Huawei Mate 20 Pro

[ Zawgyi ]

Price : 1,499,000

အားသာခ်က္

ေက်ာဘက္ကင္မရာ သံုးလံုးပါဝင္တဲ့အခ်က္နဲ႔ ကင္မရာပိုင္းမွာ ေတာ္ေတာ္ေလး ေကာင္းမြန္တဲ့အခ်က္၊ ဖုန္းမွာပါဝင္တဲ့ ဘက္ထရီရဲ႕ပါဝါ သိုေလွာင္ႏိုင္မႈပမာဏ ေကာင္းမြန္တဲ့အခ်က္၊ အားသြင္းႏႈန္း ျမန္ဆန္တဲ့အခ်က္၊ မွတ္ဉာဏ္ပိုင္းျမင့္မား ေကာင္းမြန္တဲ့အခ်က္၊ ဖုန္းရဲ႕ Chipset နဲ႔ CPU ေတြ၊ Performance ပိုင္းေတြ ေကာင္းမြန္တဲ့အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိက အားသာခ်က္ေတြလို႔ ေျပာရမွာပါ။ Screen ျမင္ကြင္းပိုင္း ေကာင္းမြန္တဲ့အျပင္ ေရစိုခံႏိုင္တဲ့အခ်က္၊ In Display Fingerprint နည္းပညာပါဝင္လာတဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ေကာင္းမြန္တဲ့ အခ်က္ေတြပါ။

အားနည္းခ်က္

ဒီဖုန္းမွာ 3.5mm နားၾကပ္ေပါက္ မပါတဲ့အတြက္ နားၾကပ္အသံုးျပဳမယ္ဆိုရင္ USB နားၾကပ္ကိုပဲအသံုးျပဳရမွာပါ။ ေနာက္ တစ္ခ်က္ကေတာ့ ဒီဖုန္းမွာ FM Radio စနစ္လည္း ပါဝင္တာမေတြ႕ရပါဘူး။ ဖုန္းရဲ႕ Navigation Gesture စနစ္မွာ Navigation button ေတြကို ေဖ်ာက္ထားၿပီး သံုးမယ္ဆိုရင္ Screen အနားေထာင့္ေလးေတြက သိပ္ၿပီး Sensitive မျဖစ္သလို ခံစားရေစပါတယ္။

CPU

Octa-core  2.6 GHz Cortex-A76 ႏွစ္လံုး၊ 1.92 GHz Cortex-A76 ႏွစ္လံုးနဲ႔ 1.8 GHz Cortex-A55 ေလးလံုး စုစုေပါင္း Core 8 လံုးကို အသံုးျပဳထားၿပီး Chipset ကေတာ့ Huawei ရဲ႕ ေနာက္ ဆံုးထြက္ အျမင့္ဆံုး Chipset ျဖစ္တဲ့ HiSilicon Kirin 980 (7 nm) ကို သံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset ရဲ႕ Combined Performance ကေတာ့ Techrank ရဲ႕ေဖာ္ျပခ်က္အရ Snapdragon 845 ထပ္ပိုေကာင္းတဲ့ အဆင့္ေနရာမွာ ရပ္တည္ေနတာ ေတြ႕ရပါတယ္။ Gaming ဖုန္းတစ္ခုလို႔ ေျပာလို႔ရႏိုင္ေလာက္တဲ့ ျမင့္မားတဲ့ Performance  မ်ိဳး ဒီဖုန္းမွာရွိပါတယ္။

ဒီဇိုင္း

မ်က္္ႏွာျပင္အျပည့္ ပံုစံမ်ိဳးျဖစ္ၿပီး ေရွ႕မွန္အနားခံုးပံုစံေၾကာင့္ ျမင္ကြင္းေတြက 3D ပံုစံႂကြေနတဲ့ ျမင္ကြင္းမ်ိဳးရွိပါတယ္။ ဖုန္းရဲ႕ေဘးေဘာင္ ေတြနဲ႔ အထက္ေအာက္ေဘာင္ေတြ ေသးငယ္က်ဥ္းေျမာင္းလွေပမယ့္ မ်က္ႏွာျပင္အေပၚထိပ္ဘက္က Notch ကေတာ့ ႀကီးတာေတြ႕ရပါတယ္။  ေက်ာဘက္ကာဗာေပၚမွာ ကင္မရာ ၃ လံုးနဲ႔ Flash မီးကို ေလးေထာင့္ကြက္ပံုစံနဲ႔ တပ္ဆင္ထားၿပီး Fingerprint စနစ္ကိုေတာ့ In Screen Fingerprint ပံုစံနဲ႔ အသံုးျပဳရမွာပါ။ ဒီဇိုင္းက်စ္လ်စ္လွပၿပီး ကိုင္တြယ္အ သံုးျပဳရတာ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ အထိအေတြ႕မ်ိဳးရွိပါတယ္။

