Honor 8X Vs OPPO F9

[Zawgyi]

CPU
Honor 8X ကေတာ့ Octa-core 2.2 GHz ေလးလံုးနဲ႔ 1.7 GHz ေလးလံုး အားလံုးေပါင္း Core ရွစ္ လံုးကို သံုးထားၿပီး OPPO F9 က Octa-core 2.0 GHz ရွစ္လံုးကို သံုးထားတာေတြ႕ရပါတယ္။ CPU ပိုင္းမွာေတာ့ Honor 8X ကပိုေကာင္းတာေတြ႕ရပါတယ္။
Chipset ပိုင္းမွာေတာ့ OPPO F9 က Mediatek MT6771 Helio P60 (12 nm) Chipset ကိုသံုးထားၿပီး Honor 8X က Hisilicon Kirin 710 (12 nm) ကိုသံုးထားတာပါ။ Chipset ပိုင္းမွာေတာ့ Honor 8X ကပိုၿပီး ေကာင္းတယ္လို႔ ေျပာလို႔ရပါတယ္။ Techrank ရဲ႕ Single core, Multi core, Graphic စုေပါင္းစြမ္းေဆာင္ ရည္ပိုင္းအဆင့္သတ္မွတ္ခ်က္မွာလည္း Kirin 710 က Helio P60 ထပ္ပိုေကာင္းတဲ့ ရမွတ္အဆင့္ေနရာမွာ ရပ္တည္ေနတဲ့အတြက္ CPU, GPU နဲ႔ Chipset ပိုင္းမွာေတာ့ Honor 8X ကိုေရြးခ်ယ္ရမွာပါ။
CPU – Honor 8X
OPPO F9
Memory
Internal Memory ပိုင္းမွာဒီဖုန္းႏွစ္လံုးက ေတာ္ေတာ္ေလးကြဲျပားျခားနားၾကပါတယ္။ OPPO F9 က Internal Memory 64GB နဲ႔ 4GB RAM ျဖစ္ၿပီး Honor 8X ကေတာ့ Internal Memory 128GB နဲ႔ 6GB RAM ပါ။ ဒီဖုန္းႏွစ္လံုးက ေစ်းႏႈန္းခ်င္း နီးနီးစပ္စပ္ တူညီေနၾကေပမယ့္ Memory ပိုင္းမွာေတာ့ Honor 8X က အမ်ားႀကီးပိုေကာင္းတယ္လို႔ ေျပာလို႔ ရေနပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ Extern Memory ပိုင္းအတြက္ OPPO F9 က SD Card ကို 256GB အထိ ထပ္တိုးႏိုင္ၿပီး Honor 8X ကေတာ့ SD Card ကိုေနာက္ထပ္ 400GB အထိအေထာက္အပံ့ေပးႏိုင္တယ္ လို႔ ေဖာ္ျပထားတဲ့အတြက္ Memory ပိုင္းမွာေရာ ထပ္တိုးအတြက္ပါဆိုရင္ Honor 8X ကပိုေကာင္းပါတယ္။
Memory – Honor 8X
OPPO F9 –
Camera
Honor 8X ကေတာ့ Aperture f/1.8 ရွိတဲ့ 20 Megapixels ကင္မရာနဲ႔ 2 Megapixels Depth Sensor ကင္မရာကို သံုးထားတာပါ။ OPPO F9 ရဲ႕ေနာက္ဘက္ကင္မရာက Aperture f/1.8 ရွိတဲ့ 16 Megapixels နဲ႔ Aperture f/2.4 ရွိတဲ့ 2 Megapixels Depth Sensor ကင္မရာေတြကို Dual သံုးထားတာပါ။ ေက်ာဘက္ကင္မရာႏွစ္လံုးမွာ Honor 8X ရဲ႕ Main ကင္မရာက Megapixels ပိုျမင့္တာေတြ႕ရပါတယ္။ Second ကင္မရာကေတာ့ တူတူပဲျဖစ္တဲ့အတြက္ ေက်ာဘက္ကင္မရာပိုင္းမွာေတာ့ Honor 8X ကိုပဲ ေရြးခ်ယ္ပါမယ္။
ေရွ႕ဘက္ကင္မရာကေတာ့ OPPO F9 က Aperture f/2.0 ရွိတဲ့ 25 Megapixels Wide ကင္မရာကိုသံုးထားၿပီး Honor 8X ကေတာ့ Aperture f/2.0 ရွိ္တဲ့ 16 Megapixels, 26mm (Wide) ကင္မရာကို သံုးထားတာပါ။ Megapixels ကိန္းဂဏန္းအရ F9 ကပိုေကာင္းပါတယ္။ ဒီေတာ့ ေက်ာဘက္ကင္ မရာပိုင္းမွာ Honor 8X ကပိုေကာင္းၿပီး ေရွ႕ကင္မရာပိုင္းမွာေတာ့ OPPO F9 ကပိုေကာင္းတဲ့အတြက္ ေက်ာ ဘက္ကင္မရာကိုေရြးမလား၊ Selfie ကိုေရြးမလားဆိုတာကေတာ့ ကိုယ္တိုင္စဥ္းစားရမွာပါ။
