HP Spectre Folio 13

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၂၉၉.၉၉ ~ ၁၆ဝ၈

အားသာခ်က္

စတုိင္က်လွပတဲ့ ပရီမီယံ လည္သာဒီဇုိင္းနဲ႔ ဖန္တီးထားတဲ့ ဒီ Laptop က လုပ္ငန္းေဆာင္တာမ်ဳိးစုံကို လုပ္ေဆာင္ႏုိင္ေစသလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာအသုံး ျပဳႏုိင္မွာျဖစ္ပါတယ္။ ကီးဘုတ္ကလည္း အသုံးျပဳရတာ အထူးပဲ သက္ေသာင့္သက္သာ ရွိလွသလို Pen လည္း ပါဝင္ပါတယ္။ 4G LTE dual SIM စနစ္ ေထာက္ပံ့ပါဝင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ေတြပါ။

အားနည္းခ်က္

Audio ပိုင္းအသံထြက္က အခန္းတစ္ခုတြင္း နားေထာင္ဖို႔အတြက္ လုံေလာက္တဲ့က်ယ္ေလာင္မႈရွိေပမယ့္ အသံထြက္ပိုင္းက ေဘ့စ္သံပိုင္းေတာ့ သိပ္အေကာင္းႀကီး မေထာက္ပံ့ေပးႏုိင္ဘူး လို႔ ခံစားရပါတယ္။ Y-seies Intel processor က Folio အတြက္ကေတာ့ စြမ္းေဆာင္ရည္ပိုင္းေကာင္း မြန္တယ္လို႔ဆိုလို႔ရေပမယ့္ ေစ်းႏႈန္းအရ ယွဥ္မယ္ဆိုရင္ေတာ့ ၿပိဳင္ဘက္ေတြက သူ႔ထက္ေစ်းသက္သာသလို စြမ္းေဆာင္ရည္လည္း ပိုေကာင္းတယ္လို႔ ျမင္ပါတယ္။

သုံးသပ္ခ်က္

Spectre Folio 13 က Laptop ကိုယ္ထည္တစ္ခုလုံးကို လည္သာအုပ္ထားတဲ့အျပင္ စြဲမက္ဖြယ္ေကာင္းတဲ့ ပရီမီယံဒီဇုိင္းနဲ႔ စြယ္စုံသုံးႏုိင္ေအာင္ HP ကေနထုတ္လုပ္လိုက္တာလို႔ ဆိုရမွာပါ။ ဘက္ထရီနဲ႔ကို အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မယ့္ 2-in-1 အမ်ဳိးအစား Laptop ျဖစ္တဲ့အျပင္ Intel ရဲ႕ Gigabit Class LTE ေထာက္ပံ့ပါဝင္တဲ့ ပထမဆုံး Lap top လို႔ HP က ဆိုထားပါတယ္။ Pen ပါဝင္တဲ့ စတုိင္က်က်တဲ့၊ ဘက္ထရီနဲ႔ ၁ဝ နာရီေက်ာ္သုံးႏုိင္တဲ့၊ 4G LTE စနစ္ေထာက္ပံ့ပါဝင္တဲ့အျပင္ အသုံးျပဳရတာ ေကာင္းမြန္လွတဲ့ ကီးဘုတ္ပါဝင္တဲ့ 2-in-1 အမ်ဳိးအစား Laptop တစ္လုံးကုိ ျပပါဆိုရင္ HP Spectre Folio 13 က ေရြးခ်ယ္စရာ တစ္ခုအေနနဲ႔ရွိေနမွာ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၃.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္ပံ့ေပးႏုိင္္တဲ့ Touch-screen ျဖစ္ပါတယ္။ Y-series Intel Processor ကို အသုံးျပဳထားၿပီး အျမန္ႏႈန္း 1.5GHz ရွိတဲ့ Intel Core i7-8500Y CPU အမ်ဳိးအစားျဖစ္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ Intel UHD Graphics 615 GPU ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 16GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256 GB M.2 NVMe SSD ရွိမွာျဖစ္ပါတယ္။ ဒီဂ်စ္တယ္ Pen တြဲဖက္ပါဝင္ၿပီး Webcam ကေတာ့ 1080p အမ်ဳိးအစား ျဖစ္ပါတယ္။ Touchpad ရဲ႕အရြယ္အစားက ၃.၇ x ၂.၁ လက္မ ရွိပါတယ္။ Intel XMM 7560 LTE-AdvancedPro modem ပါဝင္ၿပီး Wi-Fi 802.11ac ၊ Bluetotoh 4.2 စနစ္ေတြေထာက္ပံ့ပါ၀င္ပါတယ္။ USB Type C 3.1 ေပါက္၊ Thunderbolt ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၁ဝ နာရီနဲ႔ ၁၈ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၄ ကီလိုဂရမ္ (၃.၂၈ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉၉.၉၉ ~ ၁၆ဝ၈

