Honor 8C

Price : 269,000 Ks

အားသာခ်က္

ဆြဲေဆာင္မႈရွိတဲ့ ဒီဇုိင္းနဲ႔ ၂ ရက္တာ ႐ုပ္ရွင္ၾကည့္တာမ်ဳိးအတြက္ အသုံးျပဳႏုိင္တဲ့ ဘက္ထရီစနစ္ေတြက ဒီဖုန္းရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ ျမန္ဆန္ေကာင္းမြန္တဲ့ processor စနစ္နဲ႔ AI စနစ္ ေထာက္ပံ့ပါဝင္တဲ့ ေက်ာဘက္ကင္မရာစနစ္ေတြက သေဘာက်စရာပါ။

အားနည္းခ်က္

ေရွ႕ဘက္ AI selfie ကင္မရာက ေန႔နဲ႔ညအခ်ိန္ေတြမွာ ေကာင္းမြန္တဲ့ ႐ုပ္ထြက္ကို ႐ိုက္ကူးႏုိင္ေပမယ့္ ပတ္၀န္းက်င္အလင္းအားမ်ားတဲ့ အေျခအေနမ်ဳိးမွာေတာ့ exposure ပိုင္းက ပုံမွန္ထက္ပိုၿပီး overexposed ျဖစ္သြားတာေတြ႔ရပါတယ္။ ေနာက္ၿပီး Face unlock စနစ္က ပတ္၀န္းက်င္ အလင္းေရာင္ လုံေလာက္မႈမရွိတဲ့ အေျခအေနမ်ဳိးမွာဆိုရင္ေတာ့ သုံးရတာ သိပ္မျမန္ဘူးလို႔ခံစားရပါတယ္။

စြမ္းေဆာင္ရည္

ဒီဖုန္းမွာ 14nm Qualcomm Snapdragon 632 chip ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 64GB ပါဝင္ပါတယ္။ Need for Speed: No Limits ကို DND ဂိမ္း mode နဲ႔ ကစားတဲ့အခါမွာေတာ့ အနည္းငယ္ ေႏွးတယ္လို႔ခံစားရေပမယ့္ အျခားဂိမ္းေတြကစားတာေတာ့ ေခ်ာေမြ႕ေကာင္းမြန္မႈရွိသလို အခ်ိန္ၾကာၾကာ ကစားတာမ်ဳိးအတြက္ ဖုန္းကိုယ္ထည္ပူေႏြးမႈ မရွိပါဘူး။ စပီကာရဲ႕ အသံထြက္ပိုင္းလည္း က်ယ္ေလာင္ေကာင္းမြန္မႈရွိသလို ဖုန္းေျပာျခင္းအတြက္လည္း အသံထြက္ၾကည္လင္မႈရွိပါတယ္။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

ဆြဲေဆာင္မႈအျပည့္ရွိတဲ့ Honor 8C ရဲ႕ ကိုယ္ထည္ဒီဇုိင္းက ပလတ္စတစ္သတၱဳစပ္ အမ်ဳိးအစားျဖစ္ပါတယ္။ အေရာင္အေနနဲ႔ အနက္၊ အျပာအေနနဲ႔ ထုတ္လုပ္ထားၿပီး အျပာေရာင္ကုိ ေရာင္ေျပးႏွစ္ေရာင္စပ္ ဒီဇုိင္းနဲ႔ဖန္တီးထားတာ သေဘာက်စရာပါ။ ပါဝါနဲ႔ အသံအတိုးက်ယ္ ခလုတ္ေတြကိုေတာ့ ျမင္ကြင္းရဲ႕ ညာဘက္ေဘာင္ေပၚမွာ ထည့္သြင္းထားၿပီး ဖုန္းရဲ႕ ေအာက္ဘက္ေဘာင္ထဲမွာေတာ့ စပီကာနဲ႔ USB 2.0 အားသြင္းေပါက္ေတြ ရွိမွာျဖစ္သလို အေပၚေဘာင္ထဲမွာေတာ့ နားၾကပ္ေပါက္ကို တပ္ဆင္ထားပါတယ္။ ကိုယ္ထည္အရြယ္အစားက လက္ထဲမွာ ကိုင္တြယ္ရတာ အံ၀င္ခြင္က်မႈရွိပါတယ္။ ေရွ႕ဘက္ selfie ကင္မရာ ကိုေတာ့ notch ထဲမွာ တပ္ဆင္ထားၿပီး ေက်ာဘက္ကင္မရာႏွစ္လုံးကိုေတာ့ အထက္ေအာက္ပုံစံနဲ႔ LED flash နဲ႔ တြဲလ်က္ပါ။ လက္ေဗြလုံၿခဳံေရးစနစ္ကေတာ့ ခုေနာက္ပိုင္းဖုန္းေတြမွာ ေတြ႔ရတတ္တဲ့ ေက်ာဘက္ကိုယ္ထည္ အလယ္နားမွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁၆၇ ဂရမ္ရွိပါတယ္။
မ်က္ႏွာျပင္အရြယ္အစား ၆.၂၆ လက္မရွိတဲ့ IPS LCD Display က 1520×720 pixel အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါ၀င္မႈ ရာခုိင္ႏႈန္းကေတာ့ ၈၁.၉ ရာခုိင္ႏႈန္းရွိၿပီး Screen ရဲ႕ aspect ratio ကေတာ့ 19:9 ရွိတဲ့ Full View မ်က္ႏွာျပင္ျဖစ္ပါတယ္။

