HP LaserJet Pro 402dw Printer

[ Zawgyi ]



-ကျော်ဇေယျ

[ Unicode ]

ရုံး/လုပ်ငန်းသုံး Duplex Network & Wireless Printer Series ဖြစ်တဲ့ HP LaserJet Pro M402dw Printer ဖြစ်ပါတယ်။ Auto Duplex စနစ်ပါရှိခြင်းကြောင့် ကုန်ကျစရိတ်သက်သာစွာနဲ့ Duplex Printing ဆိုင်ရာ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးနိုင်တဲ့အပြင် Mobile Printing ဆိုင်ရာလုပ်ငန်းစဉ်ကိုလည်း အထောက်အပံ့ ပေးနိုင်တဲ့ Built-in Network & Wireless Printer ဖြစ်ပါတယ်။

Resolution 1200 x 1200 dpi ရှိတဲ့ ပုံရိပ်တွေကို တစ်မိနစ်လျှင် A4 ၃၈ မျက်နှာနဲ့ Letter ၄၀ မျက်နှာ အထိ Print ထုတ်ပေးနိုင်ပါတယ်။ Printer Processor Speed က 1200MHz ရှိပြီး Buit-in Memory 128 MB ပါရှိပါတယ်။ Energy saving အတွက် HP Auto-On/Auto-Off Technology ကို ထည့်သွင်း အသုံးပြုထားပါတယ်။ အရွယ်အစား 381mm x 216mm x 357mm ဖြစ်ပြီး အလေးချိန်က 8.58kg ရှိပါတယ်။ ကန်ဒေါ်လာ ၂၈၀ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Royal Smart ဖုန်း ၀၁-၃၇၉၅၆၄ ကနေ ဆက်သွယ်ဝယ်ယူနိုင်သလို မြန်မာပြည်အရပ်ရပ်ရှိ HP အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်။