Huawei Mate 20 Pro Vs Samsung Galaxy Note 9

[ Zawgyi ]

ဒီဖုန္းႏွစ္လံုးဟာ လက္ရွိအခ်ိန္မွာ ေစ်းႏႈန္းခ်င္းတူညီေနၾကတဲ့ တန္ဖိုးျမင့္ဖုန္းေတြပါ။ ဒါေပမဲ့ ဖုန္းေတြရဲ႕ အသံုးျပဳရတဲ့ ပံုစံအပိုင္းေတြကေတာ့ ဒီဖုန္းႏွစ္လံုးမွာ ကြဲျပားမႈရွိေနပါတယ္။ Huawei ရဲ႕ Mate Series ေတြဟာ ဖုန္းရဲ႕ Performance ပိုင္းနဲ႔ ကင္မရာပိုင္းကို ဦးစားေပး တည္ေဆာက္တက္တဲ့ ဖုန္းေတြျဖစ္ၿပီး Samsung ရဲ႕ Note Series ေတြကေတာ့ Note Function ေတြနဲ႔ Pen ပိုင္းကို ဦးစားေပးတည္ေဆာက္တဲ့ ပံုစံမ်ိဳးရွိပါတယ္။ ဒါေၾကာင့္ ဒီဖုန္းႏွစ္ခုရဲ႕ ဦးတည္ခ်က္က ကြဲျပားပါတယ္။ ေရြးခ်ယ္သူေတြ အေနနဲ႔လည္း ကိုယ္တိုင္က ဘယ္စနစ္ေတြကို အဓိကအသံုးျပဳမယ္ဆိုတဲ့ အခ်က္ေပၚမွာ ဦးတည္စဥ္းစားရမွာပါ။

CPU

Mate 20 Pro က Octa-core 2.6 GHz Cortex-A76 ႏွစ္လံုး၊ 1.92 GHz Cortex-A76 ႏွစ္လံုးနဲ႔ 1.8 GHz Cortex-A55) ေလးလံုးကို သံုးထားၿပီး Note 9 ကေတာ့ Octa-core 2.7 GHz Mongoose M3 ေလးလံုးနဲ႔ 1.8 GHz Cortex-A55 ေလးလံုးကို သံုးထားတာ ေတြ႕ရပါတယ္။ CPU ပိုင္းမွာေတာ့ အသံုးျပဳရတဲ့ Performance ပိုင္းမွာ မကြာလွပါဘူး။

Chipset ပိုင္းမွာေတာ့ Mate 20 Pro က HiSilicon Kirin 980 (7 nm) Chipset ကိုသံုးထားၿပီး Note9 က Exynos 9810 Octa (10 nm) ကို သံုးထားတာပါ။ ဒီ Chipset ႏွစ္ခုရဲ႕ စြမ္းေဆာင္ရည္က benchmark ရလဒ္ခ်င္းတူတူပဲလို႔ ေျပာလို႔ရပါတယ္။ Techrank ရဲ႕ Combined Performance ေဖာ္ျပခ်က္မွာလည္း Chipset ႏွစ္ခုလံုးရဲ႕ ရလဒ္အမွတ္ခ်င္း တူညီတာေတြ႕ရပါတယ္။ ဂရပ္ဖစ္ GPU ပိုင္းမွာလည္း Performance က တူတူပဲလို႔ ေျပာရမွာပါ။ တန္ဖိုးျမင့္ဖုန္းေတြျဖစ္တဲ့အတြက္ Performance ပိုင္းကေတာ့ လံုးဝစိတ္ခ် ရတယ္လို႔ ေျပာလို႔ရတဲ့ ဖုန္းေတြျဖစ္ၿပီး တစ္ေန႔တာလံုးအတြက္ ဖုန္းကိုထိေတြ႕အသံုးျပဳျခင္းေတြအတြက္လည္း သြက္လက္ ျမန္ဆန္မႈရွိတာ ေတြ႕ရပါတယ္။ ဖုန္းအေပၚမွာ အမ်ားအျပား Push လုပ္ၿပီး ခိုင္းေစမႈေတြအတြက္လည္း ဒီဖုန္းေတြရဲ႕ CPU, Chipset နဲ႔ GPU ေတြရဲ႕ Performance က အဆင္ေျပပါတယ္။ CPU နဲ႔ GPU ရမွတ္ေတြ တူညီၾကၿပီး Performance ပိုင္းမွာတူညီၾကေပမယ့္ GPU ပိုင္းမွာေတာ့ Mate 20 Pro က ပိုျမင့္တယ္လို႔ ေျပာလို႔ရပါတယ္။

