Huawei Mate 20

Price : 1,090,000

အားသာခ်က္

ေက်ာဘက္ကင္မရာ သံုးလံုးပါဝင္တဲ့အခ်က္နဲ႔ ကင္မရာပိုင္းစြမ္းေဆာင္ရည္ ေကာင္းမြန္တဲ့အခ်က္၊ ဖုန္းမွာပါဝင္တဲ့ ဘက္ထရီရဲ႕ပါ ဝါသိုေလွာင္ႏိုင္မႈပမာဏ ေကာင္းမြန္တဲ့အခ်က္၊ အားသြင္းႏႈန္း ျမန္ဆန္တဲ့အခ်က္၊ မွတ္ဉာဏ္ပိုင္းျမင့္မား ေကာင္းမြန္တဲ့အခ်က္၊ ဖုန္းရဲ႕ Chipset နဲ႔ CPU ေတြ၊ Performance ပိုင္းေတြေကာင္းမြန္တဲ့အခ်က္ေတြ က ဒီဖုန္းရဲ႕ အဓိက အားသာခ်က္ေတြလို႔ ေျပာရမွာပါ။ Screen ျမင္ကြင္းပိုင္းလည္းေကာင္းမြန္တဲ့အျပင္ Screen to body ratio မွာလည္း ေကာင္းမြန္တဲ့ဖုန္းပါ။

အားနည္းခ်က္

ဒီဖုန္းမွာ Mate 20 Pro လို Indisplay Fingerprint မပါပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ ေရစိုခံအဆင့္သတ္မွတ္ခ်က္မွာလည္း ဒီဖုန္းက IP 53 ပဲရွိတဲ့အတြက္ ေရစိုခံႏိုင္မႈ အဆင့္ကလည္း နည္းနည္း နိမ့္ေနပါေသးတယ္။

CPU

Octa-core 2.6 GHz Cortex-A76 ႏွစ္လံုး၊ 1.92 GHz Cortex-A76 ႏွစ္လံုးနဲ႔ 1.8 GHz Cortex-A55 ေလးလံုး စုစုေပါင္း Core 8 လံုးကို အသံုးျပဳထားၿပီး Chipset ကေတာ့ Huawei ရဲ႕ ေနာက္ ဆံုးထြက္ အျမင့္ဆံုး Chipset ျဖစ္တဲ့ HiSilicon Kirin 980 (7 nm) ကိုသံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset ရဲ႕ Combined Performance ကေတာ့ Techrank ရဲ႕ ေဖာ္ျပခ်က္အရ Snapdragon 845 ထပ္ပိုေကာင္းတဲ့အဆင့္ေနရာမွာ ရပ္တည္ေနၿပီး Gaming ဖုန္းတစ္ခုလို႔ ေျပာလို႔ရႏိုင္ေလာက္တဲ့ ျမင့္မားတဲ့Performance မ်ိဳး ဒီဖုန္းမွာရွိပါတယ္။ ဒီဖုန္းဟာ Mate 20 Pro ထပ္ေစ်းႏႈန္းသက္သာၿပီး Performance ကေတာ့ Mate 20 Pro နဲ႔ တူတူပဲလို႔ ေျပာရမွာပါ။

ဒီဇိုင္း

မ်က္္ႏွာျပင္အျပည့္ပံုစံနဲ႔ ဖုန္းရဲ႕ေဘးေဘာင္ေတြ၊ အထက္ေအာက္ ေဘာင္ေတြ ေသးငယ္ၿပီး ျမင္ကြင္းေကာင္းမြန္ပါတယ္။မ်က္ႏွာျပင္ အေပၚထိပ္ဘက္က Notch ကလည္း ေသးတဲ့အတြက္ျမင္ကြင္းအ ေႏွာက္အယွက္ျဖစ္မႈ ေတာ္ေတာ္သက္သာတဲ့ဖုန္းပါ။ ေက်ာဘက္ကာ ဗာေပၚမွာ ကင္မရာ ၃ လံုးနဲ႔ Flash မီးကို ေလးေထာင့္ ကြက္ပံုစံနဲ႔ တပ္ဆင္ထားၿပီး Fingerprint ကိုေတာ့ ေက်ာဘက္ကင္မရာေအာက္နားမွာ တပ္ဆင္ထားပါတယ္။ ဒီဇိုင္းက်စ္လ်စ္လွပၿပီးသံုးျပဳရတာ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့အထိအေတြ႕မ်ိဳးရွိေပမယ့္ ေဘးအက်ယ္အနည္းငယ္မ်ား တယ္လို႔ေတာ့ ခံစားရပါတယ္။

