HP Envy x2 (2018)

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၁၄၉

အားသာခ်က္

စတုိင္က်လွတဲ့ကုိယ္ထည္ ဒီဇိုင္း၊ ေတာက္ပၿပီး ကာလာ႐ုပ္ထြက္ပိုင္းစိုျပည္လွတဲ့ Display နဲ႔ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြ၊ 4G LTE စနစ္ေထာက္ပံ့ပါဝင္တာနဲ႔ Stylus Pen တစ္ပါတည္းပါဝင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

Laptop ထဲမွာ bloatware လို႔ေခၚတဲ့ ေဆာ့ဖ္ဝဲေတြ မ်ားစြာပါဝင္လာတာနဲ႔ စြမ္းေဆာင္ရည္ပိုင္းက သာမန္ေလာက္ရွိတာနဲ႔ ေစ်းႏႈန္းႀကီးျမင့္တာေတြက ဒီ Laptop ရဲ႕ အားနည္းခ်က္ျဖစ္ပါတယ္။

သုံးသပ္ခ်က္

Enxy x2 က Tablet PC လို ေကာ Laptop လိုပါ သုံးႏုိင္တဲ့ 2-in-1 အမ်ဳိးအစားျဖစ္ပါတယ္။ Tablet PC ေတြနဲ႔ ႏိႈင္းယွဥ္မယ္ ဆိုရင္ေတာ့ သူကေတာ္ေတာ္ေလး ေရွ႕ေရာက္တယ္လို႔ေျပာရပါမယ္။ Display နဲ႔ ဘက္ထရီသက္တမ္း ၾကာၾကာသုံးႏုိင္တာေတြ၊ သြက္သြက္လက္လက္႐ိုက္ကူးႏုိင္တဲ့ ကီးဘုတ္စနစ္က သေဘာက်စရာေကာင္းလွေပမယ့္ သူ႔မွာ အသုံးျပဳထားတဲ့ Processor အရေတာ့ အသုံးျပဳရတာ စြမ္းေဆာင္ရည္ပိုင္းက အားရေက်နပ္မႈ အျပည့္မခံစားရဘူးလို႔ဆိုရမွာပါ။ ေနာက္တစ္ခုက သူနဲ႔တြဲဖက္ပါဝင္တဲ့ ကာဗာက အားနည္းခ်က္ရွိေနတာေတြက ဒီ Laptop ကို ဝယ္ဖို႔အတြက္ စဥ္းစားစရာသင့္တဲ့ အခ်က္ျဖစ္ပါတယ္။ ဒါေပမဲ့ ဘတ္ဂ်က္နည္း
နည္းနဲ႔ ဒီဇုိင္းပိုင္းဆြဲေဆာင္မႈရွိၿပီး အရည္အေသြးေကာင္းမြန္တဲ့ Display အမ်ဳိးအစားကို အသုံးျပဳထားတဲ့အျပင္ ကီးဘုတ္နဲ႔ Touch Pen (Stylus) စတာေတြ တစ္ပါတည္းပါဝင္တဲ့ Laptop ကို အသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ ဒီ Laptop က ေရြးခ်ယ္စရာတစ္ခု အေနနဲ႔ရွိေနမွာ ျဖစ္ပါတယ္။

Envy x2 ကို ကန္ေဒၚလာ ၁၁၄၉ ေမာ္ဒယ္ကို Core i5-7Y54 CPU, Intel HD Graphics 615 GPU, RAM 4GB နဲ႔ 128GB SSD နဲ႔ထုတ္လုပ္ထားတာျဖစ္ၿပီး ကန္ေဒၚလာ ၉၄၉ ေမာ္ဒယ္နဲ႔ Snapdragon Qualcomm 835 processor ပါ၀င္တဲ့ ကန္ ေဒၚလာ ၉၉၉ တန္ဖိုးရွိတဲ့ ေမာ္ဒယ္ဆိုၿပီး ထုတ္လုပ္ထားပါေသးတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၂.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္ပံ့ ေပးႏုိင္တဲ့ Touchscreen အမ်ဳိးအစား ျဖစ္ပါတယ္။ Intel Core i5-7Y54 processor ကို အသုံးျပဳထားၿပီး RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 128GB M.2 SSD ပါဝင္ပါတယ္။ ေက်ာဘက္မွာ 13MP ကင္မရာကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မွာေတာ့ 720p အရည္အေသြး webcam ပါဝင္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ Intel HD Graphic 615 ေထာက္ပံ့ပါ၀င္ၿပီး Touchpad ရဲ႕ အရြယ္အစားက ၃.၉ x ၁.၇ လက္မရွိပါတယ္။ 4G LTE, Wi-Fi 802.11ac, Bluetotoh 4.2 စနစ္ေတြေထာက္ပံ့ပါဝင္ၿပီး Nano SIM ေပါက္၊ USB ေပါက္၊ USB Type-C ေပါက္၊ SD ကတ္ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၁ဝ နာရီနဲ႔ ၂၃ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၂၇ ကီလိုဂရမ္ (၂.၈ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၁၄၉

