HTC ရဲ႕ Vive Pro ကို ၇၉၉ ေဒၚလာနဲ႔ ႀကိဳတင္မွာယူႏိုင္

[ Zawgyi ]

HTC အေနနဲ႔ ႐ုပ္ထြက္အရည္အေသြးျမင့္ Vive Pro virtual reality headset သစ္ကိုယ္ထည္ကို ၇၉၉ ေဒၚလာ နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။
Vive Pro အတြက္ႀကိဳတင္မွာယူမႈကို စတင္လက္ခံေနၿပီျဖစ္ၿပီး အဲဒီ headset ေတြကို ဧၿပီလ ၅ ရက္မွာ ပထမဆုံး တင္ပုိ႔ေရာင္းခ် သြားမွာ ျဖစ္ပါတယ္။ Vive Pro ထုတ္ကုန္သစ္ကို ရွိၿပီးသား Vive setup ေတြက lighthouse tracking beacon ေတြ၊ controller ေတြနဲ႔ တပ္ဆင္အသုံးျပဳႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ လက္ရွိ Vive ကို ကနဦး ေရာင္းခ်ေနတဲ့ေဈးထက္ ေဒၚလာ ၁၀၀ ေလွ်ာ႔ၿပီး ၄၉၉ ေဒၚလာနဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ဇြန္လ ၃ ရက္မွာ Vive Pro ဝယ္ယူသူတိုင္းကို HTC ရဲ႕ Viveport လစဥ္ေၾကးသြင္း ဝန္ေဆာင္မႈ ၆ လ အခမဲ့ေပးသြားမယ္လို႔ သိရပါတယ္။ HTC အေနနဲ႔ Vive Pro kit ေဈးႏႈန္းကိုလည္း မၾကာခင္ ထုတ္ျပန္သြားမွာ ျဖစ္ပါတယ္။

Vive Pro ကို ဒီႏွစ္ CES ျပပြဲအေစာပုိင္းမွာ ထုတ္ေဖာ္မိတ္ဆက္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္ကထြက္ရွိထားတဲ့ Vive ကုိ ပထမဆုံး ျပန္လည္အဆင္ျမႇင့္တင္ထားျဖစ္ပါတယ္။ Vive ရဲ႕ မ်က္ႏွာျပင္အရည္အေသြးကို တုိးျမႇင့္ခဲ့ၿပီး OLED display ႏွစ္ခုနဲ႔ 1400x 1600 pixels အသုံးျပဳထားပါတယ္။ ဒါ့အျပင္ built-in headphone ေတြနဲ႔ head strap ကိုလည္း အေျပာင္းအလဲျပဳလုပ္ခဲ့ပါတယ္။ မူလ Vive တုန္းက kit မွာပဲ ပါဝင္တဲ့ option ေတြကို core ထုတ္ကုန္ထဲမွာ တစ္ပါတည္း ထည့္သြင္းထားပါတယ္။

မူလ Vive ထုတ္ကုန္ကို ၂၀၁၈ ခုႏွစ္တစ္ေလွ်ာက္ ေရာင္းခ်မယ္လို႔ HTC က ထုတ္ျပန္ခဲ့ဖူးပါတယ္။ HTC အေနနဲ႔ ေဈးသက္သာတဲ့ VR ဗားရွင္းကို ေရာင္းေနစဥ္မွာ တန္ဖိုးႀကီးထုတ္ကုန္ ဝယ္ယူမယ့္သူေတြအတြက္ Vive Pro ကုိေရာင္းခ်မယ္လို႔ Vive အေမရိကန္ အေထြေထြမန္ေနဂ်ာျဖစ္သူ ဒန္နီရယ္အိုဘ႐ိုင္ယန္က ေျပာခဲ့ပါတယ္။ HTC အေနနဲ႔ Google Daydream ကုိ အသုံးျပဳထားတဲ့ သီးသန္႔ headset ကို မိတ္ဆက္မယ္လို႔ ထုတျ္ပန္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ Daydream စီမံကိန္းက ပ်က္ျပယ္ခဲ့ေပမယ့္ သီးသန္႔ထုတ္ကုန္ကို တ႐ုတ္မွာ မိတ္ဆက္ခဲ့ပါတယ္။ အျခားေဈးကြက္ေတြမွာလည္း Daydream အသုံးျပဳထားတဲ့ သီးသန္႔ VR ကို ျဖန္႔ခ်ိဖြယ္ရွိေနပါတယ္။

