HP ZBook 15 G5

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၃၄၃၅

အားသာခ်က္

စစ္တပ္သုံးအဆင့္ အၾကမ္းခံႏုိင္မႈ၊ သက္ေသာင့္သက္သာရွိတဲ့ ကီးဘုတ္နဲ႔ အသံထြက္ပိုင္း ျပည့္ဝေကာင္းမြန္တဲ့ စပီကာေတြက သေဘာက်စရာပါ။ စြမ္းေဆာင္ရည္ပိုင္းကလည္း ေတာ္ေတာ္ေလးေကာင္းမြန္သလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

အၾကမ္းခံတဲ့ Laptop ေတြပုံစံအတုိင္း ဒီဇုိင္းကေတာ့ နည္းနည္း ထူပိန္းပိန္းပုံစံမ်ဳိးပါ။ Display ရဲ႕ Viewing Angles က က်ဥ္းတာနဲ႔ Webcam ပိုင္းက သိပ္အေကာင္းႀကီးမဟုတ္တာေတြက ဒီ Laptop ရဲဲ႕ အားနည္းခ်က္ပဲျဖစ္ပါတယ္။

သုံးသပ္ခ်က္

HP ZBook 15 G5 က စြမ္းေဆာင္ရည္ပိုင္းက အထူးေကာင္းမြန္သလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာအသုံးျပဳႏုိင္ၿပီး အသုံးျပဳရတာေကာင္းမြန္တဲ့ ကီးဘုတ္စနစ္ေတြ ပုိင္ဆုိင္ထားတဲ့အျပင္ အၾကမ္းခံမႈရွိတဲ့ Laptop တစ္လုံး ျဖစ္ပါတယ္။ ဒီဇိုင္း၊ ဗီဒီယိုတည္းျဖတ္၊ 3D ဒီဇုိင္း စတဲ့ ပေရာ္ဖက္ရွယ္နယ္ လုပ္ငန္းေဆာင္တာေတြကို ေကာင္းေကာင္းအသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Display ျမင္ကြင္းရဲ႕ ၾကည့္႐ႈႏုိင္မႈ ႐ႈေထာင့္ Viewing Angle က က်ဥ္းတာနဲ႔ Webcam ပိုင္းအားနည္းတာကလြဲရင္ ZBook 15 G5 က Desktop တစ္လုံးရဲ႕ေနရာမွာ အစားထိုး အသုံးျပဳႏုိင္မယ့္ ပေရာ္ဖက္ရွင္နယ္သုံး Laptop တစ္လုံးလို႔ဆိုရမွာပါ။

အေသးစိတ္ေဖာ္ျပခ်က္

၁၅.၆ လက္မရွိတဲ့ Display က Touchscreen အမ်ဳိးအစားျဖစ္ၿပီး ႐ုပ္ထြက္အရည္အေသြးကို 3840×2160 pixel ထိ ေထာက္ပံ့ေပးႏိုင္ပါတယ္။ အျမန္ႏႈန္း 2.2GHz ရွိတဲ့ Intel Core i7-8850H vPro Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ NVIDIA Quadro P2000 GPU (4GB) ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 32 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 512 GB NVMe M.2 SSD ကို အသုံးျပဳထားပါတယ္။ ၄.၅x၂.၂ လက္မ အရြယ္အစား Touchpad ရဲ႕sensitivity ကလည္း တုံ႔ျပန္မႈေကာင္းမြန္ပါတယ္။ WiFi 802.11 b/g/n/ac၊ Bluetotoh 5.0 စနစ္ေတြ ေထာက္ပံ့ပါ၀င္ၿပီး လက္္ေဗြလုံၿခဳံေရးစနစ္၊ USB 3.0 Always On ေပါက္၊ USB 3.0 ေပါက္၊ HDMI ေပါက္၊ Thunderbolt 3 (USB-C) ေပါက္၊ Card Reader ေပါက္၊ လုံၿခဳံေရးဆုိင္ရာ Lock ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

ျမင္ကြင္းေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီနဲ႔ ၅၆ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၂.၅၇ ကီလိုဂရမ္ (၅.၆၇ ေပါင္) ရွိမွာ ျဖစ္ပါတယ္။

Ref : www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၃၄၃၅

အားသာချက်

စစ်တပ်သုံးအဆင့် အကြမ်းခံနိုင်မှု၊ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်နဲ့ အသံထွက်ပိုင်း ပြည့်ဝကောင်းမွန်တဲ့ စပီကာတွေက သဘောကျစရာပါ။ စွမ်းဆောင်ရည်ပိုင်းကလည်း တော်တော်လေးကောင်းမွန်သလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

အကြမ်းခံတဲ့ Laptop တွေပုံစံအတိုင်း ဒီဇိုင်းကတော့ နည်းနည်း ထူပိန်းပိန်းပုံစံမျိုးပါ။ Display ရဲ့ Viewing Angles က ကျဉ်းတာနဲ့ Webcam ပိုင်းက သိပ်အကောင်းကြီးမဟုတ်တာတွေက ဒီ Laptop ရဲဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

HP ZBook 15 G5 က စွမ်းဆောင်ရည်ပိုင်းက အထူးကောင်းမွန်သလို ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးပြုနိုင်ပြီး အသုံးပြုရတာကောင်းမွန်တဲ့ ကီးဘုတ်စနစ်တွေ ပိုင်ဆိုင်ထားတဲ့အပြင် အကြမ်းခံမှုရှိတဲ့ Laptop တစ်လုံး ဖြစ်ပါတယ်။ ဒီဇိုင်း၊ ဗီဒီယိုတည်းဖြတ်၊ 3D ဒီဇိုင်း စတဲ့ ပရော်ဖက်ရှယ်နယ် လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Display မြင်ကွင်းရဲ့ ကြည့်ရှုနိုင်မှု ရှုထောင့် Viewing Angle က ကျဉ်းတာနဲ့ Webcam ပိုင်းအားနည်းတာကလွဲရင် ZBook 15 G5 က Desktop တစ်လုံးရဲ့နေရာမှာ အစားထိုး အသုံးပြုနိုင်မယ့် ပရော်ဖက်ရှင်နယ်သုံး Laptop တစ်လုံးလို့ဆိုရမှာပါ။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က Touchscreen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 3840×2160 pixel ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အမြန်နှုန်း 2.2GHz ရှိတဲ့ Intel Core i7-8850H vPro Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ NVIDIA Quadro P2000 GPU (4GB) ထောက်ပံ့ပါ၀င်ပါတယ်။ RAM 32 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB NVMe M.2 SSD ကို အသုံးပြုထားပါတယ်။ ၄.၅x၂.၂ လက်မ အရွယ်အစား Touchpad ရဲ့sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ WiFi 802.11 b/g/n/ac၊ Bluetotoh 5.0 စနစ်တွေ ထောက်ပံ့ပါ၀င်ပြီး လက််ဗွေလုံခြုံရေးစနစ်၊ USB 3.0 Always On ပေါက်၊ USB 3.0 ပေါက်၊ HDMI ပေါက်၊ Thunderbolt 3 (USB-C) ပေါက်၊ Card Reader ပေါက်၊ လုံခြုံရေးဆိုင်ရာ Lock ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၅၆ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၅၇ ကီလိုဂရမ် (၅.၆၇ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref : www.laptopmag.com