Huawei စမတ္ဖုန္း တင္ပုိ႔ေရာင္းခ်မႈ သန္း ၂၀၀ေက်ာ္လြန္ၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့

[ Zawgyi ]

Huawei ဟာ ၂၀၁၈ ခုႏွစ္အတြင္း စမတ္ဖုန္းသန္း ၂၀၀ ေက်ာ္ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့ၿပီး စံခ်ိန္သစ္တစ္ခု တင္ႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္သြားခဲ့ပါတယ္။

Huawei P20, Honor 10 နဲ႔ Mate 20 စီးရီးေတြလိုမ်ိိဳး ထုတ္ကုန္ေတြ ေအာင္ျမင္မႈေၾကာင့္ စမတ္ဖုန္းတင္ပုိ႔ေရာင္းခ်မႈ မ်ားျပားလာတယ္လို႔ ကုမၸဏီက ေျပာခဲ့ပါတယ္။

Huawei ရဲ႕စမတ္ဖုနး္ တင္ပို႔ေရာင္းခ်မႈေတြဟာ ၂၀၁၀ခုႏွစ္အတြင္း အလုံးေရ ၃သန္းကေန တိုးတက္လာတယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က စမတ္ဖုန္း အလုံးေရ ၁၅၃သန္းေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္ ဒုတိယသုံးလပတ္အတြင္း Huawwei ဟာ Apple ကုိေက်ာ္တက္ခဲ့ၿပီး ကမၻာ႔ဒုတိယေျမာက္ အႀကီးဆုံးဖုန္းကုမၸဏီျဖစ္လာတယ္လို႔ သုေတသနကုမၸဏီ Canalys ကေဖာ္ျပခဲ့ပါတယ္။

“ကမၻာလုံးဆုိင္ရာ စမတ္ဖုန္းေဈးကြက္အတြင္း Huawei ဟာအျခားကိန္းဂဏန္းအခ်က္အလက္မွာ မပါဝင္မႈကေန ကမၻာေပၚက ထိပ္တန္းဖုနး္ကုမၸဏီ ၃ခုမွာ ရပ္တည္ေနပါတယ္” လို႔ Huawei ကထုတ္ျပန္ခဲ့ပါတယ္။

Huawei ဟာဒီႏွစ္မွာ ေအာင္ျမင္မႈ ရရွိခဲ့ေပမယ့္ အေမရိကန္အစိုးရရဲ႕ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ တ႐ုတ္အစိုးရရဲ႕ ေထာက္လွမ္းခံရမႈကို ထိတ္လန္႔တဲ့ အေမရိကန္ ႏိုင္ငံသားေတြအေနနဲ႔ Huawei ထုတ္ကုန္ေတြ မဝယ္ယူဖို႔ အေမရိကန္ေထာက္လွမ္းေရး အာဏာပုိင္ေတြက အႀကံေပးထားပါတယ္။ ဇန္နဝါရိလမွာ AT&T အေနနဲ႔ Huawei Mate 10 Pro ေရာင္းခ်ဖို႔ သေဘာတူညီခ်က္ကို ဖ်က္သိမ္းခဲ့ပါတယ္။

ဒါေပမယ့္လညး္ Huawei ဟာတ႐ုတ္နဲ႔ ဥေရာပလိုမ်ိဳး ေနရာေတြမွာ ေရပန္းစားေနပါတယ္။ ႏိုင္ငံေပါင္း ၁၇၀ေက်ာ္က လူေပါင္းသန္း ၅၀၀ေလာက္ဟာ Huawei ဖုနး္ေတြ အသုံးျပဳေနတယ္လို႔ ကုမၸဏီက ထုတ္ျပန္ထားပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Huawei ဟာ ၂၀၁၈ ခုနှစ်အတွင်း စမတ်ဖုန်းသန်း ၂၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့ပြီး စံချိန်သစ်တစ်ခု တင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

Huawei P20, Honor 10 နဲ့ Mate 20 စီးရီးတွေလိုမျိိုး ထုတ်ကုန်တွေ အောင်မြင်မှုကြောင့် စမတ်ဖုန်းတင်ပို့ရောင်းချမှု များပြားလာတယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

Huawei ရဲ့စမတ်ဖုနး် တင်ပို့ရောင်းချမှုတွေဟာ ၂၀၁၀ခုနှစ်အတွင်း အလုံးရေ ၃သန်းကနေ တိုးတက်လာတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က စမတ်ဖုန်း အလုံးရေ ၁၅၃သန်းရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ဒုတိယသုံးလပတ်အတွင်း Huawwei ဟာ Apple ကိုကျော်တက်ခဲ့ပြီး ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံးဖုန်းကုမ္ပဏီဖြစ်လာတယ်လို့ သုတေသနကုမ္ပဏီ Canalys ကဖော်ပြခဲ့ပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဈေးကွက်အတွင်း Huawei ဟာအခြားကိန်းဂဏန်းအချက်အလက်မှာ မပါဝင်မှုကနေ ကမ္ဘာပေါ်က ထိပ်တန်းဖုနး်ကုမ္ပဏီ ၃ခုမှာ ရပ်တည်နေပါတယ်” လို့ Huawei ကထုတ်ပြန်ခဲ့ပါတယ်။

Huawei ဟာဒီနှစ်မှာ အောင်မြင်မှု ရရှိခဲ့ပေမယ့် အမေရိကန်အစိုးရရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တရုတ်အစိုးရရဲ့ ထောက်လှမ်းခံရမှုကို ထိတ်လန့်တဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ Huawei ထုတ်ကုန်တွေ မဝယ်ယူဖို့ အမေရိကန်ထောက်လှမ်းရေး အာဏာပိုင်တွေက အကြံပေးထားပါတယ်။ ဇန်နဝါရိလမှာ AT&T အနေနဲ့ Huawei Mate 10 Pro ရောင်းချဖို့ သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမယ့်လညး် Huawei ဟာတရုတ်နဲ့ ဥရောပလိုမျိုး နေရာတွေမှာ ရေပန်းစားနေပါတယ်။ နိုင်ငံပေါင်း ၁၇၀ကျော်က လူပေါင်းသန်း ၅၀၀လောက်ဟာ Huawei ဖုနး်တွေ အသုံးပြုနေတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Ref: CNET