ကင္မရာ

ကင္မရာကေတာ့ သူ႔ေစ်းႏႈန္း၀န္းက်င္အရဆိုေတာ့ တျခားၿပိဳင္ဘက္ေမာ္ဒယ္ေတြနဲ႔ယွဥ္ရင္ မဆိုးဘူးလို႔ေျပာရမွာပါ။ ေက်ာဘက္မွာ 13MP နဲ႔ 2MP ကင္မရာႏွစ္လုံး တပ္ဆင္ထားၿပီး ႐ုပ္ထြက္ပိုင္း ေကာင္းမြန္မႈရွိပါတယ္။ ေရွ႕ဘက္ကင္မရာကေတာ့ 8MP AI selfie အမ်ဳိးအစားျဖစ္ပါတယ္။

ကင္မရာစနစ္မွာ PDAF နည္းပညာေထာက္ပံ့ပါဝင္ေပမယ့္ Focus ဖမ္းယူႏုိင္မႈကေတာ့ အနည္းငယ္ေႏွးတယ္လို႔ ခံစားရပါတယ္။ ေနာက္တစ္ခုက AI စနစ္က ပုံမွန္အားျဖင့္ ခ်ိန္ညွိေပးမႈကို အေကာင္းဆုံးလုပ္ေဆာင္ႏုိင္ေပမယ့္ အလင္းအားမ်ားတဲ့အေျခအေနမ်ဳိးမွာဆိုရင္ေတာ့ တစ္ခါတစ္ရံ overexposed ျဖစ္သြားတာေတြ႔ရပါတယ္။

ဘက္ထရီ

2915mAh ပမာဏ ဘက္ထရီက ဒီဖုန္းအတြက္ နည္းတယ္လို႔ဆိုရမွာ ျဖစ္ေပမယ့္ ၁၈ ၀ပ္အားသြင္းေခါင္းနဲ႔ အားသြင္းျမန္ဆန္တဲ့စနစ္ေတြ ေထာက္ပံ့ပါဝင္တာက ဖုန္းဘက္ထရီ ျမန္ျမန္ျပန္သြင္းႏုိင္ေစမွာ ျဖစ္ပါတယ္။ ဘက္ထရီစနစ္အတြက္ Qi ႀကိဳးမဲ့အားသြင္းနည္းပညာ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

ဒီဖုန္းက သူနဲ႔ ေစ်းနႈန္းသိပ္မကြာလွတဲ့ ၿပိဳင္ဘက္ေမာ္ဒယ္ေတြနဲ႔ ယွဥ္မယ္ဆိုရင္ေတာ့ ဘက္ထရီပိုင္းက ေတာ္ေတာ္ေလး အားသာလွပါတယ္။ မိမိရဲ႕ အသုံးျပဳတဲ့အေျခအေနေပၚမူတည္ၿပီး ၃၆ နာရီကေန ၄၈ နာရီ အထိ အသုံးျပဳႏုိင္ပါတယ္။ Honor 8C က သူ႔ရဲ႕ ေကာင္းမြန္လွတဲ့ စြမ္းေဆာင္ရည္၊ ဆြဲေဆာင္မႈရွိတဲ့ ဒီဇုိင္းနဲ႔ အခ်ိန္ၾကာၾကာသုံးႏုိင္တဲ့ ဘက္ထရီစနစ္ေတြအရ ေပးရတဲ့ေစ်းနဲ႔ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ သုံးရတယ္ တန္တယ္လို႔ ေျပာရမွာပါ။

