HP Spectre x360 (15-inch, 2019)

တန်ဖိုး – ကန်ဒေါ်လာ ၂ဝ၄၉

အားသာချက်

ဆွဲဆောင်မှုဒီဇိုင်းနဲ့ အရောင်အသွေးစုံလင်လှတဲ့ panel ကလည်း သဘောကျစရာပါ။ သက်သောင့်သက်သာ ရှိလှတဲ့ ကီးဘုတ်နဲ့ ပြည့်ဝကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်တွေက ကျေနပ်စရာပါ။ ဘက်ထရီနဲ့လည်း အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အားနည်းချက်

Display က ဒီထက်ပိုပြီး တောက်ပမှုရှိရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက စပီကာ သာမန်အရည်အသွေးလောက်ပဲရှိတာက ဒီ Laptop ရဲ့ အားနည်းချက်ဖြစ်ပါတယ်။

သုံးသပ်ချက်

HP Spectre x360 (15-inch, 2019) က စွမ်းဆောင်ရည်ပိုင်း ပြည့်ဝကောင်းမွန်သလို ဘက်ထရီနဲ့လည်း အချိန်ကြာကြာ အသုံးပြုနိုင်တာတွေ့ရပါတယ်။ ဆွဲဆောင်မှုရှိလှတဲ့ အလူမီနီယံ ကိုယ်ထည်ဒီဇိုင်းက ပရီမီယံဆန်တယ် လို့ဆိုရမှာပါ။ သူရဲ့ အရောင်အသွေးစုံတဲ့ 4K Display က အလင်းတောက်ပမှုပိုင်းက ဒီထက်ပိုပြီး တောက်ပမယ်ဆို ပိုကောင်းမယ်လို့မြင်ပါတယ်။ စပီကာရဲ့ အသံထွက်ပိုင်းကလည်း ပရီမီယံ Laptop တစ်လုံးအတွက် သာမန် ဖြစ်နေတာလည်း အားရစရာ မကောင်းလှပါဘူး။ ခြုံပြီး သုံးသပ် ရမယ်ဆိုရင်တော့ ပရီမီယံဒီဇိုင်းနဲ့ ဆွဲဆောင်မှုရှိလှတဲ့အပြင် စွမ်းဆောင်ရည်ပိုင်း ပြည့်ဝကောင်းမွန် တဲ့ 2-in-1 အမျိုးအစား Laptop ကို အသုံးပြုချင်သူတွေနဲ့ 2-in-1 Laptop ကို ပရော်ဖက်ရှင်နယ် လုပ်ငန်းဆောင်တာတွေ အတွက် အသုံးပြုချင်သူအတွက် အထူးသင့်လျော်မှုရှိမှာဖြစ်ပြီး သူ့ရဲ့ ဈေးနှုန်းအရ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ Laptop တစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က Touchscreen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Core i7-8750H Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce GTX 1050 Ti Max-Q (4GB) GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1 TB SSD ကို အသုံးပြုထားပါတယ်။ HP Pen တစ်ပါတည်း ပါဝင်ပြီး Webcam က 1080p အမျိုးအစား IR ကင်မရာ ဖြစ်ပါတယ်။ ၄.၇x၂.၅ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါ တယ်။ WiFi 802.11 b/g/n/ac၊ Bluetotoh 5.0 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး လက်ဗွေလုံခြုံရေးစနစ်၊ Type-A ပေါက်၊ Thunderbolt 3 ပေါက်နဲ့ microSD Card Reader ပေါက်တွေ ပါဝင်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၉ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၁ ကီလိုဂရမ် (၄.၆၄ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref:www.laptopmag.com