September 19, 2018

Honor 9 Lite

[ Zawgyi ]

Price : 199,000

အားသာခ်က္

ဒီဖုန္းမွာေတာ့ ေရွ႕ကင္မရာႏွစ္လံုးနဲ႔ ေနာက္ဘက္ကင္မရာႏွစ္လံုး Dual Camera ပံုစံေတြကိုပဲ အသံုးျပဳထားတဲ့အခ်က္နဲ႔ ဘက္ထရီပမာဏသင့္တင့္ေကာင္းမြန္တဲ့ အခ်က္ေတြရွိေနပါတယ္။ တန္ဖုိးသင့္ဖုန္းအမ်ိဳးအစား တစ္ခုျဖစ္ေနေပမယ့္လည္း ဒီဖုန္းမွာ ထည့္သြင္းထားတဲ့ Face Unlock စနစ္က မ်က္စိမွိတ္ထားတဲ့အခ်ိန္ေတြမွာ ဖုန္း Lock မဖြင့္ေပးတဲ့အတြက္ ေတာ္ေတာ္ေလး တိက်ေကာင္းမြန္တယ္လုိ႔ ေျပာလို႔ ရပါတယ္။

အားနည္းခ်က္

ဒီဖုန္းဟာ Sensor ပိုင္းမွာေတာ့ အနည္းငယ္ အားနည္းခ်က္ရွိပါတယ္။ Infrared sensor နဲ႔ NFC လိုစနစ္ေတြလည္း ပါဝင္တာ မေတြ႕ရပါဘူး။ Dual Sim အသံုးျပဳလို႔ ရေပမယ့္လည္း SIM 2 ေနရာဟာ SD Card နဲ႔အတူ တြဲထားတဲ့အတြက္ SD Card သံုးထားရင္ေတာ့ Sim Card တစ္ကတ္ပဲ သံုးလို႔ရမယ့္ အခ်က္ရွိပါတယ္။

CPU

ေစ်းႏႈန္းသင့္တင့္တဲ့ တန္ဖိုးသင့္ဖုန္းအမ်ိဳးအစား ျဖစ္ေပမယ့္ ဖုန္းမွာပါဝင္တဲ့ Chipset က Huawei ရဲ႕ HiSilicon Kirin 659 ျဖစ္တဲ့အတြက္ သိပ္ျမင့္တဲ့ Chip မ်ိဳး မဟုတ္ေပမယ့္လည္း သူ႔ေစ်းႏႈန္းနဲ႔ သူေတာ့ သင့္တင့္မွ်တဲ့အေျခ အေနမွာရွိပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ဒီဖုန္းမွာ CPU ကို 2.36 GHz ေလးလံုးနဲ႔ 1.7 GHz ေလးလံုး စုစုေပါင္း Core ရွစ္လံုး သံုးထားတဲ့ အခ်က္ကလည္း ေကာင္းတဲ့အခ်က္ တစ္ခုပါပဲ။

ဒီဇိုင္း

တန္ဖိုးသင့္ ဖုန္းအမ်ိဳးအစားျဖစ္ေပမယ့္ မ်က္ႏွာျပင္က်ယ္ဝန္းတဲ့ မ်က္ႏွာျပင္ျပည့္ ဒီဇိုင္းမ်ိဳးလုပ္ထားတဲ့ ဖုန္းျဖစ္ၿပီး မ်က္ႏွာျပင္အေပၚ ထိပ္ဘက္မွာ Notch မပါပါဘူး။ ေက်ာဘက္ကာဗာက Gorilla glass ပံုစံမ်ိဳး ေျပာင္လက္တဲ့ ပလတ္စတစ္သားကို အသံုးျပဳထားတာ ေတြ႕ရပါတယ္။ Fingerprint Sensor ကလည္း ေက်ာဘက္ကာဗာေပၚမွာပဲ တပ္ဆင္ထားတာပါ။ အရြယ္အစားကလည္း Huawei P10 နဲ႔ ဆင္တူၿပီး အေလးခ်ိန္ နဲ႔အရြယ္အစားက လက္ထဲမွာ ကိုင္လို႔ အဆင္ေျပတဲ့ပံုစံမ်ိဳးရွိပါတယ္။

