Huawei နှင့် RITZ တို့ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလက်မှတ်ရေးထိုးပွဲ ကျင်းပ

Huawei နှင့် RITZ တို့ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ဧပြီလ ၁၀ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါနည်းပညာမှာ သုံးစွဲသူဝန်ဆောင်မှုစီမံခန့်ခွဲမှု၊ ဖြန့်ဝေမှု၊ လုပ်ငန်းခွင်ဝန်ဆောင်မှု၊ ဘဏ္ဍာ ရေး စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ စာရင်းအင်း၊ ကုန်ထုတ်လုပ်မှု၊ စီမံကိန်းခန့်ခွဲမှု၊ ဝယ်ယူမှုနှင့်ရောင်းချ မှုအပါအ၀င် ကုမ္ပဏီများရဲ့စီးပွားရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်တွေကို ပေါင်းစည်းပေးတဲ့ နည်းပညာ ပလက်ဖောင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ Solution သည် ဘာသာစကားပေါင်း ၂၈ မျိုးအထိ ထောက်ပံ့ပေးနိုင်ပြီး နိုင်ငံတစ်ခုချင်းစီအတွက် သီးသန့် ပြုလုပ်ထားသည့် အမျိုးအစားပေါင်း ၄၄ ခုအထိလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။