September 20, 2018

Hollow Knight

[ Zawgyi ]

ဒီတစ္ပတ္မွာေတာ့ကြန္ပ်ဴ တာစနစ္အစံုနဲ႔ ကစားႏုိင္မယ့္ ႐ုပ္ ထြက္ဆန္းဆန္း ဂိမ္းေလးတစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ သူ ကေတာ့ Hollow Knight ပါ။ Wins စနစ္တစ္ခုတည္းတင္မ ဟုတ္ဘဲ Linux ေရာ Mac OS နဲ႔ပါကစားႏုိင္မွာပါ။ Console သမားေတြ အတြက္ကေတာ့ Nintendo Switch နဲ႔ ကစားႏုိင္ မွာျဖစ္ၿပီး ေနာက္ပိုင္း Xbox One အတြက္ ဆက္လာဖို႔ရွိတယ္ လို႔သိရပါတယ္။ အစဆံုး Wins စနစ္အတြက္က ေဖေဖာ္၀ါရီက တည္းကထြက္ေနခ့ဲၿပီး ေနာက္ ပိုင္းဆက္တိုက္ Platform စံုနဲ႔ ကစားလာႏိုင္တာလည္း ျဖစ္ပါတယ္။

Single အေနနဲ႔ပဲ ကစားႏုိင္မယ့္ အခုဂိမ္းက 2D ႐ုပ္ထြက္ နဲ႔ပဲ ဖန္တီးထားတာပါ။ ေရွးေခတ္ေျမ ေအာက္ကမာၻႀကီးထဲမွာ ဇာတ္ေကာင္ေလးကို အမည္ေပးမထားေပမယ့္ သူကစစ္သည္ေတာ္ တစ္ဦးအေနနဲ႔ ရန္သူေတြကို တိုက္ခိုက္ရမယ္။ ဇာတ္ေကာင္စစ္သည္ ေတာ္ေလးကလည္း ပိုးေကာင္ေလးတစ္ေကာင္နဲ႔ တူေအာင္ဖန္တီးထားၿပီး ရန္သူေတြကလည္း သူ႔လို ပိုးေကာင္ဆန္ဆန္႐ုပ္ထြက္ေတြနဲ႔ ျဖစ္ပါတယ္။ တစ္ေနရာကေန တစ္ေနရာကို ရထားေတြနဲ႔ သြားလာႏုိင္မယ္၊ Item ေတြ စိတ္ႀကိဳက္စုၿပီး မိမိစစ္သည္ေတာ္ ေလးအစြမ္း ထက္လာေအာင္ အဆင့္ျမႇင့္ကစားရမယ္၊ သူ႔မွာဓားနဲ႔ တူတဲ့လက္သည္းေတြ ပါတယ္။

အဓိကတိုက္ခိုက္မႈကိုလက္သည္းနဲ႔ပဲ တုိက္ခိုက္ကစားရတယ္ဆိုေပမယ့္ ကန္ရတဲ့အကြက္ေတြ၊ ရန္သူကို ခုန္နင္းရတဲ့ အကြက္ေတြ ပါသံုးႏိုင္ပါလိမ့္မယ္။ လူသား႐ုပ္ထြက္ ဖန္တီးထားျခင္း မဟုတ္ေပမယ့္ သြားလာကစားရမႈအားလံုးကေတာ့ လူသားအတုိင္းပါပဲ။ ခုန္တက္တာေတြ၊ သြားလာတာေတြ၊ တိုက္ခိုက္ဟန္ေတြအားလံုး လူသားအတုိင္း ဖန္တီးထားတာ ျဖစ္ပါတယ္။

