HP Probook X360 11 G4 notebook

[ Zawgyi ]


[ Unicode ]

လုပ်ငန်းခွင်နဲ့ အိမ်တွေမှာ Notebook အနေနဲ့သာမက Tablet ပုံစံနဲ့ပါ အသုံးပြုနိုင်တဲ့ HP Pavilion x360 11 Series ထဲမှ G4 Notebook ပါတယ်။ Commercial series ဖြစ်တဲ့အတွက် မိမိလိုချင်တဲ့ specifications အတိုင်း custo-mized လုပ်ပြီး မှာယူနိုင်ပါသေးတယ်။ Intel® Core™ i5 processor (i5-8200Y) CPU နဲ့ RAM ပိုင်းအတွက် LPDDR3 စနစ်နဲ့ 8GB ထည့်သွင်း အသုံး ပြုထားပါတယ်။ Graphic ပိုင်းအတွက် Integrated Intel UHD Graphics 615 ကို သုံးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက်က up to 256GB PCIe M.2 SSD/ up to 128GB M.2 SATA SSD စနစ်နဲ့ ဖြစ်ပါတယ်။ ၁၁.၆ လက်မအရွယ် HD SVA eDP WLED-backlit slim touch screen ကို အသုံးပြုထားတဲ့အတွက် မျက်နှာပြင်ကို တိုက်ရိုက်ထိတွေ့စေ ခိုင်းနိုင်တဲ့အပြင် ၃၆၀ ဒီဂရီ လှည့်နိုင်ပါတယ်။ Windows 10 Pro 64/ Windows 10 Home 64 ထောက်ပံ့ပေးထားပါတယ်။ 720p HD camera (user-facing); 5 MPcamera (world-facing), 2 USB 3.1 Gen 1; 1 USB Type-C™ (Data transfer, power delivery); 1 RJ-45; 1 headphone/ microphone combo; 1 HDMI 2.0a;1 AC power စတာတွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ HP Long Life 3Cell Li-on ဘက်ထရီထည့်သွင်း အသုံးပြုထားပါတယ်။ အရွယ်အစားက 11.8 x 8.11x 0.78 in ဖြစ်ပြီး အလေးချိန်က ၃.၁၇ ပေါင်သာရှိပါတယ်။ Royal Smart ဖုန်း ၀၁-၃၇၉၅၆၄ ကနေ ဆက်သွယ်ဝယ်ယူနိုင်သလို မြန်မာပြည်အရပ်ရပ်ရှိ HP အရောင်းကိုယ် စားလှယ်ဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပါတယ်။