HP Chromebook x2

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၂၇၇.၈၄

အားသာခ်က္

ေတာက္ပၿပီး ျမင့္မားတဲ့ High-res Display ကို သုံးထားတဲ့အျပင္ ဘက္ထရီနဲ႔ တစ္ေနလုံး အသုံးျပဳႏုိင္တာေတြက သေဘာက်စရာပါ။ Active Pen တြဲဖက္ပါဝင္ၿပီး စာ႐ိုက္ရတာ သက္ေသာင့္သက္သာရွိတဲ့ ကီးဘုတ္နဲ႔ စပီကာအသံထြက္ပိုင္း ျပည့္ဝေကာင္းမြန္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

တစ္ျခားၿပိဳင္ဘက္ Tablet PC လို Laptop လို ျဖဳတ္တပ္သုံးႏုိင္တဲ့ ေမာ္ဒယ္ေတြထက္ အနည္းငယ္ပိုေလးတယ္လို႔ ခံစားရၿပီး Display ေဘးေဘာင္ေတြက အနည္းငယ္ထူတယ္လို႔ ဆိုရမွာပါ။ Core m3 CPU က ဒီ Chromebook ေတြအတြက္ အဆင္ေျပလွေပမယ့္ အရမ္းျမန္တဲ့ processor စနစ္ေတာ့ မဟုတ္ပါဘူး။

အေသးစိတ္ေဖာ္ျပခ်က္

၁၂.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 2400×1600 pixel ထိ ေထာက္ပံ့ ေပးႏုိင္တဲ့ Touchscreen Display အမ်ဳိးအစား ျဖစ္ပါတယ္။ IntelCore m3-7Y30 processor ကို အသုံးျပဳထားၿပီး RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 32GB SSD ပါဝင္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ Intel HD Graphics 615 ေထာက္ပံ့ပါ၀င္ၿပီး Touchpad ရဲ႕ အရြယ္အစားက ၄.၁x၂.၄ လက္မရွိပါတယ္။ 12.5-megapixel အမ်ဳိးအစား ေက်ာဘက္ကင္မရာနဲ႔ 4.9-megapixel အမ်ဳိးအစား ေရွ႕ဘက္ကင္မရာေတြ ပါဝင္ပါတယ္။ Wifi 802.11 b/g/n/ac (2×2) နဲ႔ Bluetotoh 4.2 စနစ္ေတြ ေထာက္ပံ့ပါဝင္ၿပီး USB Type-C ေပါက္၊ USB 2.0 ေပါက္၊ SD reader ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီနဲ႔ ၅ဝ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၄ ကီလိုဂရမ္ (၃.၁ ေပါင္) ရွိမွာျဖစ္ပါတယ္။

သုံးသပ္ခ်က္

Chromebook x2 ရဲ႕ ေတာက္ပၿပီး အေရာင္အေသြးစုံလင္တဲ့ Display နဲ႔ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ သုံးႏုိင္တာေတြက သေဘာက်စရာပါ။ တျခားၿပိဳင္ဘက္ ေမာ္ဒယ္ေတြလိုမ်ဳိး ေပါ့ပါးမႈရွိမယ္ဆိုရင္ေတာ့ ဒီ Laptop က ႏွစ္ခါစဥ္းစားမလိုဘဲ ဝယ္ယူဖို႔အတြက္ သင့္ေတာ္တဲ့ Laptop ျဖစ္ ပါတယ္။ Core i5 processor နဲ႔ ပိုမိုပါးလႊာတဲ့ Google Pixelbook ကေတာ့ ကန္ေဒၚလာ ၉၉၉ နဲ႔ ဝယ္ယူႏုိင္ေပမယ့္ HP Chorme x2 လုိမ်ဳိးလိုေတာ့ Tablet mode ပုံစံမ်ဳိးနဲ႔ အသုံးမျပဳႏုိင္ပါဘူး။ Chromebook x2 ရဲ႕ processor
ကလည္း အျမန္ႀကီးမဟုတ္ေပမယ့္ 1080p YouTube ဗီဒီယုိၾကည့္ေနရင္း Google Docs နဲ႔ Giphy အပါဝင္ Chrome tab ေတြ အမ်ားႀကီးဖြင့္ၿပီး အလုပ္လုပ္တာမ်ဳိးကို စက္ေလးျခင္းမရွိဘဲ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ မိမိအေနနဲ႔ ေစ်းႏႈန္းသင့္တင့္ၿပီး Chromebook ကို Tablet PC တစ္လုံးအေနနဲ႔ပါ အသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ ဒီ Laptop က ေရြးခ်ယ္သင့္တဲ့ အမ်ဳိးအစားတစ္ခုလို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၂၇၇.၈၄

