Huawei အရန္စီမံကိန္း သုိ႔မဟုတ္ HongMeng OS

[ Zawgyi ]

တ႐ုတ္ဆက္သြယ္ေရးကုမၸဏီ Huawei ကုိ အေမရိကန္က ကုန္သြယ္ေရး အမည္ပ်က္စာရင္းသြင္းၿပီးေနာက္ Google ရဲ႕ Android မိုဘုိင္း operating system ကိုအသုံးျပဳခြင့္ ပိတ္ပင္ခံခဲ့ရပါတယ္။

Huawei ထုတ္ကုန္ေတြအားလုံးကုိ ပိတ္ပင္တာမဟုတ္ေပမယ့္ အမည္ပ်က္စာရင္းသြင္းခံရတာေၾကာင့္ အနာဂတ္ Huawei ထုတ္ကုန္ေတြအေပၚ ထိခိုက္နစ္နာမွာပါ။ ဒါေၾကာင့္ လက္ရွိ Huawei ဖုန္းေတြဟာ Android update ေတြလည္း ရရွိမွာ မဟုတ္ပါဘူး။

Android မပါတဲ့ Huawei ဖုန္းေတြဟာ မွန္ထည္နဲ႔ ဆီလီကြန္ခ်စ္ပ္ေတြနဲ႔ ျပဳလုပ္ထားတဲ့ တံခါးလက္ကုိင္ဖုထက္ အသုံးမဝင္ပါဘူး။ Android operating system ဟာ Android စမတ္ဖုန္းအားလုံးရဲ႕ အလုပ္ေဆာင္ရြက္ရာ အေျခခံအုတ္ျမစ္ျဖစ္ၿပီး Google Play app store လည္းပါဝင္လာပါတယ္။ အဲဒီ app store မွာ Google ရဲ႕ နာမည္ေက်ာ္ app ေတြျဖစ္တဲ့ Gmail, YouTube နဲ႔ Google Maps လိုမ်ိဳး နာမည္ေက်ာ္ app ေတြအားလုံး ပါဝင္လာသလို third-party app ေတြလည္း စုံလင္ပါတယ္။

Huawei ဟာ Android မပါဝင္တဲ့ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ကုိယ္ပိုင္ မိုဘိုင္း operating system ကိုဖန္တီးေနတယ္လို႔ ေျပာၾကားထားပါတယ္။

(၁) Huawei ရဲ႕ကုိယ္ပိုင္ မိုဘိုင္း operating system ကုိ “HongMeng OS” လို႔ေခၚဆိုပါတယ္

Huawei ရဲ႕ မိုဘိုင္း operating system သစ္ကုိ “HongMeng OS” လို႔ေခၚဆုိတယ္လို႔ Global Times အဂၤလိပ္ဘာသာစကား တ႐ုတ္ႏိုင္ငံအတြင္းက သတင္းဌာနအေနနဲ႔ tweet တစ္ခုကေန ထုတ္ျပန္ခဲ့ပါတယ္။

(၂) Hong Meng OS ဟာ Huawei အတြက္ အရန္စီမံကိန္းျဖစ္လာႏိုင္

HongMeng OS ဟာ Huawei ရဲ႕အရန္စီမံကိန္း operating system ျဖစ္လာႏိုင္ပါတယ္။ Huawei ရဲ႕ သုံးစြဲသူဆိုင္ရာ လုပ္ငန္းအုပ္စု အႀကီးအကဲ ရစ္ခ်တ္ယုအေနနဲ႔ ၂၀၁၉ ခုႏွစ္ မတ္လအတြင္း Die Welt သတင္းဌာနနဲ႔ အင္တာဗ်ဴးအတြင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

(၃) Huawei အေနနဲ႔ ၂၀၁၂ ခုႏွစ္ေနာက္ပုိင္းကတည္းက HongMeng OS ကိုလုပ္ကုိင္ေန

HongMeng OS ကုိ လုပ္ကုိင္ေနတာ ၇ ႏွစ္ရွိၿပီ ျဖစ္တယ္လို႔ Huawei သတင္းဝက္ဘ္ဆုိက္ Huawei Central မွာေဖာ္ျပထားပါတယ္။

(၄) Huawei အေနနဲ႔ အတားအဆီးမ်ားစြာကုိ ေက်ာ္လႊားရမယ္

Huawei ရဲ႕သုံးစြဲသူ လုပ္ငန္းဆုိင္ရာ software အင္ဂ်င္နီယာဌာန ဥကၠ႒ျဖစ္သူ ဝမ္ခ်န္လူက ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာ operating system တစ္ခုျပဳလုပ္တာ မခက္ခဲေပမယ့္ အဲဒီ OS အတြက္ အႀကီးမားဆုံးအတားအဆီးက app ေထာက္ပံ့မႈနဲ႔ စီးပြားေရးေဂဟစနစ္ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