အားသာချက်

စတိုင်ကျလှတဲ့ကိုယ်ထည် ဒီဇိုင်း၊ တောက်ပပြီး ကာလာရုပ်ထွက်ပိုင်းစိုပြည်လှတဲ့ Display နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေ၊ 4G LTE စနစ်ထောက်ပံ့ပါဝင်တာနဲ့ Stylus Pen တစ်ပါတည်းပါဝင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

Laptop ထဲမှာ bloatware လို့ခေါ်တဲ့ ဆော့ဖ်ဝဲတွေ များစွာပါဝင်လာတာနဲ့ စွမ်းဆောင်ရည်ပိုင်းက သာမန်လောက်ရှိတာနဲ့ စျေးနှုန်းကြီးမြင့်တာတွေက ဒီ Laptop ရဲ့ အားနည်းချက်ဖြစ်ပါတယ်။

သုံးသပ်ချက်

Enxy x2 က Tablet PC လို ကော Laptop လိုပါ သုံးနိုင်တဲ့ 2-in-1 အမျိုးအစားဖြစ်ပါတယ်။ Tablet PC တွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ သူကတော်တော်လေး ရှေ့ရောက်တယ်လို့ပြောရပါမယ်။ Display နဲ့ ဘက်ထရီသက်တမ်း ကြာကြာသုံးနိုင်တာတွေ၊ သွက်သွက်လက်လက်ရိုက်ကူးနိုင်တဲ့ ကီးဘုတ်စနစ်က သဘောကျစရာကောင်းလှပေမယ့် သူ့မှာ အသုံးပြုထားတဲ့ Processor အရတော့ အသုံးပြုရတာ စွမ်းဆောင်ရည်ပိုင်းက အားရကျေနပ်မှု အပြည့်မခံစားရဘူးလို့ဆိုရမှာပါ။ နောက်တစ်ခုက သူနဲ့တွဲဖက်ပါဝင်တဲ့ ကာဗာက အားနည်းချက်ရှိနေတာတွေက ဒီ Laptop ကို ဝယ်ဖို့အတွက် စဉ်းစားစရာသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်နည်း
နည်းနဲ့ ဒီဇိုင်းပိုင်းဆွဲဆောင်မှုရှိပြီး အရည်အသွေးကောင်းမွန်တဲ့ Display အမျိုးအစားကို အသုံးပြုထားတဲ့အပြင် ကီးဘုတ်နဲ့ Touch Pen (Stylus) စတာတွေ တစ်ပါတည်းပါဝင်တဲ့ Laptop ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီ Laptop က ရွေးချယ်စရာတစ်ခု အနေနဲ့ရှိနေမှာ ဖြစ်ပါတယ်။

Envy x2 ကို ကန်ဒေါ်လာ ၁၁၄၉ မော်ဒယ်ကို Core i5-7Y54 CPU, Intel HD Graphics 615 GPU, RAM 4GB နဲ့ 128GB SSD နဲ့ထုတ်လုပ်ထားတာဖြစ်ပြီး ကန်ဒေါ်လာ ၉၄၉ မော်ဒယ်နဲ့ Snapdragon Qualcomm 835 processor ပါ၀င်တဲ့ ကန် ဒေါ်လာ ၉၉၉ တန်ဖိုးရှိတဲ့ မော်ဒယ်ဆိုပြီး ထုတ်လုပ်ထားပါသေးတယ်။

အသေးစိတ်ဖော်ပြချက်

၁၂.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်ပံ့ ပေးနိုင်တဲ့ Touchscreen အမျိုးအစား ဖြစ်ပါတယ်။ Intel Core i5-7Y54 processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB M.2 SSD ပါဝင်ပါတယ်။ ကျောဘက်မှာ 13MP ကင်မရာကို တပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ 720p အရည်အသွေး webcam ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Intel HD Graphic 615 ထောက်ပံ့ပါ၀င်ပြီး Touchpad ရဲ့ အရွယ်အစားက ၃.၉ x ၁.၇ လက်မရှိပါတယ်။ 4G LTE, Wi-Fi 802.11ac, Bluetotoh 4.2 စနစ်တွေထောက်ပံ့ပါဝင်ပြီး Nano SIM ပေါက်၊ USB ပေါက်၊ USB Type-C ပေါက်၊ SD ကတ်ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၁ဝ နာရီနဲ့ ၂၃ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၇ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com