ကင္မရာ

ေက်ာဘက္မွာ 40 MP (wide) ကင္မရာတစ္လံုး၊ 20 MP (ultrawide) ကင္မရာတစ္လံုးနဲ႔ 8 MP (telephoto) ကင္မရာတစ္လံုးကို သံုးထားၿပီး Zoom စနစ္မွာ 5X Zoom အထိကို ပံုရိပ္တုန္ခါမႈမရွိပဲ ႐ိုက္ႏိုင္တာ ေတြ႕ရပါတယ္။ Zoom စနစ္ေတာ္ေတာ္ေလး ေကာင္းသလို Micro စနစ္နဲ႔ Portrait စနစ္ေတြမွာလည္းေတာ္ေတာ္ေလးေကာင္းတာေတြ႕ရပါတယ္။ ကင္မရာရဲ႕ ဓာတ္ပံု႐ုပ္ထြက္ အရည္အေသြးက Low Light အေျခအေနမွာေတာင္ ေတာ္ေတာ္ေလးေကာင္းတဲ့အတြက္ Day Light မွာကေတာ့ ေျပာစရာကို သိပ္မရွိပါဘူး။ ကင္မရာစနစ္ပိုင္း ျမင့္မားေကာင္းမြန္တဲ့အတြက္ ဓာတ္ပံုသမားေတြအတြက္ကေတာ့ အႀကိဳက္ေတြ႕ႏိုင္တဲ့ဖုန္းပါ။ ဒီဖုန္းမွာ 3D Scanning ဆိုတဲ့စနစ္က ေျခ၊ လက္ေတြပါတဲ့အ႐ုပ္ ေတြကို 3D Scan ဖတ္ၿပီး 3D ႐ုပ္ေလးေတြကို လမ္းေလွ်ာက္ခိုင္းတာ၊ ကခိုင္းတာေတြ လုပ္ႏိုင္တဲ့စနစ္က ေတာ္ေတာ္ေလး ဆန္းသစ္တဲ့စနစ္ တစ္ခုလို႔ ေျပာရမွာပါ။ ေရွ႕ကင္မရာကလည္း 24 MP ကင္မရာျဖစ္တဲ့တြက္ Selfie ပိုင္းမွာလည္း ေကာင္းပါတယ္။

သံုးသပ္ခ်က္

Mate 20 Pro ဟာ Performance ပိုင္းေတာ္ေတာ္ေလးေကာင္းသလို ကင္မရာပိုင္းမွာလည္း ေတာ္ေတာ္ေလးေကာင္းတဲ့ ဖုန္းလို႔ေျပာရမွာပါ။ ဘက္ထရီစနစ္၊ အားသြင္းစနစ္ေတြ၊ မွတ္ဉာဏ္ပိုင္း၊ ေရစိုခံစနစ္ပိုင္းေတြမွာလည္း ေကာင္းမြန္ပါတယ္။ ဒီဇိုင္းက လွပေပမယ့္ ေက်ာဘက္မွာ ကင္မရာေတြကို ေလးေထာင့္ကြက္ႀကီးနဲ႔ လုပ္ထားတဲ့ပံုစံမ်ိဳးမဟုတ္ရင္ ပိုေကာင္းႏိုင္ပါတယ္။ ျမင့္မားတဲ့ Performance နဲ႔ ေကာင္းမြန္တဲ့ ဓာတ္ပံု႐ုပ္ထြက္ေတြ၊ က်ယ္ဝန္းလွပတဲ့ျမင္ကြင္းေတြကို ခံစားႏိုင္တဲ့အတြက္ ေစ်းႏႈန္းကို မၾကည့္ဘူးဆိုရင္ေတာ့ သံုးသင့္တဲ့ ဖုန္းတစ္ခုလို႔ ေျပာရမွာပါ။ Memoy ထပ္တိုးမယ္ဆိုရင္ Nano Memory Card ကို သံုးရမယ့္အခ်က္ ေတာ့ရွိပါတယ္။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 9.0
CPU Octa-core (2×2.6 GHz Cortex-A76 & 2×1.92 GHz Cortex-A76 & 4×1.8 GHz Cortex-A55)
GPU Mali-G76 MP10
Camera Triple 40 MP, f/1.8, 27mm (wide), 1/1.7″, PDAF/Laser AF, 20 MP, f/2.2, 16mm (ultrawide) , 1/2.7″, PDAF/Laser AF, 8 MP, f/2.4, 80mm (telephoto), 1/4″, 5x optical zoom, OIS, PDAF/Laser AF,(gyro-EIS), Selfie 24 MP, f/2.0, 26mm (wide)
Memory Internal 128GB, RAM 6GB
Battery Li-Po 4200 mAh