Huawei Mate 20 Pro
Samsung Galaxy Note 9

Battery

Mate 20 Pro မွာေတာ့ Li-Po 4200 mAh ဘက္ထရီကို အသံုးျပဳထားၿပီး Note 9 ကေတာ့ Li-Ion 4000 mAh ဘက္ထရီကို သံုးထားတာပါ။ ကိန္းဂဏန္းအရ ၾကည့္ရင္ေတာ့ Mate 20 Pro ရဲ႕ ဘက္ထရီက ပိုေကာင္းသလို ဖုန္းကိုယွဥ္ၿပီး သံုးၾကည့္တဲ့ အခ်ိန္မွာလည္း Mate 20 Pro ကပိုၿပီး အသံုးခံႏိုင္တာ ေတြ႕ရပါ တယ္။ Wireless Charging စနစ္နဲ႔ အားသြင္းႏႈန္းျမန္ဆန္တဲ့ First Battery Charging စနစ္ကလည္း ဖုန္းႏွစ္ခုစလံုးမွာ ပါဝင္ပါတယ္။ အားသြင္းျမန္ဆန္မႈ ႏႈန္းမွာေတာ့ Mate 20 Pro က ပိုေကာင္းတာ ေတြ႕ရပါတယ္။ Mate 20 Pro ရဲ႕အားသြင္းႏႈန္းဟာ 40W ရွိၿပီး သူ႔ရဲ႕ Wiresess Charging စနစ္ကလည္း ကမၻာ့ပထမဆံုး 15W အားသြင္းစနစ္ျဖစ္တဲ့အတြက္ Quick Charging စနစ္မွာေတာ့ Mate 20 Pro က ပိုေကာင္းပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ Mate 20 Pro ရဲ႕ ဘက္ထရီစနစ္မွာ reverse charging ဆိုတဲ့စနစ္ ပါဝင္ပါတယ္။ ဒီစနစ္ကေတာ့ Mate 20 Pro ကေန အျခား Wireless Charging စနစ္ အေထာက္အပံ့ပါတဲ့ ဘယ္ဖုန္းေတြကိုမဆို Mate 20 Pro ဖုန္းနဲ႔ ေက်ာခ်င္းကပ္လိုက္႐ံုနဲ႔ ဖုန္းေတြကို အားသြင္းေပးႏိုင္ပါတယ္။ ဖုန္းမွာ ဘက္ထရီ 10 ရာခိုင္ႏႈန္းေလာက္ အက်န္ကေန အားသြင္းမယ္ဆိုရင္ ရာခိုင္ႏႈန္း 70 ကိုမိနစ္ 20 ေလာက္ပဲ ၾကာျမင့္သလိုတဲ့အတြက္ အားသြင္းစနစ္နဲ႔ ဘက္ထရီပိုင္းမွာဆိုရင္ Mate 20 Pro ကိုပဲေရြးရမွာပါ။

Huawei Mate 20 Pro
Samsung Galaxy Note 9

Memory

Samsung ရဲ႕ Note 9 မွာ မွတ္ဉာဏ္ပမာဏက ႏွစ္မ်ိဳးေရြးခ်ယ္ႏိုင္ေပမယ့္ လက္ရွိေဖာ္ျပတဲ့ ေစ်းႏႈန္းအရဆိုရင္ေတာ့ Internal Memory ပိုင္းမွာ ဒီဖုန္းႏွစ္လံုးဟာ တူညီေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ Mate 20 Pro ဟာ Internal Memory 128 GB ျဖစ္ၿပီး Note 9 ကလည္း Internal Memory 128GB ပါပဲ။ RAM ပိုင္းမွာလည္း 6GB RAM ေတြျဖစ္ၾကတဲ့အတြက္ RAM ပိုိင္းမွာလည္း တူတူပါပဲ။