မိုဘုိင္း platform ေတြဟာ app ေတြနဲ႔ပတ္သက္ရင္ ေကာင္းမြန္တဲ့ ေဂဟစနစ္လိုအပ္ပါတယ္။ App ေထာက္ပ့့ံမႈ မရွိတာဟာ မုိဘိုင္း platform အသစ္ေတြအတြက္ ေသမိန္႔ပါပဲ။ Microsoft ရဲ႕ Windows မိုဘိုင္း platform ဟာ အလားတူ ျပႆနာကို ႀကဳံေတြ႕ခဲ့တာ ျဖစ္ပါတယ္။

Samsung အေနနဲ႔ ကုိယ္ operating system ျဖစ္တဲ့ Tizen ကုိအသုံးျပဳတဲ့ ဖုန္းေတြကုိ ၂၀၁၅ ခုႏွစ္မွာ ထုတ္လုပ္ခဲ့ပါတယ္။ အားလုံးသိၾကတဲ့အတိုင္းပဲ Tizen ဖုန္းေတြဟာ ေရပန္းမစားခဲ့ပါဘူး။

(၅) Huawei ရဲ႕ ကိုယ္ပုိင္ operating system ဟာ တ႐ုတ္ျပည္မွာ ေရပန္းစားႏိုင္ေပမယ့္ အျခားေနရာေတြမွာ အားနည္းႏိုင္

တ႐ုတ္စမတ္ဖုန္း သုံးစြဲသူေတြဟာ Google ရဲ႕ app ေတြအပါအဝင္ Google Play နဲ႔ Play က third-party app ေတြ မပါဝင္တဲ့ Android ဖုနး္ေတြကုိ သုံးေနပါတယ္။ Google Play နဲ႔ Google ရဲ႕ app ေတြကို တ႐ုတ္ႏိုင္ငံမွာ ပိတ္ပင္ထားပါတယ္။

Google Play, Google app ေတြနဲ႔ နာမည္ေက်ာ္ third-party app ေတြသုံးစြဲႏိုင္တဲ့ ေနရာမ်ားစြာက လူေတြကေတာ့ Huawei စမတ္ဖုန္းကို သုံးၾကမွာ မဟုတ္ပါဘူး။

Google ေထာက္ပံ့မႈမရွိတဲ့ အခ်က္ေၾကာင့္ Huawei ရဲ႕ကမ႓ာလုံးဆိုင္ရာ စမတ္ဖုန္းေဈးကြက္အေပၚ သက္ေရာက္မႈရွိႏိုင္ပါတယ္။ ဒုတိယေျမာက္ ကမ႓ာ့အႀကီးဆုံး စမတ္ဖုန္းထုတ္လုပ္သူ Huawei အေနနဲ႔ အႏၲရာယ္ရွိေနပါတယ္။

(၆) Huawei ဖုန္းေတြမွာ ကုမၸဏီရဲ႕ EMUI နဲ႔အတူ Android အေျခခံဗားရွင္းကို အသုံးျပဳႏိုင္ပါေသးတယ္

Huawei အေနနဲ႔ open-source နဲ႔ bare-bone Android ဗားရွင္းေတြကို အသုံးျပဳႏိုင္ပါတယ္။ စမတ္ဖုန္းေတြမွာ Android အေပၚကေန ထပ္ၿပီး Huawei ရဲ႕ကုိယ္ပုိင္ interface ျဖစ္တဲ့ EMUI ကိုအသုံးျပဳေနပါတယ္။ အဲဒီအတုိင္းကို ဆက္လက္ လုပ္ေဆာင္သြားမယ္ဆိုရင္ Google ရဲ႕ပိတ္ပင္မႈကို စမတ္ဖုန္းသုံးစြဲသူေတြ မသိသာေတာ့ပါဘူး။ Huawei အေနနဲ႔ တ႐ုတ္ႏိုင္ငံက သုံးစြဲသူေတြအတြက္ ပုံမွန္အတုိင္းျဖစ္ေအာင္ ေထာက္ပံ့ေပးႏိုင္ပါတယ္။

Google ကေနေထာက္ပံ့မႈမရွိေတာ့တဲ့အတြက္ feature သစ္နဲ႔ အနာဂတ္ update ေတြအျပင္ Android ဗားရွင္းသစ္ေတြ မရရွိေတာ့တဲ့အတြက္ အနာဂတ္စမတ္ဖုန္းေတြမွာ အဆင့္ျမင့္ feature ေတြထည့္သြင္းဖုိ႔ေတာ့ အခက္ေတြ႕မွာပါ။

(၇) Huawei ရဲ႕ေမွ်ာ္လင့္ခ်က္ႀကီးမားတဲ့ Mate X ေခါက္စမတ္ဖုန္းအေပၚ ဘယ္လိုသက္ေရာက္မႈ ရွိႏိုင္