ဘက္ထရီ

ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈပမာဏက Li-Po 4000 mAh ျဖစ္တဲ့အတြက္ ဖုန္းကိုတစ္ေန႔တာအသံုးျပဳဖို႔အတြက္ လံုေလာက္တဲ့ ဘက္ထရီပမာဏလို႔ ေျပာလို႔ ရပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ျမန္ ဆန္တဲ့ အားသြင္းစနစ္ပါဝင္တဲ့အခ်က္ပါပဲ။ အားသြင္းႏႈန္းေကာင္းမြန္ၿပီး ဘက္ထရီ ေျခာက္ဆယ္ရာခိုင္ႏႈန္းအတြက္ အားသြင္းခ်ိန္ ၁၂ မိနစ္ခန္႔ သာၾကာျမင့္တဲ့အတြက္ ေတာ္ေတာ္ေလးအဆင္ေျပပါတယ္။

ကင္မရာ

ေက်ာဘက္မွာ 12 MP (wide) ကင္မရာတစ္လံုး၊ 16 MP (ultrawide) ကင္မရာတစ္လံုးနဲ႔ 8 MP (telephoto) ကင္မရာတစ္လံုးကို သံုးထားၿပီး Zoom စနစ္မွာ 2X Zoom အထိကို ပံုရိပ္တုန္ခါမႈမရွိပဲ ႐ိုက္ႏိုင္တာေတြ႕ရပါတယ္။ AI ကေန အလိုအေလ်ာက္ တုန္႔ျပန္ေပးတဲ့ Micro စနစ္နဲ႔ Portrait စနစ္ေတြမွာလည္းေကာင္းတာေတြ႕ရပါတယ္။ ကင္မရာရဲ႕ ဓာတ္ပံု႐ုပ္ထြက္အရည္အေသြးက Day Light ေရာ Low Light မွာပါ အဆင္ေျပပါတယ္။ ေရွ႕ကင္မရာကလည္း 24 MP ကင္မရာျဖစ္တဲ့တြက္ Selfie ပိုင္းမွာလည္းေကာင္းပါတယ္။

သံုးသပ္ခ်က္

Mate 20 ဟာ Performance ပိုင္း ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ေျပာရမယ့္ဖုန္းပါ။ ကင္မရာသံုးလံုးရဲ႕ တြဲဖက္လုပ္ေဆာင္ခ်က္ကလည္း ေကာင္းမြန္တဲ့အျပင္ ဘက္ထရီစနစ္၊ အားသြင္းစနစ္ေတြ၊ မွတ္ဉာဏ္ပိုင္း ေတြမွာလည္းေကာင္းမြန္ပါတယ္။ ဒီဇိုင္းနဲ႔အေရာင္က လွပေပမယ့္ လက္ထဲမွာကိုင္ရတဲ့ အခ်ိဳးအစား နည္းနည္း ႀကီးတယ္လို႔ ခံစားရေစပါတယ္။ Mate Series ကိုႀကိဳက္တယ္ဆိုရင္ေတာ့ Mate 20 Pro ထပ္ေစ်းသက္သာၿပီး Mate 20 Pro နဲ႔ Performance တူတူသံုးႏိုင္ တဲ့ ဒီဖုန္းကလည္း ေရြးခ်ယ္ခ်င္စရာပါပဲ။

သူတို႔အျမင္

ကိုေက်ာ္မင္းေဌး (စမ္းသပ္အသံုးျပဳသူ)

ဒီဖုန္းမွာ သေဘာက်တာကေတာ့ သူ႔ရဲ႕ Performance ပိုင္းပဲ။ Mate 20 Pro ထပ္ေစ်းသက္သာေနေပမယ့္ Performace ပိုင္းက ေတာ့ Mate 20 Pro မွာသံုးထားတဲ့ CPU ေတြ၊ Chipset ေတြ၊ GPU ေတြကိုပဲ သံုးထားတာဆိုေတာ့ ေတာ္ေတာ္ေလးသေဘာက်တယ္။ ကင္မရာပိုင္းမွာ Mate 20 Pro ထပ္ ဝိတ္ေလွ်ာ့ထားတယ္လို႔ ဆိုေပမယ့္လည္း ကင္မရာသံုးလံုး ပါလာတယ္။ ၿပီးေတာ့ သူ႔ကင္မရာေတြ ရဲ႕ အလုပ္လုပ္တဲ့ ပံုစံကလည္း ေကာင္းပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ဘက္ထရီပိုင္းေပါ့။ ဘက္ထရီကလည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။ Indisplay Fingerprint ကို မသံုးထားတာကသိပ္ၿပီး ျပႆနာမရွိေပမယ့္ ေရစိုခံစနစ္ အားနည္းသြားတဲ့ အခ်က္ကိုေတာ့ သိပ္မႀကိဳက္ခ်င္ဘူး။

ကိုႏိုင္ဝင္းေက်ာ္ (စမ္းသပ္အသံုးျပဳသူ)

ကင္မရာပိုင္းက Mate 20 Pro ထပ္ ဝိတ္ေလွ်ာ့ထားတဲ့အတြက္ Megapixels ပိုင္းအရ နည္းသြားေပမယ့္လည္း ဓာတ္ပံု႐ိုက္ရတာ အဆင္ေျပပါတယ္။ Performance ပိုင္းကေတာ့ ေျပာစရာသိပ္မလိုေလာက္ေအာင္ ေကာင္းပါတယ္။ ေရစိုခံအဆင့္က်သြားတာကိုေတာ့ သိပ္မႀကိဳက္ဘူး။ ေနာက္ပိုင္းထြက္ ဆယ္သိန္းေက်ာ္တဲ့ ဖုန္းေတြမွာ ေရစိုခံစနစ္ပါၾကေပမယ့္ ဒီဖုန္းမွာ IP Standard က ေလွ်ာ့ထားတဲ့ အခ်က္ကိုေတာ့ သိပ္မႀကိဳက္ဘူး။ ဖုန္းရဲ႕ ျမင္ကြင္းပိုင္းကိုေတာ့ Mate 20 Pro ထပ္ေတာင္ပိုႀကိဳက္ပါတယ္။ Notch ေသးတဲ့အတြက္ ျမင္ကြင္းၾကည့္ရတာ ရွင္းရွင္းလင္းလင္းနဲ႔ က်ယ္က်ယ္ဝန္းဝန္းပိုရွိတယ္လို႔ ခံစားရတယ္။

ကိုေဌးလြင္ (စမ္းသပ္အသံုးျပဳသူ)

Screen မွာ Notch ေသးသြားတာကို ႀကိဳက္တယ္။ ဖုန္းကေတာ့ ကိုင္ရတာ နည္းနည္းေဘးက်ယ္ေနသလိုေတာ့ခံစားရတယ္။ Performacne ပိုင္းကေတာ့ ေတာ္ေတာ္ေလးေကာင္းပါတယ္။ ကင္မရာပိုင္းကလည္း သင့္တင့္ပါတယ္။ ေရစိုခံစနစ္က ပါလာေပမယ့္ အဆင့္သိပ္မေကာင္းတာကိုေတာ့ သိပ္မႀကိဳက္ဘူး။ ဘက္ထရီပိုင္းကိုေတာ့ ႀကိဳက္တယ္။ ဘက္ထရီက ေတာ္ေတာ္ေလး အသံုးခံတာ ေတြ႕ရတယ္။ အားသြင္းရတာလည္း ေတာ္ေတာ္ေလးျမန္ဆန္ပါတယ္။ ေရွ႕ကင္မရာလည္း ႀကိဳက္ပါတယ္။ ေရစိုခံစနစ္သာ IP 68 အဆင့္သတ္မွတ္ခ်က္ ရွိမယ္ဆုိရင္ ဒီဖုန္းက Mate 20 Pro ထပ္ပိုၿပီး ေရြးခ်ယ္လို႔ ေကာင္းမယ္လို႔ ျမင္မိတယ္။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim) Dual Standby
Screen IPS LCD, 6.53 Inch, 1080 x 2244 pixels
OS Android 9.0
CPU Octa-core (2×2.6 GHz Cortex-A76 & 2×1.92 GHz Cortex-A76 & 4×1.8 GHz Cortex-A55
GPU Mali-G76 MP10
Camera 12 MP, f/1.8, 27mm (wide), 16 MP, f/2.2, 17mm (ultrawide), 8 MP, f/2.4, 52mm (telephoto), Leica optics, (gyro-EIS), Selfie 24 MP, f/2.0, 26mm (wide)
Memory Internal 128GB, RAM 6GB
Battery Li-Po 4000 mAh

