Honor က tablet နှစ်မျိုးကို ထုတ်ဖော်ပြသ

[ Zawgyi ]







စိုးထက်
Ref: GSMArena

[ Unicode ]

Huawei ရဲ့ကုမ္ပဏီခွဲ Honor ဟာ အိန္ဒိယဈေးကွက်အတွက် Honor Pad 5 tablet နှစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Honor Pad 5 ရဲ့ tablet တစ်မျိုးက ၈ လက်မ ဖြစ်ပြီး နောက်တစ်မျိုးကတော့ ၁၀.၁ လက်မ ဖြစ်ပါတယ်။

၈ လက်မ မော်ဒယ်ကတော့ စွမ်းဆောင်ရည်ပိုကောင်းပြီး Kirin 710 နဲ့ရုပ်ထွက်အရည်အသွေး 1920x 1200pixel ရုပ်ထွက်အရည်အသွေးနဲ့ RAM 3GB ဒါမှမဟုတ် 4GB ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။

၈ လက်မ မော်ဒယ်ရဲ့အတွင်းပိုင်း storage ကတော့ 32GB ဒါမှမဟုတ် 64GB ဖြစ်ပြီး ရှေ့ဘက်နဲ့ နောက်ဘက်မှာ 8MP ကင်မရာတွေ ပါဝင်လာပါတယ်။ Android 9.0 Pie နဲ့အတူ Magic 2.0 UI ကို အသုံးပြုထားကာ စတီရီယိုစပီကာတွေ ပါဝင်လာပါတယ်။

၁၀.၁လက်မ tablet မှာတော့ Kirin 659 SoC အဟောင်းကိုအသုံးပြုထားပြီး RAM 3GB နဲ့ storage 32GB ဒါမှမဟုတ် 4GB/64GB မော်ဒယ်ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ရုပ်ထွက်အရည်အသွေးက 1920x 1200pixel ဖြစ်ပြီး Android 8.0 Oreo နဲ့အတူ EMUI 8.0 ကို အသုံးပြုထားပါတယ်။

Honor Pad 5 မော်ဒယ် နှစ်မျိုးစလုံးကို အပြာရောင်နဲ့ပဲ ထုတ်လုပ်ထားပါတယ်။ ၈ လက် Pad 5 ရဲ့ 3GB/32GB ကို၂၂၅ ဒေါ်လာ၊ 4GB/64GB ကို၂၅၁ ဒေါ်လာနဲ့ ဝယ်ယူရပါမယ်။ ၁၀ လက်မ Pad 5 ကို ၂၄၄ ဒေါ်လာနဲ့ ၂၇၅ ဒေါ်လာနဲ့ အသီးသီးရောင်းချသွားပါမယ်။

Ref: GSMArena