August 20, 2018

HP Pavilion Gaming 15 Notebook

[ Zawgyi ]



သန္တာ

[ Unicode ]

HP Pavilion Gaming 15 Notebook ကတော့ Coffee Lake 8th Generation Intel core i7-8750H processor ကို တပ်ဆင်ထားပါတယ်။ RAM 8GB DDR4 , 256 Pcle SSD + 1TB HDD Memory ပါဝင်တဲ့အတွက် အချက်အလက်များစွာကို မြန်ဆန်စွာ သိမ်းဆည်းပေးပါလိမ့်မယ်။ မျက်နှာပြင် ၁၅.၆ လက်မ ကျယ်ဝန်းပြီး FHD IPS Display ကို screen 144Hz refresh rate(2ms) နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Graphics ပိုင်းမှာတော့ Nvidia GeForce GTX 1060 MaxQ 3GB GDDR5 graphics ပါ၀င်တဲ့အတွက် gaming laptop တွေထဲမှာဆိုရင် သူ့ရဲ့ screen refresh rate က အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ Refresh rate ကိုလဲ Gamer တွေစိတ်ကြိုက်( 60Hz or 144Hz ) setting ထဲမှာ ချိန်းပြီး ကစားနိုင်ပါတယ်။ ပုံမှန်ထက် ၂ ဆ ပိုမြန်တဲ့ USB 3.0 , 3.1 ( Type C ) Port ၊ တခြား Port တွေအနေနဲ့ HDMI, GbLAN ပါဝင်ပါတယ်။ 4 cell Li-ion polymer battery ကို အသုံးပြုပေးထားတဲ့အပြင် HP ရဲ့ fast charging စနစ်ကြောင့် ဘက်ထရီကို လျင်မြန်စွာအားပြည့်စေမှာပါ။ အရောင်ကတော့ Black color body type ကို Acid green color keyboard နဲ့ဖြစ်ပြီး Window License ပါရှိပါတယ်။ One Year Global Warranty ရရှိမှာဖြစ်ပြီး တန်ဖိုး – ကန်ဒေါ်လာ ၁၄၀၀ ၀န်းကျင်နဲ့ Royal Smart Co.,Ltd ကတင်သွင်းကာ ကွန်ပျူတာဆိုင် အများစုမှာ ဝယ်ယူရရှိနိုင်ပါတယ်။