Huawei ရဲ႕ Watch GT နဲ႔ Band 3 Pro စမတ္နာရီမ်ား

[ Zawgyi ]

Huawei အေနနဲ႔ လန္ဒန္မွာ ျပဳလုပ္ခဲ့တဲ့ ထုတ္ကုန္မိတ္ဆက္ပြဲမွာ ဖုနး္ေတြသာမကဘဲ စမတ္နာရီေတြကုိလညး္ ထုတ္ေဖာ္မိတ္ဆက္ သြားခဲ့ပါတယ္။ Huawei ကမိတ္ဆက္ခဲ့တဲ့ Watch GT စမတ္နာရီဟာ ဘက္ထရီသက္တမ္း တိုးတက္လာၿပီး လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါဝင္လာပါတယ္။

Huawei ရဲ႕ကုိယ္ပုိင္ platform (Google ရဲ႕ Wear OS မဟုတ္ဘဲ) အေျခခံ အသုံးျပဳထားတဲ့ Watch GT မွာ Cortex-M4 chipset အသုံးျပဳထားပါတယ္။ Huawei Watch GT ဘက္ထရီသက္တမ္းက အလြန္ေကာင္းမြန္ၿပီး သတိေပးခ်က္ေတြပဲ လက္ခံမယ္ဆိုရင္ စမတ္နာရီကုိ ၁ လအသုံးျပဳႏိုင္ပါတယ္။ တစ္ကယ္လို႔ ႏွလုံးခုန္ႏႈန္းတိုင္းတာမႈကုိ အသုံးျပဳမယ္ဆိုရင္ ၂ ပတ္အသုံးျပဳႏိုင္ၿပီး တစ္ပတ္မွာ ၁ နာရီခြဲ ေလ့က်င့္ခန္းလုပ္ႏိုင္ပါတယ္။ Watch GT မွာ GPS ဆက္တိုက္ အသုံးျပဳၿပီး ႏွလုံးခုန္ႏႈန္း တိုင္းတာမႈနဲ႔ always on screen အသုံးျပဳထားမယ္ဆိုရင္ ၂၂ နာရီအသုံးျပဳႏိုင္ပါတယ္။

Huawei Watch GT ကုိ သမား႐ိုးက် နာရီပုံစံ crown ႏွစ္ခုနဲ႔ ceramic ေဘးေဘာင္ေတြ အသုံးျပဳထားသလို 316L stainless steel နဲ႔ဖန္တီးထားပါတယ္။ Watch GT အတြက္ Sport ဗားရွင္းနဲ႔ စတိုင္လ္က်လွတဲ့ Classic ဆုိၿပီး ၂မ်ိဳး ထုတ္လုပ္ထားပါတယ္။ အဲဒီ စမတ္နာရီ ႏွစ္မ်ိဳးစုလံးဟာ 5ATM မွာေရစိမ္ဒဏ္ခံႏိုင္ၿပီး ႐ုပ္ထြက္အရည္အေသြး 454x454px ၁.၃၉လက္မ AMOLED display ပါဝင္လာပါတယ္။

Huawei Watch GT ေအာက္ဘက္မွာ optical heart rate sensor ပါဝင္လာၿပီး LED ၆ ခုအသုံးျပဳထားပါတယ္။ အဲဒီ sensor ေတြကုိ Huawei ရဲ႕ TruSeen 3.0 နညး္ပညာ ေထာက္ပံ့ေပးထားတဲ့ အတြက္ သုံးစြဲသူ ႏွလုံးခုန္ႏႈန္းကုိ ဖတ္႐ႈတဲ့အခါ ထိေရာက္မႈ ရွိသလို အခ်ိန္နဲ႔အမွ် သင္ယူႏိုင္ပါတယ္။

Watch GT မွာ GPS ပါဝင္ၿပီး သုံးစြဲသူရဲ႕ ေန႔စဥ္လုပ္ေဆာင္ခ်က္နဲ႔ Huawei Health Assistant app နဲ႔တြဲဖက္ၿပီး ေလ့က်င့္ခန္း လုပ္တာေတြကို ေျခရာခံေပးႏိုင္ပါတယ္။ ဒါ့အျပင္ အျမင့္ေပျပသေပးတဲ့ altimeter ပါဝင္ၿပီး ေျခလွမ္းနဲ႔ အိပ္စက္မႈကို ေျခရာခံေပးထားႏိုင္ပါတယ္။

Huawei Watch GT Sport နဲ႔ Watch GT Classic ကို ယူ႐ို ၁၉၉နဲ႔ ယူ႐ို ၂၄၉နဲ႔ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။