Huawei Mate 20 Pro
Samsung Galaxy Note 9

Sim Slot

Sim Slot ပိုင္းမွာ Mate 20 Pro က Nano Sim ႏွစ္ကတ္ ထည့္သံုးရမွာျဖစ္ၿပီး SD Card သံုးမယ္ဆိုရင္လည္း Nano SD Card ကို သံုးရမွာပါ။ 256GB အထိ ထပ္တိုးႏိုင္ၿပီး SD Card သံုးမယ္ဆိုရင္ Sim Card တစ္ကတ္ပဲ သံုးလို႔ရႏိုင္ပါလိမ့္မယ္။ Note 9 ကလည္း Nano Sim ႏွစ္ကတ္သံုးရမွာျဖစ္ၿပီး ပံုမွန္ SD Card ကို 512GB အထိ အသံုးျပဳႏိုင္ပါ တယ္။ Note 9 ကလည္း SD Card သံုးမယ္ဆိုရင္ SD Card တစ္ကတ္ပဲ သံုးရမွာပါ။

Memory ပိုင္းမွာတူညီတဲ့ ဒီဖုန္းႏွစ္လံုးမွာေတာ့ SD Card အေထာက္အပံ့ေပးတဲ့ ပံုစံခ်င္းက ကြဲျပားမႈရွိေနပါတယ္။ SD Card Support ပိုင္းမွာ Note 9 က 512GB အထိ အသံုးျပဳႏိုင္သလို ပံုမွန္ SD Card ကိုလည္း အသံုးျပဳႏိုင္ပါတယ္။ Mate 20 Pro ကေတာ့ 256GB အထိပဲ ေထာက္ပံ့ေပးႏိုင္ၿပီး Nano SD Card ကိုအသံုးျပဳရမွာပါ။ ဖုန္းထဲမွာ အျခားပစၥည္းေတြကို ပိုမိုထည့္သြင္း တပ္ဆင္ႏိုင္ဖို႔အတြက္ Card Slot ကို ခ်ံဳ႕လိုက္တဲ့ပံုစံမ်ိဳးရွိပါတယ္။ ဒါေပမဲ့ ဒီေနရာမွာ Mate 20 Pro ရဲ႕အားသာခ်က္တစ္ခ်က္ရွိပါတယ္။ အဲ့ဒါကေတာ့ Mate 20 Pro ကို ဝယ္လိုက္တာနဲ႔ 128GB Nano SD Card ကို တစ္ပါတည္း ရရွိမွာျဖစ္တဲ့အတြက္ Nano SD Card ရွာေဖြဖို႔အတြက္ အခက္အခဲမရွိႏိုင္ပါဘူး။

Camera

Mate 20 Pro ရဲ႕ေက်ာဘက္ကင္မရာက ကင္မရာသံုးလံုးျဖစ္ၿပီး Note 9 ရဲ႕ ေက်ာဘက္ကင္မရာက ကင္မရာ ႏွစ္လံုးပါ။ ဒီအခ်က္ကို ၾကည့္လိုက္တာနဲ႔တင္ Mate 20 Pro က ကင္မရာပိုင္းမွာ ပိုၿပီးအားသာခ်က္ ရွိေနတာကို ျမင္ရပါလိမ့္မယ္။

Mate 20 Pro က 40 MP, f/1.8, 27mm (wide), Laser Auto Focus တစ္လံုး 20 MP, f/2.2, 16mm (ultrawide), Laser Auto Focus တစ္လံုးနဲ႔ 8 MP, f/2.4, 80mm (telephoto), 5x optical zoom, Laser Auto Focus တစ္လံုး စုစုေပါင္း ကင္မရာသံုးလံုးကို သံုးထားတာပါ။

Note 9 ကေတာ့ 12 MP, f/1.5-2.4, 26mm (wide) ကင္မရာတစ္လံုးနဲ႔ 12 MP, f/2.4, 52mm (telephoto), 2x optical zoom ကင္မရာတစ္လံုးကို သံုးထားတာပါ။ ဒီအခ်က္ကိုၾကည့္ျခင္းအားျဖင့္ Mate 20 Pro ရဲ႕ကင္မရာအေရအတြက္နဲ႔ Megapixels ပိုင္းေတြက ပိုေကာင္းေနတာ ေတြ႕ႏိုင္ပါတယ္။

ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာလည္း Mate 20 Pro က ႐ုပ္ထြက္ပိုင္းနဲ႔ AI ရဲ႕အလိုအေလ်ာက္သိရွိႏိုင္စြမ္း စြမ္းေဆာင္ရည္ပိုင္းေတြမွာ ပိုေကာင္းတာ ေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ Tele Photo လို႔ေခၚတဲ့ Zoom စနစ္မွာဆိုရင္လည္း Mate 20 Pro က Zoom စနစ္ပိုေကာင္းသလို ဓာတ္ပံု႐ိုက္တဲ့ အခ်ိန္မွာလည္း Mate 20 Pro ရဲ႕ Zoom စနစ္က ပိုၿငိမ္ၿပီး ပိုၾကည္လင္တာေတြ႕ရပါတယ္။
Micro Photo ပိုင္းမွာလည္း Mate 20 Pro က ပိုေကာင္းတာေတြ႕ရၿပီး ကင္မရာရဲ႕ AI စနစ္က ကင္မရာနဲ႔ Subject ကို နီးကပ္လိုက္တာနဲ႔ ကင္မရာေတြရဲ႕ Lens ေတြကေန Micro ဆုိတာကို အလိုအေလ်ာက္သိရွိတုန္႔ ျပန္ေဆာင္ရြက္ေပးႏိုင္ပါတယ္။
3D Emoji နဲ႔ 3D Animation စနစ္ပိုင္းမွာဆိုရင္လည္း Note9 မွာပါဝင္တဲ့ AI Emoji စနစ္ေတြဟာ Mate 20 Pro မွာလည္း ပါဝင္တာေတြ႕ရပါတယ္။ ဒါေပမယ့္ Mate 20 Pro ရဲ႕အားသာခ်က္ကေတာက 3D Scanning ဆိုတဲ့စနစ္ပါ။ ကင္မရာကေန ေျခ၊ လက္ေတြပါတဲ့ အ႐ုပ္ေလးတစ္ခုကို 3D Scan ဖတ္လိုက္မယ္ဆိုရင္ အဲ့ဒီအ႐ုပ္ေလးက 3D ပံုစံနဲ႔ ဖုန္းျမင္ကြင္းေပၚမွာ ေပၚလာမွာျဖစ္ၿပီး ဒီအ႐ုပ္ေလးကို လမ္းေလွ်ာက္ခိုင္းတာ၊ ကခိုင္းတာေတြ လုပ္ေဆာင္ႏိုင္သလို တစ္ဦးတစ္ေယာက္နဲ႔ အတူတူတြဲၿပီး လမ္းေလွ်ာက္ေနတဲ့ ပံုစံမ်ိဳးေတြ လုပ္ႏိုင္တဲ့ စနစ္ကိုလည္း Mate 20 Pro မွာပဲ အသံုးျပဳႏိုင္ပါလိမ့္မယ္။ ေနာက္တစ္ခ်က္ကေတာ့ Mate 20 Pro မွာ အသံုးျပဳထားတဲ့ Lens ေတြက Leica Lens ေတြျဖစ္တဲ့အတြက္ ကင္မရာပိုင္းမွာေတာ့ Mate 20 Pro ကိုပိုႀကိဳက္တယ္လို႔ ေျပာခ်င္ပါတယ္။

Huawei Mate 20 Pro
Samsung Galaxy Note 9

Screen

Mate 20 Pro က ၆.၃၉ လက္မ မ်က္ႏွာျပင္ျဖစ္ၿပီး Note 9 ကေတာ့ ၆.၄ လက္မ မ်က္ႏွာျပင္ပါ။ Screen ရဲ႕ Resolution ကေတာ့ Mate 20 Pro က AMOLED, 1440 x 3120 Pixels ရွိၿပီး Note 9 ကလည္း Super AMOLED, 1440 x 2960 Pixels ရွိပါတယ္။
Note 9 ကေတာ့ Notch မပါတဲ့ ဒီဇိုင္းမ်ိဳးျဖစ္ၿပီး ကိုယ္ထည္ေပၚမွာ Screen ပါဝင္မႈ ရာခိုင္ႏႈန္းက 83.4 ရာခိုင္ႏႈန္းရွိပါတယ္။ Mate 20 Pro ကေတာ့ အရြယ္အနည္းငယ္ရွိတဲ့ Notch တစ္ခုပါဝင္ၿပီး ကိုယ္ထည္နဲ႔ Screen အခ်ိဳးကေတာ့ 87.9 ရာခိုင္ႏႈန္းရွိတဲ့အတြက္ Screen ပါဝင္မႈ ရာခိုင္ႏႈန္းနဲ႔ မ်က္ႏွာျပင္အက်ယ္အဝန္း မွာ Mate 20 Pro ကပိုေကာင္းတယ္လို႔ ေျပာလို႔ရပါတယ္။

