September 20, 2018

Huawei Mate 10Pro

[ Zawgyi ]

Price : 1,059,000

အားသာခ်က္

ေနာက္ဘက္ကင္မရာ ႏွစ္လံုးပါဝင္ျခင္းနဲ႔ ကင္မရာ ေကာင္းမြန္တာ၊ ဖုန္းရဲ႕ Screen ပိုင္းေကာင္းမြန္ျခင္းေတြက ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့အခ်က္လို႔ ဆိုရမွာပါ။ မ်က္ႏွာျပင္အျပည့္ ပံုစံမ်ိဳးျဖစ္ၿပီး မွတ္ဉာဏ္ပိုင္းျမင့္မား ေကာင္းမြန္ျခင္း၊ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏို္င္မႈ ပမာဏျမင့္မားျခင္းေတြက ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့ အခ်က္ေတြပါပဲ။ ဖုန္းရဲ႕ Specification ပိုင္းေတြ ေကာင္းမြန္ၿပီး CPU, GPU ပိုင္းေတြ ျမင့္မားေကာင္းမြန္တဲ့ အခ်က္နဲ႔ ဖုန္းရဲ႕ ပံုစံဒီဇိုင္းပိုင္း လွပျခင္း၊ ေရစိုခံႏိုင္ျခင္း၊ OS ျမင့္မားျခင္း၊ ကင္မရာမွာ အသံုးျပဳထားတဲ့ Leica Lens ေတြရဲ႕ စြမ္းေဆာင္ရည္ ေကာင္းမြန္ျခင္းစတဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ေကာင္းမြန္တဲ့ အားသာခ်က္ေတြလို႔ ဆုိႏိုင္ပါတယ္။

အားနည္းခ်က္

ဖုန္းရဲ႕မွတ္ဉာဏ္ပိုင္း ျမင့္မားေကာင္းမြန္ေပမယ့္လည္း ေနာက္ထပ္ မွတ္ဉာဏ္ထပ္တိုးၿပီး သံုးႏိုင္ဖို႔အတြက္ SD Card Slot မပါဝင္ပါဘူး။

ဒီဇိုင္း

ဒီဇိုင္းကလွပေသသပ္ၿပီး က်စ္က်စ္လ်စ္လ်စ္ရွိတဲ့ ပံုစံမ်ိဳးရွိပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္ အျပည့္ပံုစံမ်ိဳးျဖစ္ၿပီး ဖုန္းရဲ႕ေဘးေဘာင္ေတြ ပါးလႊာေသးငယ္တဲ့အျပင္ မ်က္ႏွာျပင္အေပၚေဘာင္နဲ႔ ေအာက္ေျခေဘာင္ေတြကလည္း ေသးငယ္ပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္ေပၚမွာ ခလုတ္ေတြ တစ္ခုမွ မပါဘဲတဲ့အတြက္ Android Button ေတြကို Touch စနစ္နဲ႔ပဲ အသံုးျပဳရမွာပါ။ ေရွ႕ဘက္မ်က္ႏွာျပင္ အေပၚထိပ္မွာ ကင္မရာကို တပ္ဆင္ထားၿပီး ေက်ာဘက္ကာဗာအေပၚနားမွာ ကင္မရာႏွစ္လံုးကို အထက္ေအာက္ပံုစံမ်ိဳးနဲ႔ တပ္ဆင္ေပးထားပါတယ္။ Fingerprint Sensro ကိုလည္း ေက်ာဘက္ကာဗာေပၚမွာပဲ ကင္မရာရဲ႕ ေအာက္နားမွာ တပ္ဆင္ေပးထားပါတယ္။ စပီကာ၊ USB နဲ႔ နားၾကပ္ေပါက္ေတြကေတာ့ ဖုန္းရဲ႕ေအာက္ေျခ ေဘာင္ေပၚမွာတပ္ဆင္ ေပးထားတာပါ။ ဖုန္းရဲ႕ ေရွ႕ဘက္နဲ႔ ေနာက္ဘက္ မ်က္ႏွာျပင္ေတြအားလံုးကို မွန္သားေတြကို အသံုးျပဳထားၿပီးကိုယ္ထည္ကေတာ့ သတၱဳကိုယ္ထည္နဲ႔ တည္ေဆာက္ထားတာပါ။

ျမင္ကြင္း

ျမင္ကြင္းအရြယ္အစားက ၆.၀ လက္မရွိတဲ့ AMOLED Screen ကို အသံုးျပဳထားၿပီး 1080 x 2160 pixels, 18:9 ratio ရွိပါတယ္။