Features

-ကိုသက္

[ Unicode ]

Price : 1,090,000

အားသာချက်

ကျောဘက်ကင်မရာ သုံးလုံးပါဝင်တဲ့အချက်နဲ့ ကင်မရာပိုင်းစွမ်းဆောင်ရည် ကောင်းမွန်တဲ့အချက်၊ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ပါ ဝါသိုလှောင်နိုင်မှုပမာဏ ကောင်းမွန်တဲ့အချက်၊ အားသွင်းနှုန်း မြန်ဆန်တဲ့အချက်၊ မှတ်ဉာဏ်ပိုင်းမြင့်မား ကောင်းမွန်တဲ့အချက်၊ ဖုန်းရဲ့ Chipset နဲ့ CPU တွေ၊ Performance ပိုင်းတွေကောင်းမွန်တဲ့အချက်တွေ က ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ ပြောရမှာပါ။ Screen မြင်ကွင်းပိုင်းလည်းကောင်းမွန်တဲ့အပြင် Screen to body ratio မှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။

အားနည်းချက်

ဒီဖုန်းမှာ Mate 20 Pro လို Indisplay Fingerprint မပါပါဘူး။ နောက်တစ်ချက်ကတော့ ရေစိုခံအဆင့်သတ်မှတ်ချက်မှာလည်း ဒီဖုန်းက IP 53 ပဲရှိတဲ့အတွက် ရေစိုခံနိုင်မှု အဆင့်ကလည်း နည်းနည်း နိမ့်နေပါသေးတယ်။

CPU

Octa-core 2.6 GHz Cortex-A76 နှစ်လုံး၊ 1.92 GHz Cortex-A76 နှစ်လုံးနဲ့ 1.8 GHz Cortex-A55 လေးလုံး စုစုပေါင်း Core 8 လုံးကို အသုံးပြုထားပြီး Chipset ကတော့ Huawei ရဲ့ နောက် ဆုံးထွက် အမြင့်ဆုံး Chipset ဖြစ်တဲ့ HiSilicon Kirin 980 (7 nm) ကိုသုံးထားတာတွေ့ရပါတယ်။ ဒီ Chipset ရဲ့ Combined Performance ကတော့ Techrank ရဲ့ ဖော်ပြချက်အရ Snapdragon 845 ထပ်ပိုကောင်းတဲ့အဆင့်နေရာမှာ ရပ်တည်နေပြီး Gaming ဖုန်းတစ်ခုလို့ ပြောလို့ရနိုင်လောက်တဲ့ မြင့်မားတဲ့Performance မျိုး ဒီဖုန်းမှာရှိပါတယ်။ ဒီဖုန်းဟာ Mate 20 Pro ထပ်စျေးနှုန်းသက်သာပြီး Performance ကတော့ Mate 20 Pro နဲ့ တူတူပဲလို့ ပြောရမှာပါ။