မွတ္ဉာဏ္

Internal Memory 32GB နဲ႔ 3GB RAM ပါဝင္ပါတယ္။ Micro SD Card 256GB အထိ ထပ္တိုးႏိုင္ၿပီး Sim 2 Slot မွာ SD Card ကို ထည့္သံုးရမွာပါ။

ကင္မရာ

ေက်ာဘက္ကင္မရာမွာ Portrait စနစ္ပါဝင္ၿပီး ေနာက္ခံအဝါးပံုေတြအတြက္လည္း အဆင္ေျပတာ ေတြ႕ရပါတယ္။ ကင္မရာက ေန႔အလင္းအေရာင္ Outdoor Day Light မွာ အဆင္ေျပေပမယ့္ အလင္းအားနည္းတဲ့ အခ်ိန္ေတြမွာေတာ့ အနည္းငယ္ဖြာပါတယ္။ ဒါေပမဲ့သူ႔ေစ်းနဲ႔ သူ႔စြမ္းေဆာင္ရည္နဲ႔ ထည့္ထားတဲ့ ကင္မရာေတြကေတာ့ တန္တယ္လို႔ေျပာလုိ႔ ရပါတယ္။ ကင္မရာမွာအသံုးျပဳႏိုင္မယ့္ Mode ေတြကလည္း စံုစံုလင္လင္ပါတာ ေတြ႕ရပါတယ္။ ေရွ႕ကင္မရာမွာ HDR စနစ္မပါတဲ့အတြက္ Selfie စနစ္မွာ ေနာက္ခံ အလင္းေရာင္ေတြကို ထိန္းညႇိေပးႏိုင္မႈေတာ့ အနည္းငယ္ အားနည္းတာေတြ႕ရပါတယ္။

သံုးသပ္ခ်က္

ဒီဖုန္းမွာ ကင္မရာေတြကို ေရွ႕ေနာက္ႏွစ္လံုးစီ ထည့္ေပးထားတဲ့အခ်က္နဲ႔ Screen Resolution ေကာင္းမြန္တဲ့အခ်က္ေတြ ရွိေနပါတယ္။ CPU ကလည္း Core ရွစ္လံုးသံုးထားတဲ့အျပင္ ဘက္ထရီပိုင္းမွာဆိုရင္လည္း သင့္တင့္ေကာင္းမြန္တာေတြ႕ရပါတယ္။ မွတ္ဉာဏ္ပိုင္းကလည္း သူ႔ေစ်းနဲ႔သူေတာ့ မွ်တတယ္လို႔ ျမင္စရာရွိပါတယ္။ Screen အရြယ္အစားက ၅.၆၅ လက္မျဖစ္တဲ့အတြက္ ကိုင္လို႔ေကာင္းတဲ့ အရြယ္အစားမ်ိဳး ရွိပါတယ္။ ေစ်းႏႈန္းသက္သာတဲ့ ဖုန္းျဖစ္တဲ့အတြက္ ထူးျခားဆန္းသစ္တဲ့ နည္းပညာေတြ ထည့္သြင္းထားတာမ်ိဳး မရွိေပမယ့္လည္း ေစ်းသက္သက္သာသာနဲ႔ အသံုးျပဳခ်င္တဲ့ သူေတြအတြက္ေတာ့ ေရြးခ်ယ္လုိ႔ရတဲ့ ဖုန္းလုိ႔ေျပာရမွာပါ။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 8.0 (Oreo)
CPU Octa-core (4×2.36 GHz Cortex-A53 & 4×1.7 GHz Cortex-A53)
GPU Mali-T830 MP2
Camera 13 MP, PDAF, 2 MP, depth sensor, LED flash, HDR, panorama, Video, Front Dual 13 MP
2 MP, depth sensor
Wi-Fi 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth 4.2, A2DP, LE