နည္းပညာ

ကင္မရာပိုင္းမွာ ေနာက္ဘက္ကင္မရာေရာ ေရွ႕ကင္မရာမွာပါ Portrait Mode စနစ္ေတြ ပါဝင္ပါတယ္။ ဓာတ္ပံုအသံုးျပဳ စနစ္ပိုင္းေတြမွာလည္း Wide Aperture, Moving Capture အစရွိတဲ့ စနစ္ေတြ စံုစံုလင္လင္ ထည့္သြင္းေပးထားတာ ေတြ႕ရမွာပါ။ Facebook နဲ႔ Messenger ကို အေကာင့္ႏွစ္ခုစီ ခြဲသံုးႏိုင္တဲ့ App Twin, Smart Assistant, Navigation အစရွိတဲ့ စနစ္ေတြ စံုစံုလင္လင္ ပါဝင္တာေတြ႕ရ ပါတယ္။ Fingerprint ကလည္း ဖုန္းရဲ႕အခ်က္အလက္ လံုၿခံဳေရးအတြက္အျပင္ ဓာတ္ပံုေတြ ၾကည့္တာ၊ Notification ေတြ ေခၚတဲ့အတြက္ပါ အသံုးျပဳႏိုင္ပါတယ္။

သံုးသပ္ခ်က္

Huawei Mate 10Pro ဟာ တန္ဖိုးျမင့္ ဖုန္းအမ်ိဳးအစားတစ္ ျဖစ္တဲ့အတြက္ ဖုန္းမွာအသံုးျပဳထားတဲ့ CPU, GPU ပိုင္းေတြနဲ႔ မွတ္ဉာဏ္ပိုင္းေတြမွာ ေကာင္းမြန္တာေတြ႕ရပါတယ္။ ဒီဖုန္းဟာ ကင္မရာပိုင္းမွာ ေတာ္ေတာ္ေလး ေကာင္းမြန္တာ ေတြ႕ရပါတယ္။ Leica Lens ေတြနဲ႔ ကင္မရာရဲ႕ Aperture ေကာင္းမြန္ျခင္းေတြအျပင္ OIS လို႔ေခၚတဲ့ Optical Image Stabilization ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ေလဆာ Focus နည္းပညာေတြေၾကာင့္ ဓာတ္ပံုသမားေတြ အတြက္ေတာ့ အႀကိဳက္ေတြ႕ႏုိင္တဲ့ ဖုန္းပါပဲ။ ဖုန္းမွာ ထည့္သြင္းေပးထားတဲ့ ဘက္ထရီကလည္း ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏျမင့္မားတဲ့အတြက္ ဖုန္းကိုအခ်ိန္ၾကာၾကာ အသံုးျပဳႏိုင္တဲ့အျပင္ အားသြင္းႏႈန္းျမန္ဆန္တဲ့ Fast battery charging 4.5V/5A စနစ္ေၾကာင့္ ဖုန္းကိုအားျပန္သြင္းတဲ့ အခ်ိန္မွာလည္း ျမန္ဆန္ပါတယ္။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.0
CPU – Octa-core (4×2.4 GHz & 4×1.8 GHz)
GPU – Mali-G72 MP12
Memory – Internal 64GB, 4GB RAM , Micro SD No
Camera – Dual: 12 MP (f/1.6, 27mm, OIS) +20 MP (f/1.6, 27mm), 2x lossless zoom, Leica optics, phase detection & laser autofocus, dual-LED dual-tone flash, Geo-tagging, touch focus, face/smile detection, Video, Secondary 8 MP, f/2.0
Wi-Fi – 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, hotspot
Bluetooth – 4.2, A2DP, aptX HD, LE
Battery – Li-Po 4000 mAh Battery

သူတို႔အျမင္

ကိုေဝလင္းေမာင္ (စမ္းသပ္အသံုးျပဳသူ)

Mate 10Pro ကိုေတာ့ သေဘာက်တယ္။ ဒီဇိုင္းလည္းလွတယ္။ မ်က္ႏွာျပင္အျပည့္ပံုစံနဲ႔ ျဖစ္တဲ့အတြက္ ျမင္ကြင္းကလည္းက်ယ္ၿပီး ကိုင္ရတာလည္း အဆင္ေျပပါတယ္။ Screen ပိုင္း၊ Fingerprint ပိုင္းနဲ႔ ဖုန္းထဲမွာ သံုးရတဲ့ စနစ္ပိုင္းေတြ ေတာ္ေတာ္ေလး ေကာင္းတာ ေတြ႕ရတယ္။ ကင္မရာပိုင္းကိုေတာ့ အႀကိဳက္ဆံုးပဲ။ Leica Lens ေတြရဲ႕ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ Megapixels ေတြေကာင္း တဲ့အတြက္ ဓာတ္ပံု႐ိုက္ရေတာ့ အရမ္းေကာင္းပါတယ္။ ေရွ႕ကင္မရာ ေနာက္ဘက္ကင္မရာမွာပါ Portrait Mode စနစ္ပါတာကိုလည္း သေဘာက်တယ္။ ဘက္ထရီကလည္း ေတာ္ေတာ္ေလး အသံုးခံတယ္။ ေစ်းႏႈန္းအရေတာ့ နည္းနည္းမ်ားတယ္လို႔ ျမင္တယ္။