Camera – Honor 8X
OPPO F9 –
Screen
Honor 8X က ၆.၅ လက္မ မ်က္ႏွာျပင္ျဖစ္ၿပီး OPPO F9 ကေတာ့ ၆.၃ လက္မ မ်က္ႏွာျပင္ပါ။ Screen ရဲ႕ Resolution ကေတာ့ တူတူပါပဲ။
Honor 8X က LTPS IPS LCD, 1080 x 2340 Pixels ရွိ တဲ့ Full HD+ Screen ကိုသံုးထားၿပီး OPPO F9 ကလည္း LTPS IPS LCD 1080 x 2340 Pixels ရွိတဲ့ Full HD+ Screen ပါပဲ။ ဒီအခ်က္ကိုၾကည့္ရင္ေတာ့ Screen Resolution ေတြက Full HD+ ေတြပဲျဖစ္ၿပီး သံုးထားတဲ့ Screen အမ်ိဳးအစားပိုင္းမွာလည္း တူညီၾက တာေတြ႕ရပါတယ္။
Screen to body ratio ပိုင္းမွာေတာ့ Honor 8X က ကိုယ္ထည္ေပၚမွာ Screen ပါဝင္မႈ ရာခိုင္ႏႈန္းက ၉၁ ရာခိုင္ႏႈန္းရွိၿပီး OPPO F9 ကေတာ့ ၉၀.၈ ရာခိုင္ႏႈန္းရွိပါတယ္။ ဒီေတာ့ ကိုယ္ထည္ေပၚမွာ Screen ပါဝင္မႈ ရာခိုင္ႏႈန္းနဲ႔ Screen အခ်ိဳးအစားပိုင္းမွာေတာ့ Honor 8X ကရာခိုင္ႏႈန္းအရ နည္းနည္းေလးပိုၿပီး က်ယ္ပါ တယ္။ Screen ပိုင္းမွာ အမ်ိဳးအစားတူ၊ Resolution တူညီသလို Screen to body ratio မွာလည္း သိပ္မကြာ လွတဲ့ ဒီဖုန္းႏွစ္ခုမွာ Screen ပိုင္းအတြက္ဆိုရင္ေတာ့ ႀကိဳက္တာကိုေရြးခ်ယ္လို႔ ရတယ္လို႔ ေျပာခ်င္ပါတယ္။
Screen – Honor 8X
OPPO F9
Design & Slot
ဒီဖုန္းႏွစ္လံုးမွာေတာ့ဒီဇိုင္းက သိပ္မကြာဘူးလို႔ ခံစားရပါတယ္။ ဖုန္းႏွစ္ခုစလံုးက Notch ပါတဲ့ဒီဇိုင္းေတြပဲ ျဖစ္ၿပီး ပါဝင္တဲ့ Notch ရဲ႕အရြယ္အစားခ်င္ကေတာ့ကြာျခားပါတယ္။ Honor 8X က Notch အနည္းငယ္ေသး ၿပီး OPPO F9 ကေတာ့ Notch က Water Drop လို႔ ေျပာတဲ့ ေရစက္ပံုစံ Notch ျဖစ္တဲ့အတြက္ပိုေသးပါတယ္။
ကိုယ္ထည္ဖြဲ႕စည္းတည္ေဆာက္မႈပံုစံခ်င္း သိပ္မကြာလွသလို အရြယ္အစားပိုင္းမွာလည္း ဒီဖုန္းႏွစ္ခုက သိပ္မကြာလွပါဘူး။ ဖုန္းႏွစ္ခုစလံုးကေတာ့ ဒီဇိုင္းပိုင္းလွပတဲ့ ဖုန္းေတြပါပဲ။ Card Slot ပိုင္းမွာေတာ့ Honor 8X က Sim Card ႏွစ္ကတ္နဲ႔ SD Card ကိုတစ္ၿပိဳင္တည္းသံုးလို႔ ရမယ့္ပံုစံမ်ိဳးရွိေနၿပီး OPPO F9 ကလည္း Sim Card ႏွစ္ကတ္နဲ႔ SD Card ကိုတစ္ၿပိဳင္တည္းသံုးႏိုင္ပါတယ္။ ဒီဇိုင္းပံုစံနဲ႔ အရြယ္အစားပိုင္းမွာ သိပ္မကြာ လွတဲ့ အတြက္ ဒီဖုန္းႏွစ္လံုးမွာ ဒီဇိုင္းပိုင္းကေတာ့ အသံုးျပဳတဲ့သူရဲ႕ စိတ္ႀကိဳက္ေရြးခ်ယ္မႈတစ္ခုလို႔ ေျပာရမွာ ပါ။
Battery
Honor 8X ကေတာ့ Li-Po 3750 mAh ဘက္ထရီကို သံုးထားၿပီး OPPO F9 မွာေတာ့ Li-Po 3500 mAh ဘက္ထရီကို သံုးထားတာပါ။ ကိန္းဂဏန္းအရၾကည့္မယ္ဆုိရင္ Honor 8X ရဲ႕ ဘက္ထရီက ပိုေကာင္းတယ္လို႔ ျမင္ႏိုင္ပါတယ္။ တကယ္တမ္းဖုန္းကို ယွဥ္ၿပီးသံုးၾကည့္တဲ့အခ်ိန္မွာလည္း Honor 8X က ဘက္ထရီပိုၿပီး အသံုးခံႏိုင္တာေတြ႕ရပါတယ္။
Battery – Honor 8X
OPPO F9
 