စိုးထက္
Ref: TheVerge

===========

[ Unicode ]

HTC ရဲ့ Vive Pro ကို ရ၉၉ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်

===========

HTC အနေနဲ့ ရုပ်ထွက်အရည်အသွေးမြင့် Vive Pro virtual reality headset သစ်ကိုယ်ထည်ကို ရ၉၉ ဒေါ်လာ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Vive Pro အတွက်ကြိုတင်မှာယူမှုကို စတင်လက်ခံနေပြီဖြစ်ပြီး အဲဒီ headset တွေကို ဧပြီလ ၅ ရက်မှာ ပထမဆုံး တင်ပို့ရောင်းချ သွားမှာ ဖြစ်ပါတယ်။ Vive Pro ထုတ်ကုန်သစ်ကို ရှိပြီးသား Vive setup တွေက lighthouse tracking beacon တွေ၊ controller တွေနဲ့ တပ်ဆင်အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ လက်ရှိ Vive ကို ကနဦး ရောင်းချနေတဲ့ဈေးထက် ဒေါ်လာ ၁၀၀ လျှော့ပြီး ၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဇွန်လ ၃ ရက်မှာ Vive Pro ဝယ်ယူသူတိုင်းကို HTC ရဲ့ Viveport လစဉ်ကြေးသွင်း ဝန်ဆောင်မှု ၆ လ အခမဲ့ပေးသွားမယ်လို့ သိရပါတယ်။ HTC အနေနဲ့ Vive Pro kit ဈေးနှုန်းကိုလည်း မကြာခင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

Vive Pro ကို ဒီနှစ် CES ပြပွဲအစောပိုင်းမှာ ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး ၂၀၁၆ ခုနှစ်ကထွက်ရှိထားတဲ့ Vive ကို ပထမဆုံး ပြန်လည်အဆင်မြှင့်တင်ထားဖြစ်ပါတယ်။ Vive ရဲ့ မျက်နှာပြင်အရည်အသွေးကို တိုးမြှင့်ခဲ့ပြီး OLED display နှစ်ခုနဲ့ 1400x 1600 pixels အသုံးပြုထားပါတယ်။ ဒါ့အပြင် built-in headphone တွေနဲ့ head strap ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ မူလ Vive တုန်းက kit မှာပဲ ပါဝင်တဲ့ option တွေကို core ထုတ်ကုန်ထဲမှာ တစ်ပါတည်း ထည့်သွင်းထားပါတယ်။

မူလ Vive ထုတ်ကုန်ကို ၂၀၁၈ ခုနှစ်တစ်လျှောက် ရောင်းချမယ်လို့ HTC က ထုတ်ပြန်ခဲ့ဖူးပါတယ်။ HTC အနေနဲ့ ဈေးသက်သာတဲ့ VR ဗားရှင်းကို ရောင်းနေစဉ်မှာ တန်ဖိုးကြီးထုတ်ကုန် ဝယ်ယူမယ့်သူတွေအတွက် Vive Pro ကိုရောင်းချမယ်လို့ Vive အမေရိကန် အထွေထွေမန်နေဂျာဖြစ်သူ ဒန်နီရယ်အိုဘရိုင်ယန်က ပြောခဲ့ပါတယ်။ HTC အနေနဲ့ Google Daydream ကို အသုံးပြုထားတဲ့ သီးသန့် headset ကို မိတ်ဆက်မယ်လို့ ထုတြ်ပန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ Daydream စီမံကိန်းက ပျက်ပြယ်ခဲ့ပေမယ့် သီးသန့်ထုတ်ကုန်ကို တရုတ်မှာ မိတ်ဆက်ခဲ့ပါတယ်။ အခြားဈေးကွက်တွေမှာလည်း Daydream အသုံးပြုထားတဲ့ သီးသန့် VR ကို ဖြန့်ချိဖွယ်ရှိနေပါတယ်။

စိုးထက်
Ref: TheVerge