GSM 3G/LTE
SIM Dual SIM (Nano-SIM, dual stand-by)
Display IPS LCD capacitive touchscreen, 6.26 inches (19:9 ratio)
OS Android 8.1 (Oreo); EMUI 8.2
CPU Qualcomm SDM632 Snapdragon 632
GPU Adreno 506
Camera 13 MP(f/1.8) + 2MP (f/2.4), PDAF, LED flash, HDR, panorama; Front 8 MP (f/2.2) AI Selfie
Internal 64 GB; RAM 4 GB, microSD, up to 256 GB
Battery Non-removable Li-Po 4000 mAh
Others Wi-Fi 802.11 b/g/n, Bluetooth 4.2, USB On-The-Go, Fingerprint
Display
Performance
Camera
Battery
Hand on
Over all

-ရဲထြဋ္ဝင္း

[ Unicode ]

Price : 269,000 Ks

အားသာချက်

ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ၂ ရက်တာ ရုပ်ရှင်ကြည့်တာမျိုးအတွက် အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ မြန်ဆန်ကောင်းမွန်တဲ့ processor စနစ်နဲ့ AI စနစ် ထောက်ပံ့ပါဝင်တဲ့ ကျောဘက်ကင်မရာစနစ်တွေက သဘောကျစရာပါ။

အားနည်းချက်

ရှေ့ဘက် AI selfie ကင်မရာက နေ့နဲ့ညအချိန်တွေမှာ ကောင်းမွန်တဲ့ ရုပ်ထွက်ကို ရိုက်ကူးနိုင်ပေမယ့် ပတ်ဝန်းကျင်အလင်းအားများတဲ့ အခြေအနေမျိုးမှာတော့ exposure ပိုင်းက ပုံမှန်ထက်ပိုပြီး overexposed ဖြစ်သွားတာတွေ့ရပါတယ်။ နောက်ပြီး Face unlock စနစ်က ပတ်ဝန်းကျင် အလင်းရောင် လုံလောက်မှုမရှိတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ သုံးရတာ သိပ်မမြန်ဘူးလို့ခံစားရပါတယ်။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ 14nm Qualcomm Snapdragon 632 chip ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB ပါဝင်ပါတယ်။ Need for Speed: No Limits ကို DND ဂိမ်း mode နဲ့ ကစားတဲ့အခါမှာတော့ အနည်းငယ် နှေးတယ်လို့ခံစားရပေမယ့် အခြားဂိမ်းတွေကစားတာတော့ ချောမွေ့ကောင်းမွန်မှုရှိသလို အချိန်ကြာကြာ ကစားတာမျိုးအတွက် ဖုန်းကိုယ်ထည်ပူနွေးမှု မရှိပါဘူး။ စပီကာရဲ့ အသံထွက်ပိုင်းလည်း ကျယ်လောင်ကောင်းမွန်မှုရှိသလို ဖုန်းပြောခြင်းအတွက်လည်း အသံထွက်ကြည်လင်မှုရှိပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ဆွဲဆောင်မှုအပြည့်ရှိတဲ့ Honor 8C ရဲ့ ကိုယ်ထည်ဒီဇိုင်းက ပလတ်စတစ်သတ္တုစပ် အမျိုးအစားဖြစ်ပါတယ်။ အရောင်အနေနဲ့ အနက်၊ အပြာအနေနဲ့ ထုတ်လုပ်ထားပြီး အပြာရောင်ကို ရောင်ပြေးနှစ်ရောင်စပ် ဒီဇိုင်းနဲ့ဖန်တီးထားတာ သဘောကျစရာပါ။ ပါဝါနဲ့ အသံအတိုးကျယ် ခလုတ်တွေကိုတော့ မြင်ကွင်းရဲ့ ညာဘက်ဘောင်ပေါ်မှာ ထည့်သွင်းထားပြီး ဖုန်းရဲ့ အောက်ဘက်ဘောင်ထဲမှာတော့ စပီကာနဲ့ USB 2.0 အားသွင်းပေါက်တွေ ရှိမှာဖြစ်သလို အပေါ်ဘောင်ထဲမှာတော့ နားကြပ်ပေါက်ကို တပ်ဆင်ထားပါတယ်။ ကိုယ်ထည်အရွယ်အစားက လက်ထဲမှာ ကိုင်တွယ်ရတာ အံဝင်ခွင်ကျမှုရှိပါတယ်။ ရှေ့ဘက် selfie ကင်မရာ ကိုတော့ notch ထဲမှာ တပ်ဆင်ထားပြီး ကျောဘက်ကင်မရာနှစ်လုံးကိုတော့ အထက်အောက်ပုံစံနဲ့ LED flash နဲ့ တွဲလျက်ပါ။ လက်ဗွေလုံခြုံရေးစနစ်ကတော့ ခုနောက်ပိုင်းဖုန်းတွေမှာ တွေ့ရတတ်တဲ့ ကျောဘက်ကိုယ်ထည် အလယ်နားမှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁၆၇ ဂရမ်ရှိပါတယ်။
မျက်နှာပြင်အရွယ်အစား ၆.၂၆ လက်မရှိတဲ့ IPS LCD Display က 1520×720 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါ၀င်မှု ရာခိုင်နှုန်းကတော့ ၈၁.၉ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19:9 ရှိတဲ့ Full View မျက်နှာပြင်ဖြစ်ပါတယ်။