မေအမီကို (စမ္းသပ္အသံုးျပဳသူ)

ကင္မရာပိုင္းနဲ႔ Memory ပိုင္းမွာေတာ္ေတာ္ေလး အားျဖည့္ထားတဲ့ဖုန္းလို႔ ေျပာလို႔ရတယ္။ ကင္မရာေတြက ေရွ႕ေရာ ေနာက္ေရာ အားလံုးကို ေကာင္းေအာင္ လုပ္ေပးထားတာေတြ႕ရတယ္။ အျခားတန္ဖိုးျမင့္ဖုန္းေတြရဲ႕ ကင္မရာေတြလိုပါပဲ။ သူ႔ေစ်းနဲ႔ သူဆိုရင္ေတာ့ ကင္မရာေတြက ေတာ္ေတာ္ေလးကို ေကာင္းတယ္လို႔ ေျပာလုိ႔ရတဲ့ အေျခအေနမ်ိဳးရွိတယ္။ မွတ္ဉာဏ္ပိုင္းကလည္း ျမင့္တဲ့အျပင္ ဘက္ထရီပိုင္းေတြနဲ႔ အျခားဖုန္းထဲမွာသံုးတဲ့ စနစ္ေတြကလည္း ေကာင္းတာေတြ႕ရပါတယ္။ ေရွ႕ Screen ပိုင္းနဲ႔ ဒီဇိုင္းပိုင္းကလည္း ေကာင္းပါတယ္။

မစိုးစိုးေထြး (စမ္းသပ္အသံုးျပဳသူ)

ကင္မရာက ေတာ္ေတာ္ေလး ေကာင္းတယ္။ ေရွ႕ကင္မရာကလည္း ေနာက္ခံ Background ေတြကို ဝါးေအာင္လုပ္ၿပီး ႐ိုက္လို႔ရတာကို သေဘာက်တယ္။ ေနာက္ဘက္ကင္မရာက Portrait စနစ္ကလည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။ Memory ကလည္း ျမင့္တယ္။ Fingerprint ကလည္းေကာင္းတယ္။ ဘက္ထရီကလည္း အသံုးခံတယ္။ ဒီဇိုင္းလည္းလွလာတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္ အျပည့္ပံုစံမ်ိဳး ျဖစ္ေနတာကိုလည္း သေဘာက်ပါတယ္။ ေစ်းေတာ့ နည္းနည္းျမင့္တယ္လို႔ ခံစားရတယ္။

 

 

 

-ကိုသက္

===============

[ Unicode ]

Huawei Mate 10Pro

===============

Price : 1,059,000

အားသာချက်

နောက်ဘက်ကင်မရာ နှစ်လုံးပါဝင်ခြင်းနဲ့ ကင်မရာ ကောင်းမွန်တာ၊ ဖုန်းရဲ့ Screen ပိုင်းကောင်းမွန်ခြင်းတွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်လို့ ဆိုရမှာပါ။ မျက်နှာပြင်အပြည့် ပုံစံမျိုးဖြစ်ပြီး မှတ်ဉာဏ်ပိုင်းမြင့်မား ကောင်းမွန်ခြင်း၊ ဘက်ထရီရဲ့ ပါဝါသိုလှောင်နို်င်မှု ပမာဏမြင့်မားခြင်းတွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေပါပဲ။ ဖုန်းရဲ့ Specification ပိုင်းတွေ ကောင်းမွန်ပြီး CPU, GPU ပိုင်းတွေ မြင့်မားကောင်းမွန်တဲ့ အချက်နဲ့ ဖုန်းရဲ့ ပုံစံဒီဇိုင်းပိုင်း လှပခြင်း၊ ရေစိုခံနိုင်ခြင်း၊ OS မြင့်မားခြင်း၊ ကင်မရာမှာ အသုံးပြုထားတဲ့ Leica Lens တွေရဲ့ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းစတဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ကောင်းမွန်တဲ့ အားသာချက်တွေလို့ ဆိုနိုင်ပါတယ်။

