်လို့ဆိုရမှာပါ။
သုံးသပ်ချက်
MateBook 13 က မြန်ဆန်သလို ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ Ultraportable Laptop အမျိုး အစားဖြစ်ပါတယ်။ မိမိအနေနဲ့ Display ပိုင်းကောင်းမွန်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Laptop ကို အသုံးပြုချင်ဆိုရင်တော့ Huawei Matebook 13 က စဉ်းစားစရာပါ။ ဒါပေမဲ့ ဘက်ထရီနဲ ့အသုံးပြုနိုင်မှုကတော့ ၆ နာ ရီဝန်းကျင်လောက်ပဲရတာက ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင်နည်းတယ်လို့ ဆိုရမှာဖြစ်ပေမယ့် သူ့မှာသုံးထားတဲ့ Core i7 Processor ၊ Nvidia MX 150 ဂရပ်ဖစ်စနစ်နဲ့ 2K အမျိုးအစား Display စနစ်တွေကြောင့် ကြာကြာအသုံးပြုနိုင်တာလို့ သုံးသပ်ရမှာပါ။ ဒါပေမဲ့ ပေါ့ပါးပါးလွှာသလို ဒီဇိုင်းပိုင်းလည်း ဆွဲဆောင်မှုရှိတဲ့ Ultraportable Laptop ကို သူ့လောက် စွမ်းဆောင်ရည်ပိုင်းမကောင်းတဲ့ တစ်ခြားပြိုင်ဘက် မော်ဒယ်တွေထက် ပိုသက်သာတဲ့ စျေးနှုန်းနဲ့ ၀ယ်ယူအသုံးပြုနိုင်တာက ဒီ Laptop ကို ၀ယ်ယူဖို့အတွက် ရွေးချယ်သင့်တဲ့ အချက်တစ်ချက်လို့ သုံးသပ်ချင်ပါတယ်။
အသေးစိတ်ဖော်ပြချက်
၁၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 2160×1440 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ 2K panel အမျိုးအစားဖြစ်ပါတယ်။ Intel Core i7-8565U Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce MX 150 (2GB) ထောက်ပံ့ပါ၀င်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB NVMe SSD ကို အသုံးပြုထားပါတယ်။ 0.9 megapixel အမျိုးအစား Webcam ကတော့ ဓာတ်ပုံ တွေကို အရည်အသွေးကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ပြီး ၄.၆ x ၂.၄ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှု ကောင်းမွန်သလိုကျယ်ဝန်းမှုရှိပါတယ်။ Wi-Fi 802.11ac၊ Bluetotoh 5.0 စနစ် တွေ ထောက်ပံ့ပါ၀င်သလို USB Type-C ပေါက်နဲ့ USB 2.0 ပေါက်တွေလည်း ပါဝင်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက် ထရီနဲ့ ၆ နာရီနဲ့ ၁၅ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၉ ပေါင်) ရှိမှာဖြစ်ပါတယ်။
Ref: www.laptopmag.com