Google ရဲ႕ေထာက္ပံ့မႈဟာ Huawei ရဲ႕ေမွ်ာ္မွန္းခ်က္ႀကီးမားတဲ့ Mate X ေခါက္စမတ္ဖုန္းမွာ အသုံးျပဳမယ့္ Android ဗားရွင္းအတြက္ အလြန္တရာ အေရးပါေနပါတယ္။

အခုဆုိရင္ Huawei ဟာ ကုိယ့္အားကုိယ္ကိုးရေတာ့မွာပါ။ Huawei အေနနဲ႔ Mate X ေခါက္စမတ္ဖုန္းကို ဘယ္လို တုိးတက္ေအာင္ ဖန္တီးမလဲဆိုတာကို ေစာင့္ၾကည့္ရဖုိ႔ ရွိပါတယ္။

စိုးထက္
Ref: BusinessInsider

[ Unicode ]

တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ကို အမေရိကန်က ကုန်သွယ်ရေး အမည်ပျက်စာရင်းသွင်းပြီးနောက် Google ရဲ့ Android မိုဘိုင်း operating system ကိုအသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

Huawei ထုတ်ကုန်တွေအားလုံးကို ပိတ်ပင်တာမဟုတ်ပေမယ့် အမည်ပျက်စာရင်းသွင်းခံရတာကြောင့် အနာဂတ် Huawei ထုတ်ကုန်တွေအပေါ် ထိခိုက်နစ်နာမှာပါ။ ဒါကြောင့် လက်ရှိ Huawei ဖုန်းတွေဟာ Android update တွေလည်း ရရှိမှာ မဟုတ်ပါဘူး။

Android မပါတဲ့ Huawei ဖုန်းတွေဟာ မှန်ထည်နဲ့ ဆီလီကွန်ချစ်ပ်တွေနဲ့ ပြုလုပ်ထားတဲ့ တံခါးလက်ကိုင်ဖုထက် အသုံးမဝင်ပါဘူး။ Android operating system ဟာ Android စမတ်ဖုန်းအားလုံးရဲ့ အလုပ်ဆောင်ရွက်ရာ အခြေခံအုတ်မြစ်ဖြစ်ပြီး Google Play app store လည်းပါဝင်လာပါတယ်။ အဲဒီ app store မှာ Google ရဲ့ နာမည်ကျော် app တွေဖြစ်တဲ့ Gmail, YouTube နဲ့ Google Maps လိုမျိုး နာမည်ကျော် app တွေအားလုံး ပါဝင်လာသလို third-party app တွေလည်း စုံလင်ပါတယ်။

Huawei ဟာ Android မပါဝင်တဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကိုယ်ပိုင် မိုဘိုင်း operating system ကိုဖန်တီးနေတယ်လို့ ပြောကြားထားပါတယ်။

(၁) Huawei ရဲ့ကိုယ်ပိုင် မိုဘိုင်း operating system ကို “HongMeng OS” လို့ခေါ်ဆိုပါတယ်

Huawei ရဲ့ မိုဘိုင်း operating system သစ်ကို “HongMeng OS” လို့ခေါ်ဆိုတယ်လို့ Global Times အင်္ဂလိပ်ဘာသာစကား တရုတ်နိုင်ငံအတွင်းက သတင်းဌာနအနေနဲ့ tweet တစ်ခုကနေ ထုတ်ပြန်ခဲ့ပါတယ်။

(၂) Hong Meng OS ဟာ Huawei အတွက် အရန်စီမံကိန်းဖြစ်လာနိုင်

HongMeng OS ဟာ Huawei ရဲ့အရန်စီမံကိန်း operating system ဖြစ်လာနိုင်ပါတယ်။ Huawei ရဲ့ သုံးစွဲသူဆိုင်ရာ လုပ်ငန်းအုပ်စု အကြီးအကဲ ရစ်ချတ်ယုအနေနဲ့ ၂၀၁၉ ခုနှစ် မတ်လအတွင်း Die Welt သတင်းဌာနနဲ့ အင်တာဗျူးအတွင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

(၃) Huawei အနေနဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက HongMeng OS ကိုလုပ်ကိုင်နေ

HongMeng OS ကို လုပ်ကိုင်နေတာ ရ နှစ်ရှိပြီ ဖြစ်တယ်လို့ Huawei သတင်းဝက်ဘ်ဆိုက် Huawei Central မှာဖော်ပြထားပါတယ်။

