HP Chromebook x360 11 G1

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၄၃၇.၇၆

အားသာခ်က္

အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တဲ့ ဘက္ထရီစြမ္းေဆာင္ရည္၊ အသံထြက္ပိုင္းေကာင္းမြန္မႈ၊ လက္ခံႏုိင္ေလာက္တဲ့ အရည္အေသြး Webcam ပါဝင္မႈနဲ႔ မတူညီတဲ့ အၾကမ္းခံႏုိင္ေအာင္ တည္ေဆာက္ထားမႈေတြက ဒီ Laptop ရဲ႕ အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

ေျဗာင္ပုံစံပလတ္စတစ္ဒီဇုိင္းနဲ႔  Display ရဲ႕ resolution ပိုင္းနည္းတာနဲ႔ ၾကည့္ရတာ အနည္းငယ္မွိန္တယ္လို႔ ခံစားရတာေတြက ဒီ Laptop ရဲ႕ အားနည္းခ်က္ေတြပဲ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၁.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1366×768 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့ Touchscreen Display အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 1.1 GHz ရွိတဲ့ Intel Celeron N3350 processor ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 32GB eMMC SSD ရွိမွာျဖစ္ပါတယ္။  ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel HD Graphics 500 GPU ေထာက္ပံ့ပါဝင္ၿပီး Touchpad ရဲ႕ အရြယ္အစားက ၃.၈x၂ လက္မ အရြယ္အစားရွိပါတယ္။ WiFi802.11ac၊ Bluetooth 4.2၊ microSD ေပါက္၊ Locck Slot ေပါက္၊ USB 3.1 ေပါက္၊ Type-C ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉  နာရီနဲ႔ ၄၉ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၃ ကီလိုဂရမ္ (၂.၉ ေပါင္) ရွိမွာျဖစ္ပါတယ္။

သုံးသပ္ခ်က္

HP Chromebook x360 11 G1 က အၾကမ္းခံႏုိင္ေအာင္ ကိုယ္ထည္ဖြဲ႕စည္းမႈနဲ႔ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မႈေတြက စိတ္ေက်နပ္စရာ ေကာင္းလွေပမယ့္ ဒီဇုိင္းပိုင္းက ပလတ္စတစ္ပုံစံ ဖြဲ႕စည္းမႈျဖစ္တဲ့အျပင္ ၾကည့္ရတာ မွိန္တယ္လို႔ခံစားရတဲ့ Display ေတြက ဒီ Laptop ကို သေဘာက်ရင္ေတာ့ ဝယ္ဖို႔အတြက္က ဒြိဟျဖစ္စရာပါ။ ပညာေရးအတြက္ ရည္ရြယ္ထုတ္လုပ္ထားတဲ့ ဒီ 2-in-1 အမ်ဳိးအစား Laptop က သင့္တင့္မွ်တတဲ့ ေစ်းႏႈန္းရွိသလို အၾကမ္းခံၿပီး ၾကာရွည္ခံတဲ့ ဘက္ထရီ၊ အသံထြက္ေကာင္းမြန္မႈနဲ႔ လက္ခံႏုိင္ေလာက္တဲ့ Webcam အရည္အေသြးနဲ႔ အသုံးဝင္လွတဲ့ port ေတြ ေထာက္ပံ့ပါဝင္ပါတယ္။ သာမန္ပညာသင္ၾကားမႈအတြက္ အသုံးျပဳခ်င္သူေတြ၊ ေက်ာင္းသားေတြ၊ ဆရာေတြ၊ မိဘေတြအေနနဲ႔ ေစ်းႏႈန္းသက္သာတဲ့ Touch-screen အမ်ဳိးအစား Laptop ကို ဝယ္ယူအသုံးျပဳမယ္ ဆိုရင္ေတာ့ ဒီ Laptop က ေရြးခ်ယ္စရာ တစ္ခုအေနနဲ႔ ရွိေနမွာ ျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၄၃၇.၇၆

အားသာချက်

အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစွမ်းဆောင်ရည်၊ အသံထွက်ပိုင်းကောင်းမွန်မှု၊ လက်ခံနိုင်လောက်တဲ့ အရည်အသွေး Webcam ပါဝင်မှုနဲ့ မတူညီတဲ့ အကြမ်းခံနိုင်အောင် တည်ဆောက်ထားမှုတွေက ဒီ Laptop ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

ဗြောင်ပုံစံပလတ်စတစ်ဒီဇိုင်းနဲ့ Display ရဲ့ resolution ပိုင်းနည်းတာနဲ့ ကြည့်ရတာ အနည်းငယ်မှိန်တယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၁.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1366×768 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ Touchscreen Display အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 1.1 GHz ရှိတဲ့ Intel Celeron N3350 processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32GB eMMC SSD ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD Graphics 500 GPU ထောက်ပံ့ပါဝင်ပြီး Touchpad ရဲ့ အရွယ်အစားက ၃.၈x၂ လက်မ အရွယ်အစားရှိပါတယ်။ WiFi802.11ac၊ Bluetooth 4.2၊ microSD ပေါက်၊ Locck Slot ပေါက်၊ USB 3.1 ပေါက်၊ Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၄၉ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၉ ပေါင်) ရှိမှာဖြစ်ပါတယ်။

သုံးသပ်ချက်

HP Chromebook x360 11 G1 က အကြမ်းခံနိုင်အောင် ကိုယ်ထည်ဖွဲ့စည်းမှုနဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှုတွေက စိတ်ကျေနပ်စရာ ကောင်းလှပေမယ့် ဒီဇိုင်းပိုင်းက ပလတ်စတစ်ပုံစံ ဖွဲ့စည်းမှုဖြစ်တဲ့အပြင် ကြည့်ရတာ မှိန်တယ်လို့ခံစားရတဲ့ Display တွေက ဒီ Laptop ကို သဘောကျရင်တော့ ဝယ်ဖို့အတွက်က ဒွိဟဖြစ်စရာပါ။ ပညာရေးအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဒီ 2-in-1 အမျိုးအစား Laptop က သင့်တင့်မျှတတဲ့ စျေးနှုန်းရှိသလို အကြမ်းခံပြီး ကြာရှည်ခံတဲ့ ဘက်ထရီ၊ အသံထွက်ကောင်းမွန်မှုနဲ့ လက်ခံနိုင်လောက်တဲ့ Webcam အရည်အသွေးနဲ့ အသုံးဝင်လှတဲ့ port တွေ ထောက်ပံ့ပါဝင်ပါတယ်။ သာမန်ပညာသင်ကြားမှုအတွက် အသုံးပြုချင်သူတွေ၊ ကျောင်းသားတွေ၊ ဆရာတွေ၊ မိဘတွေအနေနဲ့ စျေးနှုန်းသက်သာတဲ့ Touch-screen အမျိုးအစား Laptop ကို ဝယ်ယူအသုံးပြုမယ် ဆိုရင်တော့ ဒီ Laptop က ရွေးချယ်စရာ တစ်ခုအနေနဲ့ ရှိနေမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com