သူတို႔အျမင္

မခင္ခ်ိဳေဆြ (စမ္းသပ္အသံုးျပဳသူ)

ေစ်းသက္သာတာကိုေတာ့ ႀကိဳက္ပါတယ္။ ေစ်းေလးလည္း သက္သာမယ္၊ သံုးရတာလည္း အဆင္ေျပတယ္ဆိုေတာ့ မဆိုးဘူးလို႔ပဲ ေျပာရမယ္။ ကင္မရာေတြလည္း ေရွ႕ဘက္မွာေရာ ေနာက္ဘက္မွာပါ ႏွစ္လံုးစီတပ္ထားတာဆုိေတာ့ အဲ့ဒီအခ်က္ကို သေဘာက်တယ္။ ဓာတ္ပံု႐ိုက္ရတာလည္း ေကာင္းပါတယ္။ ဘက္ထရီလည္း အသံုးခံတယ္။ ကိုင္ရတာလည္း ေကာင္းပါတယ္။ အသံပိုင္းေတာ့ သိပ္သေဘာမက်ဘူး။ သီခ်င္းနားေထာင္ရတာ သိပ္မႀကိဳက္ဘူး။ သူ႔ ေစ်းနဲ႔သူကေတာ့ တန္တယ္လို႔ေျပာလို႔ရပါတယ္။

ကိုေအးကို (စမ္းသပ္အသံုးျပဳသူ)

ေစ်းႏႈန္းနဲ႔ ဖုန္းမွာထည့္ထားတဲ့ ကင္မရာေတြနဲ႔ တြက္ၾကည့္ရင္ေတာ့ တန္တယ္လို႔ေျပာလုိ႔ရပါတယ္။ ေနာက္တစ္ခ်က္က ဒီဖုန္းမွာသံုးထားတဲ့ CPU ပိုင္းကလည္း တန္ဖိုးနည္းဖုန္းဆိုေပမယ့္ 8 Core စနစ္ကိုသံုးထားတာေတြ႕ရတယ္။ အဲ့ဒီအခ်က္ကလည္း ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္ရင္ ေကာင္းတဲ့အခ်က္ပါပဲ။ Chipset ကေတာ့ benchmark မွာ ရမွတ္သင့္တင့္တဲ့ အေျခအေနမွာပဲ ရွိေနေပမယ့္ ေစ်းႏႈန္းနဲ႔ေတာ့ လိုက္ဖက္မႈရွိပါတယ္။ Fingerprint Sensor က လည္းေကာင္းသလို ဖုန္းမွာထည့္ထားတဲ့ Face Unlock စနစ္က လည္း ေကာင္းတာေတြ႕ရတယ္။ ေစ်းသက္သက္သာသာနဲ႔ Function ေကာင္းေကာင္းေလး သံုးခ်င္တဲ့သူေတြအတြက္ေတာ့ ေရြးခ်ယ္လုိ႔ ရႏိုင္ပါတယ္။

ကိုဝင္းကို (စမ္းသပ္အသံုးျပဳသူ)

ေစ်းသက္သာတဲ့အခ်က္နဲ႔ ဖုန္းမွာသံုးထားတဲ့ CPU, GPU ပိုင္းေတြ ကင္မရာပိုင္းေတြမွာ သင့္တင့္ေကာင္းမြန္တဲ့အခ်က္က ဒီဖုန္းအတြက္ ေရြးခ်ယ္ဖို႔ စဥ္းစားလို႔ရတဲ့ အခ်က္ေတြလို႔ေျပာလုိ႔ရတယ္။ ဘက္ထရီကလည္း အသံုးခံပါတယ္။ ကင္မရာေတြက ေရွ႕ေရာ ေနာက္ေရာ ႏွစ္လံုးစီ သံုးထားတာဆိုေပမယ့္ ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာေတာ့ နည္းနည္းေလး ဖြာတယ္လို႔ ခံစားရတယ္။ ဒါေပမဲ့ Fingerprint ေကာင္းတဲ့အခ်က္နဲ႔ Face Unlock ပါတဲ့အခ်က္က လည္းေကာင္းတဲ့ အခ်က္ပါပဲ။ သူ႔ေစ်းနဲ႔သူေတာ့ တန္တယ္လို႔ ေျပာလုိ႔ရသလို ေရြးခ်ယ္လို႔လည္းရတဲ့ ဖုန္းပါပဲ။

 

 

 

[ Unicode ]

Price : 199,000

အားသာချက်

ဒီဖုန်းမှာတော့ ရှေ့ကင်မရာနှစ်လုံးနဲ့ နောက်ဘက်ကင်မရာနှစ်လုံး Dual Camera ပုံစံတွေကိုပဲ အသုံးပြုထားတဲ့အချက်နဲ့ ဘက်ထရီပမာ ဏသင့်တင့်ကောင်းမွန်တဲ့အချက်တွေရှိနေပါတယ်။တန်ဖိုးသင့်ဖုန်းအမျိုးအစား တစ်ခုဖြစ်နေပေမယ့်လည်း ဒီဖုန်းမှာ ထည့်သွင်းထားတဲ့ Face Unlock စနစ်က မျက်စိမှိတ် ထားတဲ့အချိန်တွေမှာ ဖုန်း Lock မဖွင့်ပေးတဲ့အတွက် တော်တော်လေး တိကျကောင်းမွန်တယ်လို့ ပြောလို့ ရပါတယ်။

အားနည်းချက်

ဒီဖုန်းဟာ Sensor ပိုင်းမှာတော့ အနည်းငယ် အားနည်းချက်ရှိပါ တယ်။ Infrared sensor နဲ့ NFC လိုစနစ်တွေလည်း ပါဝင်တာ မတွေ့ရပါဘူး။ Dual Sim အသုံးပြုလို့ ရပေမယ့်လည်း SIM 2 နေရာဟာ SD Card နဲ့အတူ တွဲထားတဲ့အတွက် SD Card သုံးထားရင်တော့ Sim Card တစ်ကတ်ပဲ သုံးလို့ရမယ့် အချက်ရှိပါတယ်။

CPU

စျေးနှုန်းသင့်တင့်တဲ့ တန်ဖိုးသင့်ဖုန်းအမျိုးအစား ဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ Chipset က Huawei ရဲ့ HiSilicon Kirin 659 ဖြစ်တဲ့အတွက် သိပ်မြင့်တဲ့ Chip မျိုး မဟုတ်ပေမယ့်လည်း သူ့စျေးနှုန်းနဲ့ သူတော့ သင့်တင့်မျှတဲ့အခြေ အနေမှာရှိပါတယ်။ နောက်တစ်ချက်ကတော့ ဒီဖုန်းမှာ CPU ကို 2.36 GHz လေးလုံးနဲ့ 1.7 GHz လေးလုံး စုစုပေါင်း Core ရှစ်လုံး သုံးထားတဲ့ အချက်ကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ။

ဒီဇိုင်း

တန်ဖိုးသင့် ဖုန်းအမျိုးအစားဖြစ်ပေမယ့် မျက်နှာပြင်ကျယ်ဝန်းတဲ့ မျက်နှာပြင်ပြည့် ဒီဇိုင်းမျိုးလုပ်ထားတဲ့ ဖုန်းဖြစ်ပြီး မျက်နှာပြင်အပေါ် ထိပ်ဘက်မှာ Notch မပါပါဘူး။ ကျောဘက်ကာဗာက Gorilla glass ပုံစံမျိုး ပြောင်လက်တဲ့ ပလတ်စတစ်သားကို အသုံးပြုထားတာ တွေ့ရပါတယ်။ Fingerprint Sensor ကလည်း ကျောဘက်ကာဗာပေါ်မှာပဲ တပ်ဆင်ထားတာပါ။ အရွယ်အစားကလည်း Huawei P10 နဲ့ ဆင်တူပြီး အလေးချိန် နဲ့အရွယ်အစားက လက်ထဲမှာ ကိုင်လို့ အဆင်ပြေတဲ့ပုံစံမျိုးရှိပါတယ်။

မှတ်ဉာဏ်

Internal Memory 32GB နဲ့ 3GB RAM ပါဝင်ပါတယ်။ Micro SD Card 256GB အထိ ထပ်တိုးနိုင်ပြီး Sim 2 Slot မှာ SD Card ကို ထည့်သုံးရမှာပါ။

ကင်မရာ

ကျောဘက်ကင်မရာမှာ Portrait စနစ်ပါဝင်ပြီး နောက်ခံအဝါးပုံတွေအတွက်လည်း အဆင်ပြေတာ တွေ့ရပါတယ်။ ကင်မရာက နေ့အလင်းအရောင် Outdoor Day Light မှာ အဆင်ပြေပေမယ့် အလင်းအားနည်းတဲ့ အချိန်တွေမှာတော့ အနည်းငယ်ဖွာပါတယ်။ ဒါပေမဲ့သူ့စျေးနဲ့ သူ့စွမ်းဆောင်ရည်နဲ့ ထည့်ထားတဲ့ ကင်မရာတွေကတော့ တန်တယ်လို့ပြောလို့ ရပါတယ်။ ကင်မရာမှာအသုံးပြုနိုင်မယ့် Mode တွေကလည်း စုံစုံလင်လင်ပါတာ တွေ့ရပါတယ်။ ရှေ့ကင်မရာမှာ HDR စနစ်မပါတဲ့အတွက် Selfie စနစ်မှာ နောက်ခံ အလင်းရောင်တွေကို ထိန်းညှိပေးနိုင်မှုတော့ အနည်းငယ် အားနည်းတာတွေ့ရပါတယ်။

သုံးသပ်ချက်

ဒီဖုန်းမှာ ကင်မရာတွေကို ရှေ့နောက် နှစ်လုံးစီ ထည့်ပေးထားတဲ့အချက်နဲ့ Screen Resolution ကောင်းမွန်တဲ့အချက်တွေ ရှိနေပါတယ်။ CPU ကလည်း Core ရှစ်လုံးသုံးထားတဲ့အပြင် ဘက်ထရီပိုင်းမှာဆိုရင် လည်း သင့်တင့်ကောင်းမွန်တာတွေ့ရပါတယ်။ မှတ်ဉာဏ်ပိုင်းကလည်း သူ့စျေးနဲ့သူတော့ မျှတတယ်လို့ မြင်စရာရှိပါတယ်။ Screen အရွယ်အ စားက ၅.၆၅ လက်မဖြစ်တဲ့အတွက် ကိုင်လို့ကောင်းတဲ့ အရွယ်အစားမျိုး ရှိပါတယ်။ စျေးနှုန်းသက်သာတဲ့ ဖုန်းဖြစ်တဲ့အတွက် ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေ ထည့်သွင်းထားတာမျိုး မရှိပေမယ့်လည်း စျေးသက်သက်သာသာနဲ့ အသုံးပြုချင်တဲ့ သူတွေအတွက်တော့ ရွေးချယ်လို့ရတဲ့ ဖုန်းလို့ပြောရမှာပါ။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 8.0 (Oreo)
CPU Octa-core (4×2.36 GHz Cortex-A53 & 4×1.7 GHz Cortex-A53)
GPU Mali-T830 MP2
Camera 13 MP, PDAF, 2 MP, depth sensor, LED flash, HDR, panorama, Video, Front Dual 13 MP
2 MP, depth sensor
Wi-Fi 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth 4.2, A2DP, LE