Huawei Mate 20 Pro
Samsung Galaxy Note 9

ေရစိုခံႏိုင္မႈ

ဒီဖုန္းႏွစ္ခုစလံုးဟာ တန္ဖိုးျမင့္ဖုန္းေတြျဖစ္သလို ေရစိုခံႏိုင္တဲ့ ဖုန္းေတြလဲျဖစ္ပါတယ္။ ေရစိုခံႏိုင္မႈအ ဆင့္သတ္မွတ္ခ်က္မွာေတာ့ Note 9 က IP 68 ျဖစ္သလို Mate 20 Pro ကလည္း IP 68 ပါပဲ။ ဒါေၾကာင့္ ေရစိုခံႏိုင္မႈ အဆင့္သတ္မွတ္ခ်က္မွာေတာ့ ဒီဖုန္းႏွစ္လံုးက တူတူပဲလို႔ ေျပာရမွာပါ။

Huawei Mate 20 Pro
Samsung Galaxy Note 9

[ Unicode ]

ဒီဖုန်းနှစ်လုံးဟာ လက်ရှိအချိန်မှာ စျေးနှုန်းချင်းတူညီနေကြတဲ့ တန်ဖိုးမြင့်ဖုန်းတွေပါ။ ဒါပေမဲ့ ဖုန်းတွေရဲ့ အသုံးပြုရတဲ့ ပုံစံအပိုင်းတွေကတော့ ဒီဖုန်းနှစ်လုံးမှာ ကွဲပြားမှုရှိနေပါတယ်။ Huawei ရဲ့ Mate Series တွေဟာ ဖုန်းရဲ့ Performance ပိုင်းနဲ့ ကင်မရာပိုင်းကို ဦးစားပေး တည်ဆောက်တက်တဲ့ ဖုန်းတွေဖြစ်ပြီး Samsung ရဲ့ Note Series တွေကတော့ Note Function တွေနဲ့ Pen ပိုင်းကို ဦးစားပေးတည်ဆောက်တဲ့ ပုံစံမျိုးရှိပါတယ်။ ဒါကြောင့် ဒီဖုန်းနှစ်ခုရဲ့ ဦးတည်ချက်က ကွဲပြားပါတယ်။ ရွေးချယ်သူတွေ အနေနဲ့လည်း ကိုယ်တိုင်က ဘယ်စနစ်တွေကို အဓိကအသုံးပြုမယ်ဆိုတဲ့ အချက်ပေါ်မှာ ဦးတည်စဉ်းစားရမှာပါ။

CPU

Mate 20 Pro က Octa-core 2.6 GHz Cortex-A76 နှစ်လုံး၊ 1.92 GHz Cortex-A76 နှစ်လုံးနဲ့ 1.8 GHz Cortex-A55) လေးလုံးကို သုံးထားပြီး Note 9 ကတော့ Octa-core 2.7 GHz Mongoose M3 လေးလုံးနဲ့ 1.8 GHz Cortex-A55 လေးလုံးကို သုံးထားတာ တွေ့ရပါတယ်။ CPU ပိုင်းမှာတော့ အသုံးပြုရတဲ့ Performance ပိုင်းမှာ မကွာလှပါဘူး။

Chipset ပိုင်းမှာတော့ Mate 20 Pro က HiSilicon Kirin 980 (7 nm) Chipset ကိုသုံးထားပြီး Note9 က Exynos 9810 Octa (10 nm) ကို သုံးထားတာပါ။ ဒီ Chipset နှစ်ခုရဲ့ စွမ်းဆောင်ရည်က benchmark ရလဒ်ချင်းတူတူပဲလို့ ပြောလို့ရပါတယ်။ Techrank ရဲ့ Combined Performance ဖော်ပြချက်မှာလည်း Chipset နှစ်ခုလုံးရဲ့ ရလဒ်အမှတ်ချင်း တူညီတာတွေ့ရပါတယ်။ ဂရပ်ဖစ် GPU ပိုင်းမှာလည်း Performance က တူတူပဲလို့ ပြောရမှာပါ။ တန်ဖိုးမြင့်ဖုန်းတွေဖြစ်တဲ့အတွက် Performance ပိုင်းကတော့ လုံးဝစိတ်ချ ရတယ်လို့ ပြောလို့ရတဲ့ ဖုန်းတွေဖြစ်ပြီး တစ်နေ့တာလုံးအတွက် ဖုန်းကိုထိတွေ့အသုံးပြုခြင်းတွေအတွက်လည်း သွက်လက် မြန်ဆန်မှုရှိတာ တွေ့ရပါတယ်။ ဖုန်းအပေါ်မှာ အများအပြား Push လုပ်ပြီး ခိုင်းစေမှုတွေအတွက်လည်း ဒီဖုန်းတွေရဲ့ CPU, Chipset နဲ့ GPU တွေရဲ့ Performance က အဆင်ပြေပါတယ်။ CPU နဲ့ GPU ရမှတ်တွေ တူညီကြပြီး Performance ပိုင်းမှာတူညီကြပေမယ့် GPU ပိုင်းမှာတော့ Mate 20 Pro က ပိုမြင့်တယ်လို့ ပြောလို့ရပါတယ်။