ကင်မရာ

ကင်မရာကတော့ သူ့စျေးနှုန်းဝန်းကျင်အရဆိုတော့ တခြားပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် မဆိုးဘူးလို့ပြောရမှာပါ။ ကျောဘက်မှာ 13MP နဲ့ 2MP ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး ရုပ်ထွက်ပိုင်း ကောင်းမွန်မှုရှိပါတယ်။ ရှေ့ဘက်ကင်မရာကတော့ 8MP AI selfie အမျိုးအစားဖြစ်ပါတယ်။

ကင်မရာစနစ်မှာ PDAF နည်းပညာထောက်ပံ့ပါဝင်ပေမယ့် Focus ဖမ်းယူနိုင်မှုကတော့ အနည်းငယ်နှေးတယ်လို့ ခံစားရပါတယ်။ နောက်တစ်ခုက AI စနစ်က ပုံမှန်အားဖြင့် ချိန်ညှိပေးမှုကို အကောင်းဆုံးလုပ်ဆောင်နိုင်ပေမယ့် အလင်းအားများတဲ့အခြေအနေမျိုးမှာဆိုရင်တော့ တစ်ခါတစ်ရံ overexposed ဖြစ်သွားတာတွေ့ရပါတယ်။

ဘက်ထရီ

2915mAh ပမာဏ ဘက်ထရီက ဒီဖုန်းအတွက် နည်းတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် ၁၈ ၀ပ်အားသွင်းခေါင်းနဲ့ အားသွင်းမြန်ဆန်တဲ့စနစ်တွေ ထောက်ပံ့ပါဝင်တာက ဖုန်းဘက်ထရီ မြန်မြန်ပြန်သွင်းနိုင်စေမှာ ဖြစ်ပါတယ်။ ဘက်ထရီစနစ်အတွက် Qi ကြိုးမဲ့အားသွင်းနည်းပညာ ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

ဒီဖုန်းက သူနဲ့ စျေးနှုန်းသိပ်မကွာလှတဲ့ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘက်ထရီပိုင်းက တော်တော်လေး အားသာလှပါတယ်။ မိမိရဲ့ အသုံးပြုတဲ့အခြေအနေပေါ်မူတည်ပြီး ၃၆ နာရီကနေ ၄၈ နာရီ အထိ အသုံးပြုနိုင်ပါတယ်။ Honor 8C က သူ့ရဲ့ ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီစနစ်တွေအရ ပေးရတဲ့စျေးနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သုံးရတယ် တန်တယ်လို့ ပြောရမှာပါ။