အားသာချက်

တောက်ပပြီး မြင့်မားတဲ့ High-res Display ကို သုံးထားတဲ့အပြင် ဘက်ထရီနဲ့ တစ်နေလုံး အသုံးပြုနိုင်တာတွေက သဘောကျစရာပါ။ Active Pen တွဲဖက်ပါဝင်ပြီး စာရိုက်ရတာ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်နဲ့ စပီကာအသံထွက်ပိုင်း ပြည့်ဝကောင်းမွန်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

တစ်ခြားပြိုင်ဘက် Tablet PC လို Laptop လို ဖြုတ်တပ်သုံးနိုင်တဲ့ မော်ဒယ်တွေထက် အနည်းငယ်ပိုလေးတယ်လို့ ခံစားရပြီး Display ဘေးဘောင်တွေက အနည်းငယ်ထူတယ်လို့ ဆိုရမှာပါ။ Core m3 CPU က ဒီ Chromebook တွေအတွက် အဆင်ပြေလှပေမယ့် အရမ်းမြန်တဲ့ processor စနစ်တော့ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

၁၂.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 2400×1600 pixel ထိ ထောက်ပံ့ ပေးနိုင်တဲ့ Touchscreen Display အမျိုးအစား ဖြစ်ပါတယ်။ IntelCore m3-7Y30 processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32GB SSD ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Intel HD Graphics 615 ထောက်ပံ့ပါ၀င်ပြီး Touchpad ရဲ့ အရွယ်အစားက ၄.၁x၂.၄ လက်မရှိပါတယ်။ 12.5-megapixel အမျိုးအစား ကျောဘက်ကင်မရာနဲ့ 4.9-megapixel အမျိုးအစား ရှေ့ဘက်ကင်မရာတွေ ပါဝင်ပါတယ်။ Wifi 802.11 b/g/n/ac (2×2) နဲ့ Bluetotoh 4.2 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး USB Type-C ပေါက်၊ USB 2.0 ပေါက်၊ SD reader ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၅ဝ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၁ ပေါင်) ရှိမှာဖြစ်ပါတယ်။

သုံးသပ်ချက်

Chromebook x2 ရဲ့ တောက်ပပြီး အရောင်အသွေးစုံလင်တဲ့ Display နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာတွေက သဘောကျစရာပါ။ တခြားပြိုင်ဘက် မော်ဒယ်တွေလိုမျိုး ပေါ့ပါးမှုရှိမယ်ဆိုရင်တော့ ဒီ Laptop က နှစ်ခါစဉ်းစားမလိုဘဲ ဝယ်ယူဖို့အတွက် သင့်တော်တဲ့ Laptop ဖြစ် ပါတယ်။ Core i5 processor နဲ့ ပိုမိုပါးလွှာတဲ့ Google Pixelbook ကတော့ ကန်ဒေါ်လာ ၉၉၉ နဲ့ ဝယ်ယူနိုင်ပေမယ့် HP Chorme x2 လိုမျိုးလိုတော့ Tablet mode ပုံစံမျိုးနဲ့ အသုံးမပြုနိုင်ပါဘူး။ Chromebook x2 ရဲ့ processor
ကလည်း အမြန်ကြီးမဟုတ်ပေမယ့် 1080p YouTube ဗီဒီယိုကြည့်နေရင်း Google Docs နဲ့ Giphy အပါဝင် Chrome tab တွေ အများကြီးဖွင့်ပြီး အလုပ်လုပ်တာမျိုးကို စက်လေးခြင်းမရှိဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ စျေးနှုန်းသင့်တင့်ပြီး Chromebook ကို Tablet PC တစ်လုံးအနေနဲ့ပါ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီ Laptop က ရွေးချယ်သင့်တဲ့ အမျိုးအစားတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

Ref: www.laptopmag.com