Huawei ဟာ မ်က္ႏွာျပင္ေကြး ၀.၉၅ လက္မ AMOLED touchscreen ပါဝင္တဲ့ Band 3 Pro ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ အဲဒီ စမတ္နာရီဟာ ႏွလုံးခုန္ႏႈန္းတုိင္းတာေပးၿပီး GPS ပါဝင္လာပါတယ္။ Huawei Band 3 Pro မွာ 5ATM ေရစိမ္ခံတဲ့ အဆင့္ သတ္မွတ္ခ်က္ အဆင့္ျမင့္ fitness tacking ထုတ္ကုန္ျဖစ္ၿပီး ယူ႐ို ၉၉နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei အနေနဲ့ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ထုတ်ကုန်မိတ်ဆက်ပွဲမှာ ဖုနး်တွေသာမကဘဲ စမတ်နာရီတွေကိုလညး် ထုတ်ဖော်မိတ်ဆက် သွားခဲ့ပါတယ်။ Huawei ကမိတ်ဆက်ခဲ့တဲ့ Watch GT စမတ်နာရီဟာ ဘက်ထရီသက်တမ်း တိုးတက်လာပြီး လုပ်ဆောင်ချက် အသစ်တွေ ပါဝင်လာပါတယ်။

Huawei ရဲ့ကိုယ်ပိုင် platform (Google ရဲ့ Wear OS မဟုတ်ဘဲ) အခြေခံ အသုံးပြုထားတဲ့ Watch GT မှာ Cortex-M4 chipset အသုံးပြုထားပါတယ်။ Huawei Watch GT ဘက်ထရီသက်တမ်းက အလွန်ကောင်းမွန်ပြီး သတိပေးချက်တွေပဲ လက်ခံမယ်ဆိုရင် စမတ်နာရီကို ၁ လအသုံးပြုနိုင်ပါတယ်။ တစ်ကယ်လို့ နှလုံးခုန်နှုန်းတိုင်းတာမှုကို အသုံးပြုမယ်ဆိုရင် ၂ ပတ်အသုံးပြုနိုင်ပြီး တစ်ပတ်မှာ ၁ နာရီခွဲ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ Watch GT မှာ GPS ဆက်တိုက် အသုံးပြုပြီး နှလုံးခုန်နှုန်း တိုင်းတာမှုနဲ့ always on screen အသုံးပြုထားမယ်ဆိုရင် ၂၂ နာရီအသုံးပြုနိုင်ပါတယ်။

Huawei Watch GT ကို သမားရိုးကျ နာရီပုံစံ crown နှစ်ခုနဲ့ ceramic ဘေးဘောင်တွေ အသုံးပြုထားသလို 316L stainless steel နဲ့ဖန်တီးထားပါတယ်။ Watch GT အတွက် Sport ဗားရှင်းနဲ့ စတိုင်လ်ကျလှတဲ့ Classic ဆိုပြီး ၂မျိုး ထုတ်လုပ်ထားပါတယ်။ အဲဒီစမတ်နာရီ နှစ်မျိုးစုလံးဟာ 5ATM မှာရေစိမ်ဒဏ်ခံနိုင်ပြီး ရုပ်ထွက်အရည်အသွေး 454x454px ၁.၃၉လက်မ AMOLED display ပါဝင်လာပါတယ်။

Huawei Watch GT အောက်ဘက်မှာ optical heart rate sensor ပါဝင်လာပြီး LED ၆ ခုအသုံးပြုထားပါတယ်။ အဲဒီ sensor တွေကို Huawei ရဲ့ TruSeen 3.0 နညး်ပညာ ထောက်ပံ့ပေးထားတဲ့ အတွက် သုံးစွဲသူ နှလုံးခုန်နှုန်းကို ဖတ်ရှုတဲ့အခါ ထိရောက်မှု ရှိသလို အချိန်နဲ့အမျှ သင်ယူနိုင်ပါတယ်။

Watch GT မှာ GPS ပါဝင်ပြီး သုံးစွဲသူရဲ့ နေ့စဉ်လုပ်ဆောင်ချက်နဲ့ Huawei Health Assistant app နဲ့တွဲဖက်ပြီး လေ့ကျင့်ခန်း လုပ်တာတွေကို ခြေရာခံပေးနိုင်ပါတယ်။ ဒါ့အပြင် အမြင့်ပေပြသပေးတဲ့ altimeter ပါဝင်ပြီး ခြေလှမ်းနဲ့ အိပ်စက်မှုကို ခြေရာခံပေးထားနိုင်ပါတယ်။

Huawei Watch GT Sport နဲ့ Watch GT Classic ကို ယူရို ၁၉၉နဲ့ ယူရို ၂၄၉နဲ့ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Huawei ဟာ မျက်နှာပြင်ကွေး ၀.၉၅ လက်မ AMOLED touchscreen ပါဝင်တဲ့ Band 3 Pro ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ စမတ်နာရီဟာ နှလုံးခုန်နှုန်းတိုင်းတာပေးပြီး GPS ပါဝင်လာပါတယ်။ Huawei Band 3 Pro မှာ 5ATM ရေစိမ်ခံတဲ့ အဆင့် သတ်မှတ်ချက် အဆင့်မြင့် fitness tacking ထုတ်ကုန်ဖြစ်ပြီး ယူရို ၉၉နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena