Honor 8X

Price : 359,000

အားသာခ်က္

ေက်ာဘက္ကင္မရာႏွစ္လံုးပါဝင္တဲ့အခ်က္၊ ေရွ႕ကင္မရာေကာင္း မြန္တဲ့အခ်က္၊ ဖုန္းမွာပါဝင္တဲ့ မွတ္ဉာဏ္ပမာဏေကာင္းမြန္တဲ့အခ်က္ နဲ႔ Screen က်ယ္ဝန္းတဲ့အခ်က္ေတြက ဒီဖုန္းရဲ႕အဓိကအားသာခ်က္ေတြ လို႔ေျပာရမွာပါ။ ဘက္ထရီရဲ႕ပမာဏေကာင္းမြန္သလို ဖုန္းမွာအသံုးျပဳ ထားတဲ့ CPU, GPU နဲ႔ Chipset ေတြကလည္း သင့္တင့္ေကာင္းမြန္တာ ေတြ႕ရပါတယ္။

အားနည္းခ်က္

ဒီဖုန္းမွာ NFC စနစ္နဲ႔ Infrared စနစ္ေတြ ပါဝင္တာမေတြ႕ရပါဘူး။ ဒီဖုန္းမွာ ပါဝါသိုေလွာင္ႏိုင္မႈပမာဏေကာင္းမြန္တဲ့ ဘက္ထရီပါဝင္ေပ မယ့္ အားသြင္းႏႈန္းျမန္ဆန္တဲ့ စနစ္ေတာ့ပါဝင္တာ မေတြ႕ရပါဘူး။

CPU

Octa-core 2.2 GHz Cortex-A73 ေလးလံုးနဲ႔ 1.7 GHz Cortex-A53 ေလးလံုး စုစုေပါင္း Core 8 လံုးကို အသံုးျပဳထားၿပီး Chipset ကေတာ့ Huawei ရဲ႕ Hisilicon Kirin 710 (12 nm) ကို သံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset ရဲ႕ Combined Performance ကေတာ့ Techrank ရဲ႕ေဖာ္ျပခ်က္အရ ေကာင္းမြန္တဲ့ ရလဒ္အေျခအေနမွာရွိေနၿပီး ေစ်းႏႈန္းအလည္အလတ္စား Mid Range ဖုန္းတစ္လံုးအတြက္ေတာ့ ေကာင္းမြန္တဲ့ Performance လို႔ေျပာလို႔ရပါတယ္။

ဒီဇိုင္း

မ်က္္ႏွာျပင္အျပည့္ပံုစံနဲ႔ ဖုန္းရဲ႕ေဘးေဘာင္ေတြ၊ အထက္ေအာက္ေဘာင္ေတြ ေသးငယ္ၿပီး ျမင္ကြင္းေကာင္းမြန္ပါတယ္။ မ်က္ႏွာျပင္ အေပၚထိပ္ဘက္မွာ Notch ပါဝင္ၿပီး ေက်ာဘက္ကာ ဗာေပၚမွာ ကင္မရာ ၂ လံုးနဲ႔ Flash မီးကို တပ္ဆင္ထားၿပီး Fingerprint ကိုလည္း ေက်ာဘက္ကာဗာမွာပဲ တပ္ဆင္ထားပါတယ္။ ဒီဇိုင္းက်စ္လ်စ္လွပၿပီး သံုးျပဳရတာေတာ္ေတာ္ေလး ေကာင္းမြန္တဲ့ အထိအေတြ႕မ်ိဳးရွိေပမယ့္ ေဘးအက်ယ္အနည္းငယ္မ်ား တယ္လို႔ေတာ့ ခံစားရပါတယ္။

ဘက္ထရီ

ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈပမာဏက Li-Po 3750 mAh ျဖစ္တဲ့အတြက္ ဖုန္းကိုတစ္ေန႔တာအသံုးျပဳဖို႔အတြက္ လံုေလာက္တဲ့ ဘက္ထရီပမာဏလို႔ ေျပာလို႔ ရပါတယ္။ အားသြင္းႏႈန္းျမန္ဆန္တဲ့ First Charging စနစ္ေတာ့ ပါဝင္တာမေတြ႕ရပါဘူး။

ကင္မရာ

ေက်ာဘက္မွာ Aperture f/1.8 ရွိတဲ့ 20 MP Wide ကင္မရာတစ္လံုးနဲ႔ 2 Megapixels Depth Sensor ကင္မရာတစ္လံုးကို သံုးထားၿပီး ေရွ႕ဘက္မွာေတာ့ Aperture f/2.0 ရွိတဲ့ 16 Megapixels Wide ကင္မရာကိုသံုးထားတာ ေတြ႕ရပါတယ္။ ကင္မရာေတြရဲ႕ စြမ္းေဆာင္ရည္္နဲ႔ ပံုထြက္အရည္အေသြးကလည္း ေကာင္းမြန္တာေတြ႕ရပါတယ္။ ကင္မရာမွာပါတဲ့ Night ဆိုတဲ့စနစ္ကလည္း အလင္းအားနည္းတဲ့ အခ်ိန္ေတြမွာ ဓာတ္ပံု႐ိုက္ဖို႔ ေကာင္းမြန္သလို၊ Slowmotion စနစ္ကလည္း ေကာင္းမြန္တာေတြ႕ရပါတယ္။

သံုးသပ္ခ်က္

Honor 8X ဟာ ေစ်းႏႈန္းအလယ္အလတ္စား ဖုန္းျဖစ္ေပမယ့္ဖုန္းမွာ သံုးထားတဲ့ မွတ္ဉာဏ္ပမာဏနဲ႔ ဖုန္းရဲ႕ဘက္ထရီပိုင္း၊ CPU, GPU နဲ႔ Chipset ပိုင္းေတြရဲ႕ Performance ပိုင္းေတြမွာ ေကာင္းမြန္တယ္လို႔ေျပာရမယ့္ ဖုန္းျဖစ္ပါတယ္။ သူ႔ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္လိုက္ရင္ မွတ္ဉာဏ္ပမာဏနဲ႔ ဖုန္းရဲ႕ Screen to body ratio ဟာ ေတာ္ေတာ္ေလးေကာင္း တယ္လို႔ေျပာလို႔ရပါတယ္။ မွတ္ဉာဏ္ေကာင္းေကာင္း၊ ဘက္ထရီေကာင္းေကာင္း သံုးခ်င္တယ္ဆိုရင္ေတာ့ ဒီဖုန္းကလည္း ေရြးခ်ယ္လို႔ရတဲ့ ဖုန္းတစ္ခုလို႔ ေျပာရမွာပါ။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim) Dual Standby
Screen LTPS IPS LCD, 6.5 Inch, 1080 x 2340 pixels
OS Android 8.1
CPU Octa-core (4×2.2 GHz Cortex-A73 & 4×1.7 GHz Cortex-A53)
GPU Mali-G51 MP4
Camera 20 MP, f/1.8, 27 mm (wide), PDAF, 2 MP, depth sensor, panorama, HDR, Selfie 16 MP, f/2.0, 26 mm (wide)
Memory Internal 128GB, RAM 4GB
Battery Li-Po 3750 mAh

သူတို႔အျမင္

ဦးႏိုင္ႏိုင္ထြန္း (စမ္းသပ္အသံုးျပဳသူ)

ဒီဖုန္းက သူ႕ရဲ႕ေစ်းႏႈန္းနဲ႔ ဖုန္းရဲ႕ Specification ေတြက မွ်တယ္၊ တန္တယ္လို႔ ေျပာရမယ္။ Memory ပိုင္းမွာေတာ္ေတာ္ေလးေကာင္း တာလည္းေတြ႕ရတယ္။ ဘက္ထရီကလည္း ေကာင္းပါတယ္။ အားသြင္းျမန္တဲ့ စနစ္ေလးပါရင္ေတာ့ ဒီထပ္ေတာင္ပိုၿပီးေကာင္းမယ္လို႔ ျမင္မိတယ္။ ဒီဇိုင္ေလးလည္းလွပါတယ္။ မ်က္ႏွာျပင္က်ယ္တာႀကိဳက္တဲ့ ကၽြန္ေတာ္အတြက္ေတာ့ ဒီဖုန္းကေတာ္ေတာ္ေလး အဆင္ေျပတယ္။ Screen က်ယ္တဲ့အျပင္ Resolution ကလည္းေကာင္းပါ တယ္။ Performance ပိုင္းကလည္း သံုးရတာ ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။

ကိုေဌးေအာင္ (စမ္းသပ္အသံုးျပဳသူ)

Memory ပိုင္းကိုေတာ့ သေဘာက်တယ္။ ေစ်းႏႈန္းသံုးသိန္းေက်ာ္ေလးနဲ႔ 128GB သံုးလို႔ရမယ္ဆိုတဲ့အခ်က္က ေတာ္ေတာ္ေလးစိတ္ ဝင္စားစရာေကာင္းတယ္။ ေနာက္တစ္ခ်က္က Screen ပိုင္း။ မ်က္ ႏွာျပင္ေတာ္ေတာ္ေလးက်ယ္ၿပီး ၾကည့္ရတာေတာ္ေတာ္ေလး ေကာင္းတယ္။ Performance ပိုင္းကေတာ့ လံုးဝေကာင္းတယ္လို႔ ေျပာရမယ့္ပံုစံမ်ိဳးမဟုတ္ေပမယ့္လည္းသူ႔ေစ်းနဲ႔ သူေတာ့ ေကာင္းတယ္လို႔ေျပာရမယ္။ ဘက္ထရီပိုင္းကလည္းေကာင္းပါတယ္။ ဒီဇိုင္း ကလွေပမယ့္ ဖုန္းကေဘးနည္းနည္းက်ယ္သလိုခံစားရတဲ့အတြက္ လက္ထဲကိုင္ရတာ ဖုန္းကႀကီးေနသလိုခံစားရတယ္။

ကိုေဝလြင္ဦး (စမ္းသပ္အသံုးျပဳသူ)

Screen to body ratio ေတာ္ေတာ္ေလးမ်ားတာေတြ႕ရတယ္။ မ်က္ႏွာျပင္က်ယ္တဲ့အခ်က္ကိုေတာ့ ေတာ္ေတာ္ေလးသေဘာက် တယ္။ ေနာက္တစ္ခ်က္က Memory ပိုင္းကလည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။ သူ႔ရဲ႕ Memory နဲ႔ ဘက္ထရီပိုင္းရဲ႕ အခ်က္ေတြနဲ႔ တင္ သူ႔ေစ်းနဲ႔ တန္တယ္လို႔ ေျပာရမယ္။ Performance ပိုင္းလည္း မဆိုးပါဘူး။ ကင္မရာပိုင္းကိုေတာ့ သိပ္အႀကိဳက္ႀကီးမဟုတ္ဘူး။ ဒါေပမယ့္ သံုးရတာေတာ့ အဆင္ေျပပါတယ္။ သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ မ်က္ႏွာျပင္က်ယ္က်ယ္၊ မွတ္ဉာဏ္ေကာင္းေကာင္းသံုးလို႔ရတဲ့ဖုန္း ျဖစ္တဲ့အတြက္ သေဘာက်ပါတယ္။

Screen

Memory

Feature

Battery

Hands On

Features

-ကိုသက္

[ Unicode ]

Price : 359,000

အားသာချက်

ကျောဘက်ကင်မရာနှစ်လုံးပါဝင်တဲ့အချက်၊ ရှေ့ကင်မရာကောင်း မွန်တဲ့အချက်၊ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ပမာဏကောင်းမွန်တဲ့အချက် နဲ့ Screen ကျယ်ဝန်းတဲ့အချက်တွေက ဒီဖုန်းရဲ့အဓိကအားသာချက်တွေ လို့ပြောရမှာပါ။ ဘက်ထရီရဲ့ပမာဏကောင်းမွန်သလို ဖုန်းမှာအသုံးပြု ထားတဲ့ CPU, GPU နဲ့ Chipset တွေကလည်း သင့်တင့်ကောင်းမွန်တာ တွေ့ရပါတယ်။

အားနည်းချက်

ဒီဖုန်းမှာ NFC စနစ်နဲ့ Infrared စနစ်တွေ ပါဝင်တာမတွေ့ရပါဘူး။ ဒီဖုန်းမှာ ပါဝါသိုလှောင်နိုင်မှုပမာဏကောင်းမွန်တဲ့ ဘက်ထရီပါဝင်ပေ မယ့် အားသွင်းနှုန်းမြန်ဆန်တဲ့ စနစ်တော့ပါဝင်တာ မတွေ့ရပါဘူး။

CPU

Octa-core 2.2 GHz Cortex-A73 လေးလုံးနဲ့ 1.7 GHz Cortex-A53 လေးလုံး စုစုပေါင်း Core 8 လုံးကို အသုံးပြုထားပြီး Chipset ကတော့ Huawei ရဲ့ Hisilicon Kirin 710 (12 nm) ကို သုံးထားတာတွေ့ရပါတယ်။ ဒီ Chipset ရဲ့ Combined Performance ကတော့ Techrank ရဲ့ဖော်ပြချက်အရ ကောင်းမွန်တဲ့ ရလဒ်အခြေအနေမှာရှိနေပြီး စျေးနှုန်းအလည်အလတ်စား Mid Range ဖုန်းတစ်လုံးအတွက်တော့ ကောင်းမွန်တဲ့ Performance လို့ပြောလို့ရပါတယ်။

ဒီဇိုင်း

မျက််နှာပြင်အပြည့်ပုံစံနဲ့ ဖုန်းရဲ့ဘေးဘောင်တွေ၊ အထက်အောက်ဘောင်တွေ သေးငယ်ပြီး မြင်ကွင်းကောင်းမွန်ပါတယ်။ မျက်နှာပြင် အပေါ်ထိပ်ဘက်မှာ Notch ပါဝင်ပြီး ကျောဘက်ကာ ဗာပေါ်မှာ ကင်မရာ ၂ လုံးနဲ့ Flash မီးကို တပ်ဆင်ထားပြီး Fingerprint ကိုလည်း ကျောဘက်ကာဗာမှာပဲ တပ်ဆင်ထားပါတယ်။ ဒီဇိုင်းကျစ်လျစ်လှပပြီး သုံးပြုရတာတော်တော်လေး ကောင်းမွန်တဲ့ အထိအတွေ့မျိုးရှိပေမယ့် ဘေးအကျယ်အနည်းငယ်များ တယ်လို့တော့ ခံစားရပါတယ်။

ဘက်ထရီ

ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှုပမာဏက Li-Po 3750 mAh ဖြစ်တဲ့အတွက် ဖုန်းကိုတစ်နေ့တာအသုံးပြုဖို့အတွက် လုံလောက်တဲ့ ဘက်ထရီပမာဏလို့ ပြောလို့ ရပါတယ်။ အားသွင်းနှုန်းမြန်ဆန်တဲ့ First Charging စနစ်တော့ ပါဝင်တာမတွေ့ရပါဘူး။

ကင်မရာ

ကျောဘက်မှာ Aperture f/1.8 ရှိတဲ့ 20 MP Wide ကင်မရာတစ်လုံးနဲ့ 2 Megapixels Depth Sensor ကင်မရာတစ်လုံးကို သုံးထားပြီး ရှေ့ဘက်မှာတော့ Aperture f/2.0 ရှိတဲ့ 16 Megapixels Wide ကင်မရာကိုသုံးထားတာ တွေ့ရပါတယ်။ ကင်မရာတွေရဲ့ စွမ်းဆောင်ရည််နဲ့ ပုံထွက်အရည်အသွေးကလည်း ကောင်းမွန်တာတွေ့ရပါတယ်။ ကင်မရာမှာပါတဲ့ Night ဆိုတဲ့စနစ်ကလည်း အလင်းအားနည်းတဲ့ အချိန်တွေမှာ ဓာတ်ပုံရိုက်ဖို့ ကောင်းမွန်သလို၊ Slowmotion စနစ်ကလည်း ကောင်းမွန်တာတွေ့ရပါတယ်။

သုံးသပ်ချက်

Honor 8X ဟာ စျေးနှုန်းအလယ်အလတ်စား ဖုန်းဖြစ်ပေမယ့်ဖုန်းမှာ သုံးထားတဲ့ မှတ်ဉာဏ်ပမာဏနဲ့ ဖုန်းရဲ့ဘက်ထရီပိုင်း၊ CPU, GPU နဲ့ Chipset ပိုင်းတွေရဲ့ Performance ပိုင်းတွေမှာ ကောင်းမွန်တယ်လို့ပြောရမယ့် ဖုန်းဖြစ်ပါတယ်။ သူ့စျေးနှုန်းနဲ့ ယှဉ်ကြည့်လိုက်ရင် မှတ်ဉာဏ်ပမာဏနဲ့ ဖုန်းရဲ့ Screen to body ratio ဟာ တော်တော်လေးကောင်း တယ်လို့ပြောလို့ရပါတယ်။ မှတ်ဉာဏ်ကောင်းကောင်း၊ ဘက်ထရီကောင်းကောင်း သုံးချင်တယ်ဆိုရင်တော့ ဒီဖုန်းကလည်း ရွေးချယ်လို့ရတဲ့ ဖုန်းတစ်ခုလို့ ပြောရမှာပါ။