Battery

Mate 20 Pro မှာတော့ Li-Po 4200 mAh ဘက်ထရီကို အသုံးပြုထားပြီး Note 9 ကတော့ Li-Ion 4000 mAh ဘက်ထရီကို သုံးထားတာပါ။ ကိန်းဂဏန်းအရ ကြည့်ရင်တော့ Mate 20 Pro ရဲ့ ဘက်ထရီက ပိုကောင်းသလို ဖုန်းကိုယှဉ်ပြီး သုံးကြည့်တဲ့ အချိန်မှာလည်း Mate 20 Pro ကပိုပြီး အသုံးခံနိုင်တာ တွေ့ရပါ တယ်။ Wireless Charging စနစ်နဲ့ အားသွင်းနှုန်းမြန်ဆန်တဲ့ First Battery Charging စနစ်ကလည်း ဖုန်းနှစ်ခုစလုံးမှာ ပါဝင်ပါတယ်။ အားသွင်းမြန်ဆန်မှု နှုန်းမှာတော့ Mate 20 Pro က ပိုကောင်းတာ တွေ့ရပါတယ်။ Mate 20 Pro ရဲ့အားသွင်းနှုန်းဟာ 40W ရှိပြီး သူ့ရဲ့ Wiresess Charging စနစ်ကလည်း ကမ္ဘာ့ပထမဆုံး 15W အားသွင်းစနစ်ဖြစ်တဲ့အတွက် Quick Charging စနစ်မှာတော့ Mate 20 Pro က ပိုကောင်းပါတယ်။ နောက်တစ်ချက်ကတော့ Mate 20 Pro ရဲ့ ဘက်ထရီစနစ်မှာ reverse charging ဆိုတဲ့စနစ် ပါဝင်ပါတယ်။ ဒီစနစ်ကတော့ Mate 20 Pro ကနေ အခြား Wireless Charging စနစ် အထောက်အပံ့ပါတဲ့ ဘယ်ဖုန်းတွေကိုမဆို Mate 20 Pro ဖုန်းနဲ့ ကျောချင်းကပ်လိုက်ရုံနဲ့ ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။ ဖုန်းမှာ ဘက်ထရီ 10 ရာခိုင်နှုန်းလောက် အကျန်ကနေ အားသွင်းမယ်ဆိုရင် ရာခိုင်နှုန်း 70 ကိုမိနစ် 20 လောက်ပဲ ကြာမြင့်သလိုတဲ့အတွက် အားသွင်းစနစ်နဲ့ ဘက်ထရီပိုင်းမှာဆိုရင် Mate 20 Pro ကိုပဲရွေးရမှာပါ။

Memory

Samsung ရဲ့ Note 9 မှာ မှတ်ဉာဏ်ပမာဏက နှစ်မျိုးရွေးချယ်နိုင်ပေမယ့် လက်ရှိဖော်ပြတဲ့ စျေးနှုန်းအရဆိုရင်တော့ Internal Memory ပိုင်းမှာ ဒီဖုန်းနှစ်လုံးဟာ တူညီနေတာကို တွေ့ရမှာဖြစ်ပါတယ်။ Mate 20 Pro ဟာ Internal Memory 128 GB ဖြစ်ပြီး Note 9 ကလည်း Internal Memory 128GB ပါပဲ။ RAM ပိုင်းမှာလည်း 6GB RAM တွေဖြစ်ကြတဲ့အတွက် RAM ပိိုင်းမှာလည်း တူတူပါပဲ။