[ Unicode ]

Price : 1,499,000

အားသာချက်

ကျောဘက်ကင်မရာ သုံးလုံးပါဝင်တဲ့အချက်နဲ့ ကင်မရာပိုင်းမှာ တော်တော်လေး ကောင်းမွန်တဲ့အချက်၊ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ပါဝါ သိုလှောင်နိုင်မှုပမာဏ ကောင်းမွန်တဲ့အချက်၊ အားသွင်းနှုန်း မြန်ဆန်တဲ့အချက်၊ မှတ်ဉာဏ်ပိုင်းမြင့်မား ကောင်းမွန်တဲ့အချက်၊ ဖုန်းရဲ့ Chipset နဲ့ CPU တွေ၊ Performance ပိုင်းတွေ ကောင်းမွန်တဲ့အချက်တွေက ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ ပြောရမှာပါ။ Screen မြင်ကွင်းပိုင်း ကောင်းမွန်တဲ့အပြင် ရေစိုခံနိုင်တဲ့အချက်၊ In Display Fingerprint နည်းပညာပါဝင်လာတဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ကောင်းမွန်တဲ့ အချက်တွေပါ။

အားနည်းချက်

ဒီဖုန်းမှာ 3.5mm နားကြပ်ပေါက် မပါတဲ့အတွက် နားကြပ်အသုံးပြု မယ်ဆိုရင် USB နားကြပ်ကိုပဲအသုံးပြုရမှာပါ။ နောက် တစ်ချက်ကတော့ ဒီဖုန်းမှာ FM Radio စနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။ ဖုန်းရဲ့ Navigation Gesture စနစ်မှာ Navigation button တွေကို ဖျောက်ထားပြီး သုံးမယ်ဆိုရင် Screen အနားထောင့်လေးတွေက သိပ်ပြီး Sensitive မဖြစ်သလို ခံစားရစေပါတယ်။

CPU

Octa-core 2.6 GHz Cortex-A76 နှစ်လုံး၊ 1.92 GHz Cortex-A76 နှစ်လုံးနဲ့ 1.8 GHz Cortex-A55 လေးလုံး စုစုပေါင်း Core 8 လုံးကို အသုံးပြုထားပြီး Chipset ကတော့ Huawei ရဲ့ နောက် ဆုံးထွက် အမြင့်ဆုံး Chipset ဖြစ်တဲ့ HiSilicon Kirin 980 (7 nm) ကို သုံးထားတာတွေ့ရပါတယ်။ ဒီ Chipset ရဲ့ Combined Performance ကတော့ Techrank ရဲ့ဖော်ပြချက်အရ Snapdragon 845 ထပ်ပိုကောင်းတဲ့ အဆင့်နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။ Gaming ဖုန်းတစ်ခုလို့ ပြောလို့ရနိုင်လောက်တဲ့ မြင့်မားတဲ့ Performance မျိုး ဒီဖုန်းမှာရှိပါတယ်။

