Huawei Mate 20 X က Nintendo Switch ထက္ ပိုမိုေကာင္းမြန္တဲ့ gaming ထုတ္ကုန္ျဖစ္ဟုဆို

[ Zawgyi ]

Huawei ဟာ လန္ဒန္မွာ ျပဳလုပ္ခဲ့တဲ့ ထုတ္ကုန္မိတ္ဆက္ပြဲမွာ Mate 20 နဲ႔ Mate 20 Pro အျပင္ တတိယေျမာက္ ထုတ္ကုန္တစ္ခုျဖစ္တဲ့ Mate 20 X ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ Mate 20 X ရဲ႕မ်က္ႏွာျပင္ အရြယ္အစားက ၇.၂ လက္မ ရွိၿပီး ေဈးကြက္ထဲက အလြယ္တကူ သယ္ေဆာင္သြားႏိုင္တဲ့ အေကာင္းဆုံး gaming ထုတ္ကုန္ျဖစ္တယ္လုိ႔ Huawei ဥကၠ႒က ေျပာခဲ့ပါတယ္။

“ဒီေန႔မွာ ပုိမိုႀကီးမား ခမ္းနားတဲ့အရာတစ္ခုကို မိတ္ဆက္ေပးလိုပါတယ္” ဆိုၿပီး Huawei Consumer BG အမႈေဆာင္အရာရွိခ်ဳပ္ ရစ္ခ်တ္ယူက Mate 20 X ကုိျပသခဲ့ပါတယ္။ “ကၽြန္ေတာ္တုိ႔ေတြဟာ display, power နဲ႔ စြမ္းေဆာင္ရည္ကို ထပ္ေဆာင္းထည့္သြင္းခဲ့ပါတယ္” လို႔လည္း ေျပာခဲ့ပါတယ္။

ရစ္ခ်ပ္ယူဟာ Mate 20 X ရဲ႕ display အျပင္ ဒီဇိုင္းနဲ႔ ဘက္ထရီသက္တမ္းေတြကုိ ထုတ္ျပန္ခဲ့ပါတယ္။ Mate 20 X ဟာ အျခားစမတ္ဖုန္းေတြျဖစ္တဲ့ Galaxy Note 9 နဲ႔ႏိႈင္းယွဥ္ၿပီး မိုဘုိင္းဂိမ္းေတြကို ဘယ္ေလာက္ေကာင္းေကာင္း ကစားႏိုင္တယ္ဆိုတာ ေဆြးေႏြးခဲ့ပါတယ္။

Mate 20 X မွာ vapor chamber နဲ႔ graphene film တို႔ပါဝင္ၿပီး ဖုန္း ခ်စ္ပ္အပူခ်ိန္ကုိ ထိန္းသိမ္းေပးထားႏိုင္ပါတယ္။ ဒါ့အျပင္ Mate 20 X အတြက္ ထုတ္လုပ္ထားတဲ့ gamepad ကုိထုတ္ျပန္ခဲ့ၿပီး အဲဒီ gamepad မွာ d-pad နဲ႔ thumbstick တုိ႔ပါဝင္လာပါတယ္။ ရစ္ခ်တ္ယူဟာ Mate 20 X နဲ႔အတူ Nintendo Switch ကိုလည္း ယွဥ္တြဲ ျပသခဲ့ပါတယ္။

ရစ္ခ်တ္ယူက Nintendo Switch နဲ႔ႏိႈင္းယွဥ္ၿပီး Mate 20 X ဟာ မ်က္ႏွာျပင္အရြယ္အစား ၇.၂ လက္မရွိၿပီး ႐ုပ္ထြက္အရည္အေသြး 1080p နဲ႔ ဘက္ထရီက 5,000mAh ရွိတယ္လို႔ ေျပာသြားခဲ့ပါတယ္။

Huawei အေနနဲ႔ gaming ဖုန္းေဈးကြက္ထဲကုိ အလ်င္အျမန္တိုးခ်ဲ႕လာပါတယ္။ Asus နဲ႔ Razer တို႔ကလည္း gaming အတြက္ စမတ္ဖုန္းေတြကုိ ထုတ္လုပ္ထားပါတယ္။ Apple နဲ႔ Samsung တုိ႔ကလည္း ထုတ္ကုန္ေတြကုိ ျဖန္႔ခ်ိမိတ္ဆက္မႈအတြင္း gaming နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ေျပာဆိုခဲ့ၾကပါတယ္။

စိုးထက္
Ref: Variety

[ Unicode ]

Huawei ဟာ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ထုတ်ကုန်မိတ်ဆက်ပွဲမှာ Mate 20 နဲ့ Mate 20 Pro အပြင် တတိယမြောက် ထုတ်ကုန်တစ်ခုဖြစ်တဲ့ Mate 20 X ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Mate 20 X ရဲ့မျက်နှာပြင် အရွယ်အစားက ရ.၂ လက်မ ရှိပြီး ဈေးကွက်ထဲက အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ အကောင်းဆုံး gaming ထုတ်ကုန်ဖြစ်တယ်လို့ Huawei ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

“ဒီနေ့မှာ ပိုမိုကြီးမား ခမ်းနားတဲ့အရာတစ်ခုကို မိတ်ဆက်ပေးလိုပါတယ်” ဆိုပြီး Huawei Consumer BG အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယူက Mate 20 X ကိုပြသခဲ့ပါတယ်။ “ကျွန်တော်တို့တွေဟာ display, power နဲ့ စွမ်းဆောင်ရည်ကို ထပ်ဆောင်းထည့်သွင်းခဲ့ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

ရစ်ချပ်ယူဟာ Mate 20 X ရဲ့ display အပြင် ဒီဇိုင်းနဲ့ ဘက်ထရီသက်တမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ Mate 20 X ဟာ အခြားစမတ်ဖုန်းတွေဖြစ်တဲ့ Galaxy Note 9 နဲ့နှိုင်းယှဉ်ပြီး မိုဘိုင်းဂိမ်းတွေကို ဘယ်လောက်ကောင်းကောင်း ကစားနိုင်တယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်။

Mate 20 X မှာ vapor chamber နဲ့ graphene film တို့ပါဝင်ပြီး ဖုန်း ချစ်ပ်အပူချိန်ကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဒါ့အပြင် Mate 20 X အတွက် ထုတ်လုပ်ထားတဲ့ gamepad ကိုထုတ်ပြန်ခဲ့ပြီး အဲဒီ gamepad မှာ d-pad နဲ့ thumbstick တို့ပါဝင်လာပါတယ်။ ရစ်ချတ်ယူဟာ Mate 20 X နဲ့အတူ Nintendo Switch ကိုလည်း ယှဉ်တွဲ ပြသခဲ့ပါတယ်။

ရစ်ချတ်ယူက Nintendo Switch နဲ့နှိုင်းယှဉ်ပြီး Mate 20 X ဟာ မျက်နှာပြင်အရွယ်အစား ရ.၂ လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 1080p နဲ့ ဘက်ထရီက 5,000mAh ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

Huawei အနေနဲ့ gaming ဖုန်းဈေးကွက်ထဲကို အလျင်အမြန်တိုးချဲ့လာပါတယ်။ Asus နဲ့ Razer တို့ကလည်း gaming အတွက် စမတ်ဖုန်းတွေကို ထုတ်လုပ်ထားပါတယ်။ Apple နဲ့ Samsung တို့ကလည်း ထုတ်ကုန်တွေကို ဖြန့်ချိမိတ်ဆက်မှုအတွင်း gaming နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြောဆိုခဲ့ကြပါတယ်။

စိုးထက်
Ref: Variety