ဒီဇိုင်း

မျက််နှာပြင်အပြည့်ပုံစံနဲ့ ဖုန်းရဲ့ဘေးဘောင်တွေ၊ အထက်အောက် ဘောင်တွေ သေးငယ်ပြီး မြင်ကွင်းကောင်းမွန်ပါတယ်။မျက်နှာပြင် အပေါ်ထိပ်ဘက်က Notch ကလည်း သေးတဲ့အတွက်မြင်ကွင်းအ နှောက်အယှက်ဖြစ်မှု တော်တော်သက်သာတဲ့ဖုန်းပါ။ ကျောဘက်ကာ ဗာပေါ်မှာ ကင်မရာ ၃ လုံးနဲ့ Flash မီးကို လေးထောင့် ကွက်ပုံစံနဲ့ တပ်ဆင်ထားပြီး Fingerprint ကိုတော့ ကျောဘက်ကင်မရာအောက်နားမှာ တပ်ဆင်ထားပါတယ်။ ဒီဇိုင်းကျစ်လျစ်လှပပြီးသုံးပြုရတာ တော်တော်လေးကောင်းမွန်တဲ့အထိအတွေ့မျိုးရှိပေမယ့် ဘေးအကျယ်အနည်းငယ်များ တယ်လို့တော့ ခံစားရပါတယ်။

ဘက်ထရီ

ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှုပမာဏက Li-Po 4000 mAh ဖြစ်တဲ့အတွက် ဖုန်းကိုတစ်နေ့တာအသုံးပြုဖို့အတွက် လုံလောက်တဲ့ ဘက်ထရီပမာဏလို့ ပြောလို့ ရပါတယ်။ နောက်တစ်ချက်ကတော့မြန် ဆန်တဲ့ အားသွင်းစနစ်ပါဝင်တဲ့အချက်ပါပဲ။ အားသွင်းနှုန်းကောင်းမွန်ပြီး ဘက်ထရီ ခြောက်ဆယ်ရာခိုင်နှုန်းအတွက် အားသွင်းချိန် ၁၂ မိနစ်ခန့် သာကြာမြင့်တဲ့အတွက် တော်တော်လေးအဆင်ပြေပါတယ်။

ကင်မရာ

ကျောဘက်မှာ 12 MP (wide) ကင်မရာတစ်လုံး၊ 16 MP (ultrawide) ကင်မရာတစ်လုံးနဲ့ 8 MP (telephoto) ကင်မရာတစ်လုံးကို သုံးထားပြီး Zoom စနစ်မှာ 2X Zoom အထိကို ပုံရိပ်တုန်ခါမှုမရှိပဲ ရိုက်နိုင်တာတွေ့ရပါတယ်။ AI ကနေ အလိုအလျောက် တုန့်ပြန်ပေးတဲ့ Micro စနစ်နဲ့ Portrait စနစ်တွေမှာလည်းကောင်းတာတွေ့ရပါတယ်။ ကင်မရာရဲ့ ဓာတ်ပုံရုပ်ထွက်အရည်အသွေးက Day Light ရော Low Light မှာပါ အဆင်ပြေပါတယ်။ ရှေ့ကင်မရာကလည်း 24 MP ကင်မရာဖြစ်တဲ့တွက် Selfie ပိုင်းမှာလည်းကောင်းပါတယ်။

သုံးသပ်ချက်

Mate 20 ဟာ Performance ပိုင်းတော်တော်လေးကောင်းတယ်လို့ ပြောရမယ့်ဖုန်းပါ။ ကင်မရာသုံးလုံးရဲ့ တွဲဖက်လုပ်ဆောင်ချက်ကလည်း ကောင်းမွန်တဲ့အပြင် ဘက်ထရီစနစ်၊ အားသွင်းစနစ်တွေ၊ မှတ်ဉာဏ်ပိုင်း တွေမှာလည်းကောင်းမွန်ပါတယ်။ ဒီဇိုင်းနဲ့အရောင်က လှပပေမယ့် လက်ထဲမှာကိုင်ရတဲ့ အချိုးအစား နည်းနည်း ကြီးတယ်လို့ ခံစားရစေပါတယ်။ Mate Series ကိုကြိုက်တယ်ဆိုရင်တော့ Mate 20 Pro ထပ်စျေးသက်သာပြီး Mate 20 Pro နဲ့ Performance တူတူသုံးနိုင် တဲ့ ဒီဖုန်းကလည်း ရွေးချယ်ချင်စရာပါပဲ။