Sim Slot

Sim Slot ပိုင်းမှာ Mate 20 Pro က Nano Sim နှစ်ကတ် ထည့်သုံးရမှာဖြစ်ပြီး SD Card သုံးမယ်ဆိုရင်လည်း Nano SD Card ကို သုံးရမှာပါ။ 256GB အထိ ထပ်တိုးနိုင်ပြီး SD Card သုံးမယ်ဆိုရင် Sim Card တစ်ကတ်ပဲ သုံးလို့ရနိုင်ပါလိမ့်မယ်။ Note 9 ကလည်း Nano Sim နှစ်ကတ်သုံးရမှာဖြစ်ပြီး ပုံမှန် SD Card ကို 512GB အထိ အသုံးပြုနိုင်ပါ တယ်။ Note 9 ကလည်း SD Card သုံးမယ်ဆိုရင် SD Card တစ်ကတ်ပဲ သုံးရမှာပါ။

Memory ပိုင်းမှာတူညီတဲ့ ဒီဖုန်းနှစ်လုံးမှာတော့ SD Card အထောက်အပံ့ပေးတဲ့ ပုံစံချင်းက ကွဲပြားမှုရှိနေပါတယ်။ SD Card Support ပိုင်းမှာ Note 9 က 512GB အထိ အသုံးပြုနိုင်သလို ပုံမှန် SD Card ကိုလည်း အသုံးပြုနိုင်ပါတယ်။ Mate 20 Pro ကတော့ 256GB အထိပဲ ထောက်ပံ့ပေးနိုင်ပြီး Nano SD Card ကိုအသုံးပြုရမှာပါ။ ဖုန်းထဲမှာ အခြားပစ္စည်းတွေကို ပိုမိုထည့်သွင်း တပ်ဆင်နိုင်ဖို့အတွက် Card Slot ကို ချုံ့လိုက်တဲ့ပုံစံမျိုးရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ Mate 20 Pro ရဲ့အားသာချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ Mate 20 Pro ကို ဝယ်လိုက်တာနဲ့ 128GB Nano SD Card ကို တစ်ပါတည်း ရရှိမှာဖြစ်တဲ့အတွက် Nano SD Card ရှာဖွေဖို့အတွက် အခက်အခဲမရှိနိုင်ပါဘူး။

Camera

Mate 20 Pro ရဲ့ကျောဘက်ကင်မရာက ကင်မရာသုံးလုံးဖြစ်ပြီး Note 9 ရဲ့ ကျောဘက်ကင်မရာက ကင်မရာ နှစ်လုံးပါ။ ဒီအချက်ကို ကြည့်လိုက်တာနဲ့တင် Mate 20 Pro က ကင်မရာပိုင်းမှာ ပိုပြီးအားသာချက် ရှိနေတာကို မြင်ရပါလိမ့်မယ်။

Mate 20 Pro က 40 MP, f/1.8, 27mm (wide), Laser Auto Focus တစ်လုံး 20 MP, f/2.2, 16mm (ultrawide), Laser Auto Focus တစ်လုံးနဲ့ 8 MP, f/2.4, 80mm (telephoto), 5x optical zoom, Laser Auto Focus တစ်လုံး စုစုပေါင်း ကင်မရာသုံးလုံးကို သုံးထားတာပါ။