[Unicode]

CPU
Honor 8X ကတော့ Octa-core 2.2 GHz လေးလုံးနဲ့ 1.7 GHz လေးလုံး အားလုံးပေါင်း Core ရှစ် လုံးကို သုံးထားပြီး OPPO F9 က Octa-core 2.0 GHz ရှစ်လုံးကို သုံးထားတာတွေ့ရပါတယ်။ CPU ပိုင်းမှာတော့ Honor 8X ကပိုကောင်းတာတွေ့ရပါတယ်။
Chipset ပိုင်းမှာတော့ OPPO F9 က Mediatek MT6771 Helio P60 (12 nm) Chipset ကိုသုံးထားပြီး Honor 8X က Hisilicon Kirin 710 (12 nm) ကိုသုံးထားတာပါ။ Chipset ပိုင်းမှာတော့ Honor 8X ကပိုပြီး ကောင်းတယ်လို့ ပြောလို့ရပါတယ်။ Techrank ရဲ့ Single core, Multi core, Graphic စုပေါင်းစွမ်းဆောင် ရည်ပိုင်းအဆင့်သတ်မှတ်ချက်မှာလည်း Kirin 710 က Helio P60 ထပ်ပိုကောင်းတဲ့ ရမှတ်အဆင့်နေရာမှာ ရပ်တည်နေတဲ့အတွက် CPU, GPU နဲ့ Chipset ပိုင်းမှာတော့ Honor 8X ကိုရွေးချယ်ရမှာပါ။