သူတို့အမြင်

ဦးနိုင်နိုင်ထွန်း (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းက သူ့ရဲ့စျေးနှုန်းနဲ့ ဖုန်းရဲ့ Specification တွေက မျှတယ်၊ တန်တယ်လို့ ပြောရမယ်။ Memory ပိုင်းမှာတော်တော်လေးကောင်း တာလည်းတွေ့ရတယ်။ ဘက်ထရီကလည်း ကောင်းပါတယ်။ အားသွင်းမြန်တဲ့ စနစ်လေးပါရင်တော့ ဒီထပ်တောင်ပိုပြီးကောင်းမယ်လို့ မြင်မိတယ်။ ဒီဇိုင်လေးလည်းလှပါတယ်။ မျက်နှာပြင်ကျယ်တာကြိုက်တဲ့ ကျွန်တော်အတွက်တော့ ဒီဖုန်းကတော်တော်လေး အဆင်ပြေတယ်။ Screen ကျယ်တဲ့အပြင် Resolution ကလည်းကောင်းပါ တယ်။ Performance ပိုင်းကလည်း သုံးရတာ တော်တော်လေး အဆင်ပြေပါတယ်။

ကိုဌေးအောင် (စမ်းသပ်အသုံးပြုသူ)

Memory ပိုင်းကိုတော့ သဘောကျတယ်။ စျေးနှုန်းသုံးသိန်းကျော်လေးနဲ့ 128GB သုံးလို့ရမယ်ဆိုတဲ့အချက်က တော်တော်လေးစိတ် ဝင်စားစရာကောင်းတယ်။ နောက်တစ်ချက်က Screen ပိုင်း။ မျက် နှာပြင်တော်တော်လေးကျယ်ပြီး ကြည့်ရတာတော်တော်လေး ကောင်းတယ်။ Performance ပိုင်းကတော့ လုံးဝကောင်းတယ်လို့ ပြောရမယ့်ပုံစံမျိုးမဟုတ်ပေမယ့်လည်းသူ့စျေးနဲ့ သူတော့ ကောင်းတယ်လို့ပြောရမယ်။ ဘက်ထရီပိုင်းကလည်းကောင်းပါတယ်။ ဒီဇိုင်း ကလှပေမယ့် ဖုန်းကဘေးနည်းနည်းကျယ်သလိုခံစားရတဲ့အတွက် လက်ထဲကိုင်ရတာ ဖုန်းကကြီးနေသလိုခံစားရတယ်။

ကိုဝေလွင်ဦး (စမ်းသပ်အသုံးပြုသူ)

Screen to body ratio တော်တော်လေးများတာတွေ့ရတယ်။ မျက်နှာပြင်ကျယ်တဲ့အချက်ကိုတော့ တော်တော်လေးသဘောကျ တယ်။ နောက်တစ်ချက်က Memory ပိုင်းကလည်း တော်တော်လေး ကောင်းပါတယ်။ သူ့ရဲ့ Memory နဲ့ ဘက်ထရီပိုင်းရဲ့ အချက်တွေနဲ့ တင် သူ့စျေးနဲ့ တန်တယ်လို့ ပြောရမယ်။ Performance ပိုင်းလည်း မဆိုးပါဘူး။ ကင်မရာပိုင်းကိုတော့ သိပ်အကြိုက်ကြီးမဟုတ်ဘူး။ ဒါပေမယ့် သုံးရတာတော့ အဆင်ပြေပါတယ်။ သင့်တင့်တဲ့စျေးနှုန်းနဲ့ မျက်နှာပြင်ကျယ်ကျယ်၊ မှတ်ဉာဏ်ကောင်းကောင်းသုံးလို့ရတဲ့ဖုန်း ဖြစ်တဲ့အတွက် သဘောကျပါတယ်။