Honor 8X နဲ့ Xiaomi Mi 8 မှာ Body to screen ratio ဘယ်သူပိုကောင်းလဲ

[Zawgyi]

Honor 8X ( 359,000)  ,  Xiaomi Mi 8 (629,000)

Body Ratio



Screen


Screen to Body Ratio




Honor 8X –    ,  Xiaomi Mi 8 – 

Devices Honor 8X iPhone X Samsung S9 OPPO Find X Vivo Nex Xiaomi Mi 8
Screen to body Ratio 91% 87.36% 86.56% 92.82% 91% 87.78%
Width of 4.25mm 2.6mm 7.09mm 3.34mm 5.05mm 6.84mm
buttom boder

[Unicode]

Honor 8X ( 359,000)  ,  Xiaomi Mi 8 (629,000)

Body Ratio

Honor 8X ရဲ့ အချိုးအစားကတော့ အထက်အောက်အမြင့် 160.4 မီလီမီတာ၊ ဘေးတိုက်အကျယ် 76.6 မီလီမီ တာနဲ့ ထုထည်ကတော့ 7.8 မီလီမီတာရှိပါတယ်။

Xiaomi Mi 8 ကတော့ အထက်အောက်အမြင့် 154.9 မီလီမီတာ၊ ဘေးတိုက်အကျယ်74.8 မီလီမီတာနဲ့ ထု ထည်ကတော့ 7.6 မီလီမီတာရှိပါတယ်။ ကိုယ်ထည်တည်ဆောက်မှုအချိုးအစားပိုင်းမှာ သိပ်ပြီး သိသိသာသာ ကွာခြားတာမျိုး သိပ်မရှိပေမယ့် အရွယ်အစားအရတော့ 8X ကနည်းနည်းပိုပြီး ကြီးပါတယ်။

Screen

Honor X8 က IPS LCD ကိုသုံးထားတာဖြစ်ပြီး Resolution ကတော့ 1080 x 2340 ရှိပါတယ်။ Xiaomi Mi 8 ကတော့ Super AMOLED ကိုသုံးထားပြီး Resolution ကတော့ 1080 x 2248 Pixels ရှိပါတယ်။ ဖုန်းနှစ်ခု စလုံး ကတော့ Full HD Screen တွေပါပဲ။

Screen to Body Ratio

ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှု ရာခိုင်နှုန်းနဲ့ မြင်ကွင်းအချိုးအစားပိုင်းမှာတော့ Honor 8X ကပိုကောင်းပြီး ပိုကျယ်ဝန်းတာတွေ့ရပါတယ်။ Screen အချိုးအစားပိုင်းမှာ Mi 8 က 83.8 ရာခိုင်နှုန်းရှိပြီး Honor 8X ကတော့ 91 ရာခိုင်နှုန်းရှိပါတယ်။ မျက်နှာပြင်ကျယ်ဝန်းမှုနဲ့ ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှု ရာခိုင်နှုန်းမှာတော့ Honor 8X ကပိုပြီး ကျယ်ဝန်းကောင်းမွန်တာတွေ့ရပါတယ်။

အထက်ဖော်ပြပါအချက်တွေကတော့ Xiaomi Mi 8 နဲ့ Honor 8X တို့ရဲ့ ကိုယ်ထည်နဲ့ ကိုထည်ပေါ်မှာ Screen ပါဝင်မှု ရာခိုင်နှုန်းတွေပဲဖြစ်ပါတယ်။ Screen to body ratio ကောင်းမွန်ခြင်းက အရာအားလုံးကို ပြောင်းလဲစေပါတယ်။ ဖုန်းတစ်လုံးမှာ Screen ကြီးတွေက Popular ဖြစ်နေတဲ့ အချိန်မှာ ၃ သိန်းပတ်ဝန်ကျင်တန်ဖုန်းတစ်ခုမှာ ဒီလို Screen Ratio မျိုးရနိုင်တယ် ဆိုတာက ကောင်းမွန်တဲ့အချက်တစ်ချက်ပါ။ Social media သုံးတာဘဲ ဖြစ်ဖြစ်၊ Video ကြည့်တာဘဲ ဖြစ်ဖြစ် ဂိမ်းကစားတာဘဲ ဖြစ်ဖြစ် မျက်နှာ ပြင်ကျယ်ဖုန်းတစ်လုံးက အဆင်ပြေစေမှာအမှန်ပါဘဲ။

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် အသစ်ထွက်လာတဲ့ Honor 8X ဟာ ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှု ရာခိုင်နှုန်းကောင်းမွန်တဲ့ ဖုန်းတစ်လုံးလို့ ပြောရမှာပါ။ Honor 8X ရဲ့ Screen to body ratio ကို အောက်ပါဇယားကွက်မှာ လေ့လာနိုင်ပါတယ်။