CPU – Honor 8X

OPPO F9


Memory
Internal Memory ပိုင်းမှာဒီဖုန်းနှစ်လုံးက တော်တော်လေးကွဲပြားခြားနားကြပါတယ်။ OPPO F9 က Internal Memory 64GB နဲ့ 4GB RAM ဖြစ်ပြီး Honor 8X ကတော့ Internal Memory 128GB နဲ့ 6GB RAM ပါ။ ဒီဖုန်းနှစ်လုံးက စျေးနှုန်းချင်း နီးနီးစပ်စပ် တူညီနေကြပေမယ့် Memory ပိုင်းမှာတော့ Honor 8X က အများကြီးပိုကောင်းတယ်လို့ ပြောလို့ ရနေပါတယ်။
နောက်တစ်ချက်ကတော့ Extern Memory ပိုင်းအတွက် OPPO F9 က SD Card ကို 256GB အထိ ထပ်တိုးနိုင်ပြီး Honor 8X ကတော့ SD Card ကိုနောက်ထပ် 400GB အထိအထောက်အပံ့ပေးနိုင်တယ် လို့ ဖော်ပြထားတဲ့အတွက် Memory ပိုင်းမှာရော ထပ်တိုးအတွက်ပါဆိုရင် Honor 8X ကပိုကောင်းပါတယ်။

Memory – Honor 8X

OPPO F9


Camera
Honor 8X ကတော့ Aperture f/1.8 ရှိတဲ့ 20 Megapixels ကင်မရာနဲ့ 2 Megapixels Depth Sensor ကင်မရာကို သုံးထားတာပါ။ OPPO F9 ရဲ့နောက်ဘက်ကင်မရာက Aperture f/1.8 ရှိတဲ့ 16 Megapixels နဲ့ Aperture f/2.4 ရှိတဲ့ 2 Megapixels Depth Sensor ကင်မရာတွေကို Dual သုံးထားတာပါ။ ကျောဘက်ကင်မရာနှစ်လုံးမှာ Honor 8X ရဲ့ Main ကင်မရာက Megapixels ပိုမြင့်တာတွေ့ရပါတယ်။ Second ကင်မရာကတော့ တူတူပဲဖြစ်တဲ့အတွက် ကျောဘက်ကင်မရာပိုင်းမှာတော့ Honor 8X ကိုပဲ ရွေးချယ်ပါမယ်။
ရှေ့ဘက်ကင်မရာကတော့ OPPO F9 က Aperture f/2.0 ရှိတဲ့ 25 Megapixels Wide ကင်မရာကိုသုံးထားပြီး Honor 8X ကတော့ Aperture f/2.0 ရှိ်တဲ့ 16 Megapixels, 26mm (Wide) ကင်မရာကို သုံးထားတာပါ။ Megapixels ကိန်းဂဏန်းအရ F9 ကပိုကောင်းပါတယ်။ ဒီတော့ ကျောဘက်ကင် မရာပိုင်းမှာ Honor 8X ကပိုကောင်းပြီး ရှေ့ကင်မရာပိုင်းမှာတော့ OPPO F9 ကပိုကောင်းတဲ့အတွက် ကျော ဘက်ကင်မရာကိုရွေးမလား၊ Selfie ကိုရွေးမလားဆိုတာကတော့ ကိုယ်တိုင်စဉ်းစားရမှာပါ။