အားနည်းချက်

ဖုန်းရဲ့မှတ်ဉာဏ်ပိုင်း မြင့်မားကောင်းမွန်ပေမယ့်လည်း နောက်ထပ် မှတ်ဉာဏ်ထပ်တိုးပြီး သုံးနိုင်ဖို့အတွက် SD Card Slot မပါဝင်ပါဘူး။

ဒီဇိုင်း

ဒီဇိုင်းကလှပသေသပ်ပြီး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ပုံစံမျိုးရှိပါတယ်။ ရှေ့ဘက်မျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်ပြီး ဖုန်းရဲ့ဘေးဘောင်တွေ ပါးလွှာသေးငယ်တဲ့အပြင် မျက်နှာပြင်အပေါ်ဘောင်နဲ့ အောက်ခြေဘောင်တွေကလည်း သေးငယ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်ပေါ်မှာ ခလုတ်တွေ တစ်ခုမှ မပါဘဲတဲ့အတွက် Android Button တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ ရှေ့ဘက်မျက်နှာပြင် အပေါ်ထိပ်မှာ ကင်မရာကို တပ်ဆင်ထားပြီး ကျောဘက်ကာဗာအပေါ်နားမှာ ကင်မရာနှစ်လုံးကို အထက်အောက်ပုံစံမျိုးနဲ့ တပ်ဆင်ပေးထားပါတယ်။ Fingerprint Sensro ကိုလည်း ကျောဘက်ကာဗာပေါ်မှာပဲ ကင်မရာရဲ့ အောက်နားမှာ တပ်ဆင်ပေးထားပါတယ်။ စပီကာ၊ USB နဲ့ နားကြပ်ပေါက်တွေကတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာတပ်ဆင် ပေးထားတာပါ။ ဖုန်းရဲ့ ရှေ့ဘက်နဲ့ နောက်ဘက် မျက်နှာပြင်တွေအားလုံးကို မှန်သားတွေကို အသုံးပြုထားပြီးကိုယ်ထည်ကတော့ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာပါ။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၆.၀ လက်မရှိတဲ့ AMOLED Screen ကို အသုံးပြုထားပြီး 1080 x 2160 pixels, 18:9 ratio ရှိပါတယ်။

နည်းပညာ

ကင်မရာပိုင်းမှာ နောက်ဘက်ကင်မရာရော ရှေ့ကင်မရာမှာပါ Portrait Mode စနစ်တွေ ပါဝင်ပါတယ်။ ဓာတ်ပုံအသုံးပြု စနစ်ပိုင်းတွေမှာလည်း Wide Aperture, Moving Capture အစရှိတဲ့ စနစ်တွေ စုံစုံလင်လင် ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။ Facebook နဲ့ Messenger ကို အကောင့်နှစ်ခုစီ ခွဲသုံးနိုင်တဲ့ App Twin, Smart Assistant, Navigation အစရှိတဲ့ စနစ်တွေ စုံစုံလင်လင် ပါဝင်တာတွေ့ရ ပါတယ်။ Fingerprint ကလည်း ဖုန်းရဲ့အချက်အလက် လုံခြုံရေးအတွက်အပြင် ဓာတ်ပုံတွေ ကြည့်တာ၊ Notification တွေ ခေါ်တဲ့အတွက်ပါ အသုံးပြုနိုင်ပါတယ်။

သုံးသပ်ချက်

Huawei Mate 10Pro ဟာ တန်ဖိုးမြင့် ဖုန်းအမျိုးအစားတစ် ဖြစ်တဲ့အတွက် ဖုန်းမှာအသုံးပြုထားတဲ့ CPU, GPU ပိုင်းတွေနဲ့ မှတ်ဉာဏ်ပိုင်းတွေမှာ ကောင်းမွန်တာတွေ့ရပါတယ်။ ဒီဖုန်းဟာ ကင်မရာပိုင်းမှာ တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။ Leica Lens တွေနဲ့ ကင်မရာရဲ့ Aperture ကောင်းမွန်ခြင်းတွေအပြင် OIS လို့ခေါ်တဲ့ Optical Image Stabilization ရဲ့ စွမ်းဆောင်ရည်နဲ့ လေဆာ Focus နည်းပညာတွေကြောင့် ဓာတ်ပုံသမားတွေ အတွက်တော့ အကြိုက်တွေ့နိုင်တဲ့ ဖုန်းပါပဲ။ ဖုန်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီကလည်း ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားတဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် အားသွင်းနှုန်းမြန်ဆန်တဲ့ Fast battery charging 4.5V/5A စနစ်ကြောင့် ဖုန်းကိုအားပြန်သွင်းတဲ့ အချိန်မှာလည်း မြန်ဆန်ပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.0
CPU – Octa-core (4×2.4 GHz & 4×1.8 GHz)
GPU – Mali-G72 MP12
Memory – Internal 64GB, 4GB RAM , Micro SD No
Camera – Dual: 12 MP (f/1.6, 27mm, OIS) +20 MP (f/1.6, 27mm), 2x lossless zoom, Leica optics, phase detection & laser autofocus, dual-LED dual-tone flash, Geo-tagging, touch focus, face/smile detection, Video, Secondary 8 MP, f/2.0
Wi-Fi – 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, hotspot
Bluetooth – 4.2, A2DP, aptX HD, LE
Battery – Li-Po 4000 mAh Battery