ဒီဇိုင်း

မျက််နှာပြင်အပြည့် ပုံစံမျိုးဖြစ်ပြီး ရှေ့မှန်အနားခုံးပုံစံကြောင့် မြင် ကွင်းတွေက 3D ပုံစံကြွနေတဲ့ မြင်ကွင်းမျိုးရှိပါတယ်။ ဖုန်းရဲ့ဘေးဘောင် တွေနဲ့ အထက်အောက်ဘောင်တွေ သေးငယ်ကျဉ်းမြောင်းလှပေမယ့် မျက်နှာပြင်အပေါ်ထိပ်ဘက်က Notch ကတော့ ကြီးတာတွေ့ရပါတယ်။ ကျောဘက်ကာဗာပေါ်မှာ ကင်မရာ ၃ လုံးနဲ့ Flash မီးကို လေးထောင့် ကွက်ပုံစံနဲ့ တပ်ဆင်ထားပြီး Fingerprint စနစ်ကိုတော့ In Screen Fingerprint ပုံစံနဲ့ အသုံးပြုရမှာပါ။ ဒီဇိုင်းကျစ်လျစ်လှပပြီး ကိုင်တွယ်အ သုံးပြုရတာ တော်တော်လေးကောင်းမွန်တဲ့ အထိအတွေ့မျိုးရှိပါတယ်။

ကင်မရာ

ကျောဘက်မှာ 40 MP (wide) ကင်မရာတစ်လုံး၊ 20 MP (ultrawide) ကင်မရာတစ်လုံးနဲ့ 8 MP (telephoto) ကင်မရာတစ်လုံးကို သုံးထားပြီး Zoom စနစ်မှာ 5X Zoom အထိကို ပုံရိပ်တုန်ခါမှုမရှိပဲ ရိုက်နိုင်တာ တွေ့ရပါတယ်။ Zoom စနစ်တော်တော်လေး ကောင်းသလို Micro စနစ်နဲ့ Portrait စနစ်တွေမှာလည်းတော်တော်လေးကောင်းတာတွေ့ရပါတယ်။ ကင်မရာရဲ့ ဓာတ်ပုံရုပ်ထွက် အရည်အသွေးက Low Light အခြေအနေမှာတောင် တော်တော်လေးကောင်းတဲ့အတွက် Day Light မှာကတော့ ပြောစရာကို သိပ်မရှိပါဘူး။ ကင်မရာစနစ်ပိုင်း မြင့်မားကောင်းမွန်တဲ့အတွက် ဓာတ်ပုံသမားတွေအတွက်ကတော့ အကြိုက်တွေ့နိုင်တဲ့ဖုန်းပါ။ ဒီဖုန်းမှာ 3D Scanning ဆိုတဲ့စနစ်က ခြေ၊ လက်တွေပါတဲ့အရုပ် တွေကို 3D Scan ဖတ်ပြီး 3D ရုပ်လေးတွေကို လမ်းလျှောက်ခိုင်းတာ၊ ကခိုင်းတာတွေ လုပ်နိုင်တဲ့စနစ်က တော်တော်လေး ဆန်းသစ်တဲ့စနစ် တစ်ခုလို့ ပြောရမှာပါ။ ရှေ့ကင်မရာကလည်း 24 MP ကင်မရာဖြစ်တဲ့တွက် Selfie ပိုင်းမှာလည်း ကောင်းပါတယ်။

သုံးသပ်ချက်

Mate 20 Pro ဟာ Performance ပိုင်းတော်တော်လေးကောင်းသလို ကင်မရာပိုင်းမှာလည်း တော်တော်လေးကောင်းတဲ့ ဖုန်းလို့ပြောရမှာပါ။ ဘက်ထရီစနစ်၊ အားသွင်းစနစ်တွေ၊ မှတ်ဉာဏ်ပိုင်း၊ ရေစိုခံစနစ် ပိုင်း တွေမှာလည်းကောင်းမွန်ပါတယ်။ ဒီဇိုင်းက လှပပေမယ့် ကျောဘက်မှာ ကင်မရာတွေကို လေးထောင့်ကွက်ကြီးနဲ့ လုပ်ထားတဲ့ပုံစံမျိုးမဟုတ်ရင် ပိုကောင်းနိုင်ပါတယ်။ မြင့်မားတဲ့ Performance နဲ့ ကောင်းမွန်တဲ့ ဓာတ်ပုံရုပ်ထွက်တွေ၊ ကျယ်ဝန်းလှပတဲ့မြင်ကွင်းတွေကို ခံစားနိုင်တဲ့အတွက် စျေးနှုန်းကို မကြည့်ဘူးဆိုရင်တော့ သုံးသင့်တဲ့ ဖုန်းတစ်ခုလို့ ပြောရမှာပါ။ Memoy ထပ်တိုးမယ်ဆိုရင် Nano Memory Card ကို သုံးရမယ့်အချက် တော့ရှိပါတယ်။