Camera – Honor 8X –

OPPO F9

Screen
Honor 8X က ၆.၅ လက်မ မျက်နှာပြင်ဖြစ်ပြီး OPPO F9 ကတော့ ၆.၃ လက်မ မျက်နှာပြင်ပါ။ Screen ရဲ့ Resolution ကတော့ တူတူပါပဲ။
Honor 8X က LTPS IPS LCD, 1080 x 2340 Pixels ရှိ တဲ့ Full HD+ Screen ကိုသုံးထားပြီး OPPO F9 ကလည်း LTPS IPS LCD 1080 x 2340 Pixels ရှိတဲ့ Full HD+ Screen ပါပဲ။ ဒီအချက်ကိုကြည့်ရင်တော့ Screen Resolution တွေက Full HD+ တွေပဲဖြစ်ပြီး သုံးထားတဲ့ Screen အမျိုးအစားပိုင်းမှာလည်း တူညီကြ တာတွေ့ရပါတယ်။
Screen to body ratio ပိုင်းမှာတော့ Honor 8X က ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှု ရာခိုင်နှုန်းက ၉၁ ရာခိုင်နှုန်းရှိပြီး OPPO F9 ကတော့ ၉၀.၈ ရာခိုင်နှုန်းရှိပါတယ်။ ဒီတော့ ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှု ရာခိုင်နှုန်းနဲ့ Screen အချိုးအစားပိုင်းမှာတော့ Honor 8X ကရာခိုင်နှုန်းအရ နည်းနည်းလေးပိုပြီး ကျယ်ပါ တယ်။ Screen ပိုင်းမှာ အမျိုးအစားတူ၊ Resolution တူညီသလို Screen to body ratio မှာလည်း သိပ်မကွာ လှတဲ့ ဒီဖုန်းနှစ်ခုမှာ Screen ပိုင်းအတွက်ဆိုရင်တော့ ကြိုက်တာကိုရွေးချယ်လို့ ရတယ်လို့ ပြောချင်ပါတယ်။

Screen – Honor 8X

OPPO F9

Design & Slot
ဒီဖုန်းနှစ်လုံးမှာတော့ဒီဇိုင်းက သိပ်မကွာဘူးလို့ ခံစားရပါတယ်။ ဖုန်းနှစ်ခုစလုံးက Notch ပါတဲ့ဒီဇိုင်းတွေပဲ ဖြစ်ပြီး ပါဝင်တဲ့ Notch ရဲ့အရွယ်အစားချင်ကတော့ကွာခြားပါတယ်။ Honor 8X က Notch အနည်းငယ်သေး ပြီး OPPO F9 ကတော့ Notch က Water Drop လို့ ပြောတဲ့ ရေစက်ပုံစံ Notch ဖြစ်တဲ့အတွက်ပိုသေးပါတယ်။
ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်မှုပုံစံချင်း သိပ်မကွာလှသလို အရွယ်အစားပိုင်းမှာလည်း ဒီဖုန်းနှစ်ခုက သိပ်မကွာလှပါဘူး။ ဖုန်းနှစ်ခုစလုံးကတော့ ဒီဇိုင်းပိုင်းလှပတဲ့ ဖုန်းတွေပါပဲ။ Card Slot ပိုင်းမှာတော့ Honor 8X က Sim Card နှစ်ကတ်နဲ့ SD Card ကိုတစ်ပြိုင်တည်းသုံးလို့ ရမယ့်ပုံစံမျိုးရှိနေပြီး OPPO F9 ကလည်း Sim Card နှစ်ကတ်နဲ့ SD Card ကိုတစ်ပြိုင်တည်းသုံးနိုင်ပါတယ်။ ဒီဇိုင်းပုံစံနဲ့ အရွယ်အစားပိုင်းမှာ သိပ်မကွာ လှတဲ့ အတွက် ဒီဖုန်းနှစ်လုံးမှာ ဒီဇိုင်းပိုင်းကတော့ အသုံးပြုတဲ့သူရဲ့ စိတ်ကြိုက်ရွေးချယ်မှုတစ်ခုလို့ ပြောရမှာ ပါ။

Battery
Honor 8X ကတော့ Li-Po 3750 mAh ဘက်ထရီကို သုံးထားပြီး OPPO F9 မှာတော့ Li-Po 3500 mAh ဘက်ထရီကို သုံးထားတာပါ။ ကိန်းဂဏန်းအရကြည့်မယ်ဆိုရင် Honor 8X ရဲ့ ဘက်ထရီက ပိုကောင်းတယ်လို့ မြင်နိုင်ပါတယ်။ တကယ်တမ်းဖုန်းကို ယှဉ်ပြီးသုံးကြည့်တဲ့အချိန်မှာလည်း Honor 8X က ဘက်ထရီပိုပြီး အသုံးခံနိုင်တာတွေ့ရပါတယ်။

Battery – Honor 8X

Xiaomi Mi 8 SE