(၄) Huawei အနေနဲ့ အတားအဆီးများစွာကို ကျော်လွှားရမယ်

Huawei ရဲ့သုံးစွဲသူ လုပ်ငန်းဆိုင်ရာ software အင်ဂျင်နီယာဌာန ဥက္ကဋ္ဌဖြစ်သူ ဝမ်ချန်လူက ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ operating system တစ်ခုပြုလုပ်တာ မခက်ခဲပေမယ့် အဲဒီ OS အတွက် အကြီးမားဆုံးအတားအဆီးက app ထောက်ပံ့မှုနဲ့ စီးပွားရေးဂေဟစနစ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မိုဘိုင်း platform တွေဟာ app တွေနဲ့ပတ်သက်ရင် ကောင်းမွန်တဲ့ ဂေဟစနစ်လိုအပ်ပါတယ်။ App ထောက်ပ့့ံမှု မရှိတာဟာ မိုဘိုင်း platform အသစ်တွေအတွက် သေမိန့်ပါပဲ။ Microsoft ရဲ့ Windows မိုဘိုင်း platform ဟာ အလားတူ ပြဿနာကို ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

Samsung အနေနဲ့ ကိုယ် operating system ဖြစ်တဲ့ Tizen ကိုအသုံးပြုတဲ့ ဖုန်းတွေကို ၂၀၁၅ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ Tizen ဖုန်းတွေဟာ ရေပန်းမစားခဲ့ပါဘူး။

(၅) Huawei ရဲ့ ကိုယ်ပိုင် operating system ဟာ တရုတ်ပြည်မှာ ရေပန်းစားနိုင်ပေမယ့် အခြားနေရာတွေမှာ အားနည်းနိုင်

တရုတ်စမတ်ဖုန်း သုံးစွဲသူတွေဟာ Google ရဲ့ app တွေအပါအဝင် Google Play နဲ့ Play က third-party app တွေ မပါဝင်တဲ့ Android ဖုနး်တွေကို သုံးနေပါတယ်။ Google Play နဲ့ Google ရဲ့ app တွေကို တရုတ်နိုင်ငံမှာ ပိတ်ပင်ထားပါတယ်။

Google Play, Google app တွေနဲ့ နာမည်ကျော် third-party app တွေသုံးစွဲနိုင်တဲ့ နေရာများစွာက လူတွေကတော့ Huawei စမတ်ဖုန်းကို သုံးကြမှာ မဟုတ်ပါဘူး။

Google ထောက်ပံ့မှုမရှိတဲ့ အချက်ကြောင့် Huawei ရဲ့ကမ႓ာလုံးဆိုင်ရာ စမတ်ဖုန်းဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒုတိယမြောက် ကမ႓ာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့ အန္တရာယ်ရှိနေပါတယ်။

(၆) Huawei ဖုန်းတွေမှာ ကုမ္ပဏီရဲ့ EMUI နဲ့အတူ Android အခြေခံဗားရှင်းကို အသုံးပြုနိုင်ပါသေးတယ်

Huawei အနေနဲ့ open-source နဲ့ bare-bone Android ဗားရှင်းတွေကို အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်းတွေမှာ Android အပေါ်ကနေ ထပ်ပြီး Huawei ရဲ့ကိုယ်ပိုင် interface ဖြစ်တဲ့ EMUI ကိုအသုံးပြုနေပါတယ်။ အဲဒီအတိုင်းကို ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် Google ရဲ့ပိတ်ပင်မှုကို စမတ်ဖုန်းသုံးစွဲသူတွေ မသိသာတော့ပါဘူး။ Huawei အနေနဲ့ တရုတ်နိုင်ငံက သုံးစွဲသူတွေအတွက် ပုံမှန်အတိုင်းဖြစ်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။

Google ကနေထောက်ပံ့မှုမရှိတော့တဲ့အတွက် feature သစ်နဲ့ အနာဂတ် update တွေအပြင် Android ဗားရှင်းသစ်တွေ မရရှိတော့တဲ့အတွက် အနာဂတ်စမတ်ဖုန်းတွေမှာ အဆင့်မြင့် feature တွေထည့်သွင်းဖို့တော့ အခက်တွေ့မှာပါ။

(၇) Huawei ရဲ့မျှော်လင့်ချက်ကြီးမားတဲ့ Mate X ခေါက်စမတ်ဖုန်းအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်

Google ရဲ့ထောက်ပံ့မှုဟာ Huawei ရဲ့မျှော်မှန်းချက်ကြီးမားတဲ့ Mate X ခေါက်စမတ်ဖုန်းမှာ အသုံးပြုမယ့် Android ဗားရှင်းအတွက် အလွန်တရာ အရေးပါနေပါတယ်။

အခုဆိုရင် Huawei ဟာ ကိုယ့်အားကိုယ်ကိုးရတော့မှာပါ။ Huawei အနေနဲ့ Mate X ခေါက်စမတ်ဖုန်းကို ဘယ်လို တိုးတက်အောင် ဖန်တီးမလဲဆိုတာကို စောင့်ကြည့်ရဖို့ ရှိပါတယ်။

Ref: BusinessInsider