Note 9 ကတော့ 12 MP, f/1.5-2.4, 26mm (wide) ကင်မရာတစ်လုံးနဲ့ 12 MP, f/2.4, 52mm (telephoto), 2x optical zoom ကင်မရာတစ်လုံးကို သုံးထားတာပါ။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် Mate 20 Pro ရဲ့ကင်မရာအရေအတွက်နဲ့ Megapixels ပိုင်းတွေက ပိုကောင်းနေတာ တွေ့နိုင်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အချိန်မှာလည်း Mate 20 Pro က ရုပ်ထွက်ပိုင်းနဲ့ AI ရဲ့အလိုအလျောက်သိရှိနိုင်စွမ်း စွမ်းဆောင်ရည်ပိုင်းတွေမှာ ပိုကောင်းတာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ Tele Photo လို့ခေါ်တဲ့ Zoom စနစ်မှာဆိုရင်လည်း Mate 20 Pro က Zoom စနစ်ပိုကောင်းသလို ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်း Mate 20 Pro ရဲ့ Zoom စနစ်က ပိုငြိမ်ပြီး ပိုကြည်လင်တာတွေ့ရပါတယ်။
Micro Photo ပိုင်းမှာလည်း Mate 20 Pro က ပိုကောင်းတာတွေ့ရပြီး ကင်မရာရဲ့ AI စနစ်က ကင်မရာနဲ့ Subject ကို နီးကပ်လိုက်တာနဲ့ ကင်မရာတွေရဲ့ Lens တွေကနေ Micro ဆိုတာကို အလိုအလျောက်သိရှိတုန့် ပြန်ဆောင်ရွက်ပေးနိုင်ပါတယ်။
3D Emoji နဲ့ 3D Animation စနစ်ပိုင်းမှာဆိုရင်လည်း Note9 မှာပါဝင်တဲ့ AI Emoji စနစ်တွေဟာ Mate 20 Pro မှာလည်း ပါဝင်တာတွေ့ရပါတယ်။ ဒါပေမယ့် Mate 20 Pro ရဲ့အားသာချက်ကတောက 3D Scanning ဆိုတဲ့စနစ်ပါ။ ကင်မရာကနေ ခြေ၊ လက်တွေပါတဲ့ အရုပ်လေးတစ်ခုကို 3D Scan ဖတ်လိုက်မယ်ဆိုရင် အဲ့ဒီအရုပ်လေးက 3D ပုံစံနဲ့ ဖုန်းမြင်ကွင်းပေါ်မှာ ပေါ်လာမှာဖြစ်ပြီး ဒီအရုပ်လေးကို လမ်းလျှောက်ခိုင်းတာ၊ ကခိုင်းတာတွေ လုပ်ဆောင်နိုင်သလို တစ်ဦးတစ်ယောက်နဲ့ အတူတူတွဲပြီး လမ်းလျှောက်နေတဲ့ ပုံစံမျိုးတွေ လုပ်နိုင်တဲ့ စနစ်ကိုလည်း Mate 20 Pro မှာပဲ အသုံးပြုနိုင်ပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ Mate 20 Pro မှာ အသုံးပြုထားတဲ့ Lens တွေက Leica Lens တွေဖြစ်တဲ့အတွက် ကင်မရာပိုင်းမှာတော့ Mate 20 Pro ကိုပိုကြိုက်တယ်လို့ ပြောချင်ပါတယ်။

Screen

Mate 20 Pro က ၆.၃၉ လက်မ မျက်နှာပြင်ဖြစ်ပြီး Note 9 ကတော့ ၆.၄ လက်မ မျက်နှာပြင်ပါ။ Screen ရဲ့ Resolution ကတော့ Mate 20 Pro က AMOLED, 1440 x 3120 Pixels ရှိပြီး Note 9 ကလည်း Super AMOLED, 1440 x 2960 Pixels ရှိပါတယ်။
Note 9 ကတော့ Notch မပါတဲ့ ဒီဇိုင်းမျိုးဖြစ်ပြီး ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှု ရာခိုင်နှုန်းက 83.4 ရာခိုင်နှုန်းရှိပါတယ်။ Mate 20 Pro ကတော့ အရွယ်အနည်းငယ်ရှိတဲ့ Notch တစ်ခုပါဝင်ပြီး ကိုယ်ထည်နဲ့ Screen အချိုးကတော့ 87.9 ရာခိုင်နှုန်းရှိတဲ့အတွက် Screen ပါဝင်မှု ရာခိုင်နှုန်းနဲ့ မျက်နှာပြင်အကျယ်အဝန်း မှာ Mate 20 Pro ကပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။

ရေစိုခံနိုင်မ

ဒီဖုန်းနှစ်ခုစလုံးဟာ တန်ဖိုးမြင့်ဖုန်းတွေဖြစ်သလို ရေစိုခံနိုင်တဲ့ ဖုန်းတွေလဲဖြစ်ပါတယ်။ ရေစိုခံနိုင်မှုအ ဆင့်သတ်မှတ်ချက်မှာတော့ Note 9 က IP 68 ဖြစ်သလို Mate 20 Pro ကလည်း IP 68 ပါပဲ။ ဒါကြောင့် ရေစိုခံနိုင်မှု အဆင့်သတ်မှတ်ချက်မှာတော့ ဒီဖုန်းနှစ်လုံးက တူတူပဲလို့ ပြောရမှာပါ။