သူတို့အမြင်

ကိုဝေလင်းမောင် (စမ်းသပ်အသုံးပြုသူ)

Mate 10Pro ကိုတော့ သဘောကျတယ်။ ဒီဇိုင်းလည်းလှတယ်။ မျက်နှာပြင်အပြည့်ပုံစံနဲ့ ဖြစ်တဲ့အတွက် မြင်ကွင်းကလည်းကျယ်ပြီး ကိုင်ရတာလည်း အဆင်ပြေပါတယ်။ Screen ပိုင်း၊ Fingerprint ပိုင်းနဲ့ ဖုန်းထဲမှာ သုံးရတဲ့ စနစ်ပိုင်းတွေ တော်တော်လေး ကောင်းတာ တွေ့ရတယ်။ ကင်မရာပိုင်းကိုတော့ အကြိုက်ဆုံးပဲ။ Leica Lens တွေရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ Megapixels တွေကောင်း တဲ့အတွက် ဓာတ်ပုံရိုက်ရတော့ အရမ်းကောင်းပါတယ်။ ရှေ့ကင်မရာ နောက်ဘက်ကင်မရာမှာပါ Portrait Mode စနစ်ပါတာကိုလည်း သဘောကျတယ်။ ဘက်ထရီကလည်း တော်တော်လေး အသုံးခံတယ်။ စျေးနှုန်းအရတော့ နည်းနည်းများတယ်လို့ မြင်တယ်။

မအေမီကို (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းနဲ့ Memory ပိုင်းမှာတော်တော်လေး အားဖြည့်ထားတဲ့ဖုန်းလို့ ပြောလို့ရတယ်။ ကင်မရာတွေက ရှေ့ရော နောက်ရော အားလုံးကို ကောင်းအောင် လုပ်ပေးထားတာတွေ့ရတယ်။ အခြားတန်ဖိုးမြင့်ဖုန်းတွေရဲ့ ကင်မရာတွေလိုပါပဲ။ သူ့စျေးနဲ့ သူဆိုရင်တော့ ကင်မရာတွေက တော်တော်လေးကို ကောင်းတယ်လို့ ပြောလို့ရတဲ့ အခြေအနေမျိုးရှိတယ်။ မှတ်ဉာဏ်ပိုင်းကလည်း မြင့်တဲ့အပြင် ဘက်ထရီပိုင်းတွေနဲ့ အခြားဖုန်းထဲမှာသုံးတဲ့ စနစ်တွေကလည်း ကောင်းတာတွေ့ရပါတယ်။ ရှေ့ Screen ပိုင်းနဲ့ ဒီဇိုင်းပိုင်းကလည်း ကောင်းပါတယ်။

မစိုးစိုးထွေး (စမ်းသပ်အသုံးပြုသူ)

ကင်မရာက တော်တော်လေး ကောင်းတယ်။ ရှေ့ကင်မရာကလည်း နောက်ခံ Background တွေကို ဝါးအောင်လုပ်ပြီး ရိုက်လို့ရတာကို သဘောကျတယ်။ နောက်ဘက်ကင်မရာက Portrait စနစ်ကလည်း တော်တော်လေး ကောင်းပါတယ်။ Memory ကလည်း မြင့်တယ်။ Fingerprint ကလည်းကောင်းတယ်။ ဘက်ထရီကလည်း အသုံးခံတယ်။ ဒီဇိုင်းလည်းလှလာတယ်။ ရှေ့ဘက်မျက်နှာပြင် အပြည့်ပုံစံမျိုး ဖြစ်နေတာကိုလည်း သဘောကျပါတယ်။ စျေးတော့ နည်းနည်းမြင့်တယ်လို့ ခံစားရတယ်။

 

 

 

-ကိုသက်