Huawei နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့ ICT ကဏ္ဍတွင်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

Huawei နဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့ ICT ကဏ္ဍတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂ နှစ်တာ သက်တမ်းရှိ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

Huawei နဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ အနေနဲ့ မျိုးဆက်သစ် အင်ဂျင်နီယာတွေရဲ့ အရည်အသွေး မြှင့်တင်ရေးအတွက် အထောက်အပံ့ပေးဖို့နဲ့ အဆောက်အဦအတွင်း ကွန်ရက်လွှမ်းခြုံမှုထုတ်လွှင့်ရေးနှင့် တိုးတက်လာရေး၊ FTTH စံချိန်စံညွှန်းမြင့်မားလာရေးတို့ကို ပူးပေါင်း ဆောင်ရွက်ကြရန်အတွက် ယခုလို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ Huawei တို့အနေနဲ့ အစိုးရများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ နယ်ပယ်တွင်းရှိ လေ့လာဆန်းစစ်သည့်အဖွဲ့အစည်းများ၊ အခြားသော သြဇာရှိအဖွဲ့အစည်းများနဲ့အတူ ပူးပေါင်းကာ အဆောက်အဦတွင်း ကွန်ရက်များ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုထားကြောင်း၊ အဆိုပါ သဘောတူညီချက်အရ Huawei နဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့ အနေနဲ့ အဆောက်အဦတွင်း ကွန်ရက်လွှမ်းခြုံမှုများ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး ထိပ်သီးအစည်းအဝေးပွဲတွေကို ရေရှည်ပူးပေါင်းကျင်းပရန်၊ အဆောက်အဦအတွင်း ကွန်ရက် လွှမ်းခြုံမှုနဲ့ FTTH စံချိန်စံညွှန်းတွေကို အကောင်အထည်ဖော်ဆောင်ရေး၊ လုပ်ငန်းလည်ပတ်နိုင်ရေးနဲ့ အရောင်းမြှင့်တင်ရေးတို့မှာ အကူအညီပေးရန် သဘောတူညီခဲ့ကြကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်အနေနဲ့ cloud, e-learning ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ပေးတဲ့ အစီအစဉ်တွေနဲ့ အလုပ်သင်အစီအစဉ်များ အပါအဝင် အခြား သတ်မှတ်နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Huawei နဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရပါတယ်။