သူတို့အမြင်

ကိုကျော်မင်းဌေး (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းမှာ သဘောကျတာကတော့ သူ့ရဲ့ Performance ပိုင်းပဲ။ Mate 20 Pro ထပ်စျေးသက်သာနေပေမယ့် Performace ပိုင်းက တော့ Mate 20 Pro မှာသုံးထားတဲ့ CPU တွေ၊ Chipset တွေ၊ GPU တွေကိုပဲ သုံးထားတာဆိုတော့ တော်တော်လေးသဘောကျတယ်။ ကင်မရာပိုင်းမှာ Mate 20 Pro ထပ် ဝိတ်လျှော့ထားတယ်လို့ ဆိုပေမယ့်လည်း ကင်မရာသုံးလုံး ပါလာတယ်။ ပြီးတော့ သူ့ကင်မရာတွေ ရဲ့ အလုပ်လုပ်တဲ့ ပုံစံကလည်း ကောင်းပါတယ်။ နောက်တစ်ချက်ကတော့ ဘက်ထရီပိုင်းပေါ့။ ဘက်ထရီကလည်း တော်တော်လေး ကောင်းပါတယ်။ Indisplay Fingerprint ကို မသုံးထားတာကသိပ်ပြီး ပြဿနာမရှိပေမယ့် ရေစိုခံစနစ် အားနည်းသွားတဲ့ အချက်ကိုတော့ သိပ်မကြိုက်ချင်ဘူး။

ကိုနိုင်ဝင်းကျော် (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းက Mate 20 Pro ထပ် ဝိတ်လျှော့ထားတဲ့အတွက် Megapixels ပိုင်းအရ နည်းသွားပေမယ့်လည်း ဓာတ်ပုံရိုက်ရတာ အဆင်ပြေပါတယ်။ Performance ပိုင်းကတော့ ပြောစရာသိပ်မလိုလောက်အောင် ကောင်းပါတယ်။ ရေစိုခံအဆင့်ကျသွားတာကိုတော့ သိပ်မကြိုက်ဘူး။ နောက်ပိုင်းထွက် ဆယ်သိန်းကျော်တဲ့ ဖုန်းတွေမှာ ရေစိုခံစနစ်ပါကြပေမယ့် ဒီဖုန်းမှာ IP Standard က လျှော့ထားတဲ့ အချက်ကိုတော့ သိပ်မကြိုက်ဘူး။ ဖုန်းရဲ့ မြင်ကွင်းပိုင်းကိုတော့ Mate 20 Pro ထပ်တောင်ပိုကြိုက်ပါတယ်။ Notch သေးတဲ့အတွက် မြင်ကွင်းကြည့်ရတာ ရှင်းရှင်းလင်းလင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းပိုရှိတယ်လို့ ခံစားရတယ်။

ကိုဌေးလွင် (စမ်းသပ်အသုံးပြုသူ)

Screen မှာ Notch သေးသွားတာကို ကြိုက်တယ်။ ဖုန်းကတော့ ကိုင်ရတာ နည်းနည်းဘေးကျယ်နေသလိုတော့ခံစားရတယ်။ Performacne ပိုင်းကတော့ တော်တော်လေးကောင်းပါတယ်။ ကင်မရာပိုင်းကလည်း သင့်တင့်ပါတယ်။ ရေစိုခံစနစ်က ပါလာပေမယ့် အဆင့်သိပ်မကောင်းတာကိုတော့ သိပ်မကြိုက်ဘူး။ ဘက်ထရီပိုင်းကိုတော့ ကြိုက်တယ်။ ဘက်ထရီက တော်တော်လေး အသုံးခံတာ တွေ့ရတယ်။ အားသွင်းရတာလည်း တော်တော်လေးမြန်ဆန်ပါတယ်။ ရှေ့ကင်မရာလည်း ကြိုက်ပါတယ်။ ရေစိုခံစနစ်သာ IP 68 အဆင့်သတ်မှတ်ချက် ရှိမယ်ဆိုရင် ဒီဖုန်းက Mate 20 Pro ထပ်ပိုပြီး ရွေးချယ်လို့ ကောင်းမယ်လို့ မြင်မိတယ်။