အားသာချက်

စတိုင်ကျလှပတဲ့ ပရီမီယံ လည်သာဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ဒီ Laptop က လုပ်ငန်းဆောင်တာမျိုးစုံကို လုပ်ဆောင်နိုင်စေသလို ဘက်ထရီနဲ့ အချိန်ကြာကြာအသုံး ပြုနိုင်မှာဖြစ်ပါတယ်။ ကီးဘုတ်ကလည်း အသုံးပြုရတာ အထူးပဲ သက်သောင့်သက်သာ ရှိလှသလို Pen လည်း ပါဝင်ပါတယ်။ 4G LTE dual SIM စနစ် ထောက်ပံ့ပါဝင်တာတွေက ဒီ Laptop ရဲ့ အားသာချက်တွေပါ။

အားနည်းချက်

Audio ပိုင်းအသံထွက်က အခန်းတစ်ခုတွင်း နားထောင်ဖို့အတွက် လုံလောက်တဲ့ကျယ်လောင်မှုရှိပေမယ့် အသံထွက်ပိုင်းက ဘေ့စ်သံပိုင်းတော့ သိပ်အကောင်းကြီး မထောက်ပံ့ပေးနိုင်ဘူး လို့ ခံစားရပါတယ်။ Y-seies Intel processor က Folio အတွက်ကတော့ စွမ်းဆောင်ရည်ပိုင်းကောင်း မွန်တယ်လို့ဆိုလို့ရပေမယ့် စျေးနှုန်းအရ ယှဉ်မယ်ဆိုရင်တော့ ပြိုင်ဘက်တွေက သူ့ထက်စျေးသက်သာသလို စွမ်းဆောင်ရည်လည်း ပိုကောင်းတယ်လို့ မြင်ပါတယ်။

သုံးသပ်ချက်

Spectre Folio 13 က Laptop ကိုယ်ထည်တစ်ခုလုံးကို လည်သာအုပ်ထားတဲ့အပြင် စွဲမက်ဖွယ်ကောင်းတဲ့ ပရီမီယံဒီဇိုင်းနဲ့ စွယ်စုံသုံးနိုင်အောင် HP ကနေထုတ်လုပ်လိုက်တာလို့ ဆိုရမှာပါ။ ဘက်ထရီနဲ့ကို အချိန်ကြာကြာ အသုံးပြုနိုင်မယ့် 2-in-1 အမျိုးအစား Laptop ဖြစ်တဲ့အပြင် Intel ရဲ့ Gigabit Class LTE ထောက်ပံ့ပါဝင်တဲ့ ပထမဆုံး Lap top လို့ HP က ဆိုထားပါတယ်။ Pen ပါဝင်တဲ့ စတိုင်ကျကျတဲ့၊ ဘက်ထရီနဲ့ ၁ဝ နာရီကျော်သုံးနိုင်တဲ့၊ 4G LTE စနစ်ထောက်ပံ့ပါဝင်တဲ့အပြင် အသုံးပြုရတာ ကောင်းမွန်လှတဲ့ ကီးဘုတ်ပါဝင်တဲ့ 2-in-1 အမျိုးအစား Laptop တစ်လုံးကို ပြပါဆိုရင် HP Spectre Folio 13 က ရွေးချယ်စရာ တစ်ခုအနေနဲ့ရှိနေမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်ပံ့ပေးနိုင််တဲ့ Touch-screen ဖြစ်ပါတယ်။ Y-series Intel Processor ကို အသုံးပြုထားပြီး အမြန်နှုန်း 1.5GHz ရှိတဲ့ Intel Core i7-8500Y CPU အမျိုးအစားဖြစ်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Intel UHD Graphics 615 GPU ထောက်ပံ့ပါ၀င်ပါတယ်။ RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256 GB M.2 NVMe SSD ရှိမှာဖြစ်ပါတယ်။ ဒီဂျစ်တယ် Pen တွဲဖက်ပါဝင်ပြီး Webcam ကတော့ 1080p အမျိုးအစား ဖြစ်ပါတယ်။ Touchpad ရဲ့အရွယ်အစားက ၃.၇ x ၂.၁ လက်မ ရှိပါတယ်။ Intel XMM 7560 LTE-AdvancedPro modem ပါဝင်ပြီး Wi-Fi 802.11ac ၊ Bluetotoh 4.2 စနစ်တွေထောက်ပံ့ပါ၀င်ပါတယ်။ USB Type C 3.1 ပေါက်၊ Thunderbolt ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁ဝ နာရီနဲ့ ၁၈ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၂၈ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com