သူတို့အမြင်

မခင်ချိုဆွေ (စမ်းသပ်အသုံးပြုသူ)

စျေးသက်သာတာကိုတော့ ကြိုက်ပါတယ်။ စျေးလေးလည်း သက်သာမယ်၊ သုံးရတာလည်း အဆင်ပြေတယ်ဆိုတော့ မဆိုးဘူးလို့ပဲ ပြောရမယ်။ ကင်မရာတွေလည်း ရှေ့ဘက်မှာရော နောက်ဘက်မှာပါ နှစ်လုံးစီတပ်ထားတာဆိုတော့ အဲ့ဒီအချက်ကို သဘောကျတယ်။ ဓာတ်ပုံရိုက်ရတာလည်း ကောင်းပါတယ်။ ဘက်ထရီလည်း အသုံးခံတယ်။ ကိုင်ရတာလည်း ကောင်းပါတယ်။ အသံပိုင်းတော့ သိပ်သဘောမကျဘူး။ သီချင်းနားထောင်ရတာ သိပ်မကြိုက်ဘူး။ သူ့ စျေးနဲ့သူကတော့ တန်တယ်လို့ပြောလို့ရပါတယ်။

ကိုအေးကို (စမ်းသပ်အသုံးပြုသူ)

စျေးနှုန်းနဲ့ ဖုန်းမှာထည့်ထားတဲ့ ကင်မရာတွေနဲ့ တွက်ကြည့်ရင်တော့ တန်တယ်လို့ပြောလို့ရပါတယ်။ နောက်တစ်ချက်က ဒီဖုန်းမှာသုံးထားတဲ့ CPU ပိုင်းကလည်း တန်ဖိုးနည်းဖုန်းဆိုပေမယ့် 8 Core စနစ်ကိုသုံးထားတာတွေ့ရတယ်။ အဲ့ဒီအချက်ကလည်း စျေးနှုန်းနဲ့ ယှဉ်ကြည့်ရင် ကောင်းတဲ့အချက်ပါပဲ။ Chipset ကတော့ benchmark မှာ ရမှတ်သင့်တင့်တဲ့ အခြေအနေမှာပဲ ရှိနေပေမယ့် စျေးနှုန်းနဲ့တော့ လိုက်ဖက်မှုရှိပါတယ်။ Fingerprint Sensor က လည်းကောင်းသလို ဖုန်းမှာထည့်ထားတဲ့ Face Unlock စနစ်က လည်း ကောင်းတာတွေ့ရတယ်။ စျေးသက်သက်သာသာနဲ့ Function ကောင်းကောင်းလေး သုံးချင်တဲ့သူတွေအတွက်တော့ ရွေးချယ်လို့ ရနိုင်ပါတယ်။

ကိုဝင်းကို (စမ်းသပ်အသုံးပြုသူ)

စျေးသက်သာတဲ့အချက်နဲ့ ဖုန်းမှာသုံးထားတဲ့ CPU, GPU ပိုင်းတွေ ကင်မရာပိုင်းတွေမှာ သင့်တင့်ကောင်းမွန်တဲ့အချက်က ဒီဖုန်းအတွက် ရွေးချယ်ဖို့ စဉ်းစားလို့ရတဲ့ အချက်တွေလို့ပြောလို့ရတယ်။ ဘက်ထရီကလည်း အသုံးခံပါတယ်။ ကင်မရာတွေက ရှေ့ရော နောက်ရော နှစ်လုံးစီ သုံးထားတာဆိုပေမယ့် ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ နည်းနည်းလေး ဖွာတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ Fingerprint ကောင်းတဲ့အချက်နဲ့ Face Unlock ပါတဲ့အချက်က လည်းကောင်းတဲ့ အချက်ပါပဲ။ သူ့စျေးနဲ့သူတော့ တန်တယ်လို့ ပြောလို့ရသလို ရွေးချယ်လို့လည်းရတဲ့ ဖုန်းပါပဲ။