အနီးကပ္ တိုက္ခိုက္မႈေတြအတြက္ ဓားနဲ႔တူတဲ့ လက္သည္းေတြကိုသံုးၿပီး တိုက္ခိုက္ႏိုင္မယ္။ Spell အသံုးျပဳႏုိင္မႈလည္း ထည့္ထားၿပီး အေဝးကေန တုိက္ခိုက္မႈေတြအတြက္ Spellကို သံုးႏုိင္မွာပါ။ အဆင့္ေတြေအာင္ျမင္မႈ မ်ားလာေလေလ Spell ေတြ Unlock ျဖစ္လာမယ္။ ပိုေကာင္းတ့ဲ Spellေတြ သံုးႏုိင္လာမွာပါ။ ဒီဂိမ္းမွာ ထူးျခားခ်က္တစ္ခုက အခန္း တစ္ခန္းမွာ ရန္သူကိုေတြ႕ တုိင္း ေအာင္ျမင္ေအာင္ တိုက္ခိုက္ၿပီးမွ တစ္ခန္းေအာင္မွာ မဟုတ္ဘဲ မိမိလိုရာကို ရန္သူအားမတိုိက္ဘဲ ေက်ာ္ျဖတ္သြားႏုိင္ရင္လည္း တစ္ခန္း ေအာင္ျမင္မွာပါ။ တိုက္ခိုက္ရတာ ဝါသနာပါရင္ ရန္သူကိုႏိုင္ေအာင္တိုက္ၿပီး ေက်ာ္ျဖတ္၊ ကစားကြက္ကိုဦးစား ေပးခ်င္ရင္ေတာ့မိမိကို တိုက္ခိုက္ ေနတဲ့ရန္သူကို ေရွာင္ၿပီး ေက်ာ္ျဖတ္သြားလာႏုိင္မွာလည္း ျဖစ္ပါတယ္။ ေျမေအာက္ကမာၻ ဖန္တီးထားမႈက အဆံုးမဲ့မဟုတ္ ေပမယ့္ က်ယ္ဝန္းပါတယ္၊ Map ကိုၾကည့္ၿပီး သြားလာရမယ္၊ တစ္ခန္းနဲ႔ တစ္ခန္း Map ကြဲသြားသလို ရန္သူေရာ ပတ္ဝန္းက်င္ အေနအထားေတြပါ ေျပာင္းလဲသြားလို႔ မ႐ိုးရေအာင္ ကစားရမယ့္ဂိမ္းပါပဲ။ ၿပီးေတာ့ ေျမပံုတစ္ဆင့္ ေအာင္သြားလို႔ အျခားအခန္းသစ္ ေျမပံုကုိေရာက္တာနဲ႔ ေျမပံုတစ္ခုလံုးမေတြ႕ရေသးပဲ အခန္းေသးေတြေအာင္ျမင္ လာမႈနဲ႔အတူမွ တျဖည္းျဖည္း ေျမပံုသစ္က ႐ုပ္လံုးေပၚလာမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ ေျမပံု ႐ုပ္လံုးေပၚလာဖို႔ Item ေတြလည္း ဝယ္စုရပါလိမ့္မယ္။ မိမိဘယ္ေနရာမွာ ေရာက္ေနတယ္ ဆိုတာသိရဖုိ႔လည္း Item သပ္သပ္ ဝယ္ထားမွရမွာပါ။ ႐ုပ္ထြက္က ကေလးဆန္လို႔ Hollow Knight ကို ေလ်ာ့တြက္လုိ႔ေတာ့ မရပါဘူး။ လြယ္မလိုနဲ႔ ခက္ခဲ့တဲ့စိ္န္ေခၚမႈေတြ ထည့္သြင္းဖန္တီးထားတဲ့ ဂိမ္းေကာင္းတစ္ခုပါ။ ကြန္ပ်ဴတာ တစ္လံုးရွိ႐ံုနဲ႔ ကစားႏိုင္ၿပီမို႔ 2D ႐ုပ္ထြက္နဲ႔ ဂိမ္းေလးတစ္ခုကိုစမ္း ကစားၾကည့္ဖုိ႔ တိုက္တြန္းပါရေစ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

ဒီတစ်ပတ်မှာတော့ကွန်ပျူ တာစနစ်အစုံနဲ့ ကစားနိုင်မယ့် ရုပ် ထွက်ဆန်းဆန်း ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ ကတော့ Hollow Knight ပါ။ Wins စနစ်တစ်ခုတည်းတင်မ ဟုတ်ဘဲ Linux ရော Mac OS နဲ့ပါကစားနိုင်မှာပါ။ Console သမားတွေ အတွက်ကတော့ Nintendo Switch နဲ့ ကစားနိုင် မှာဖြစ်ပြီး နောက်ပိုင်း Xbox One အတွက် ဆက်လာဖို့ရှိတယ် လို့သိရပါတယ်။ အစဆုံး Wins စနစ်အတွက်က ဖေဖော်ဝါရီက တည်းကထွက်နေခဲ့ပြီး နောက် ပိုင်းဆက်တိုက် Platform စုံနဲ့ ကစားလာနိုင်တာလည်း ဖြစ်ပါတယ်။

Single အနေနဲ့ပဲ ကစားနိုင်မယ့် အခုဂိမ်းက 2D ရုပ်ထွက် နဲ့ပဲ ဖန်တီးထားတာပါ။ ရှေးခေတ်မြေ အောက်ကမ္ဘာကြီးထဲမှာ ဇာတ်ကောင်လေးကို အမည်ပေးမထားပေမယ့် သူကစစ်သည်တော် တစ်ဦးအနေနဲ့ ရန်သူတွေကို တိုက်ခိုက်ရမယ်။ ဇာတ်ကောင်စစ်သည် တော်လေးကလည်း ပိုးကောင်လေးတစ်ကောင်နဲ့ တူအောင်ဖန်တီးထားပြီး ရန်သူတွေကလည်း သူ့လို ပိုးကောင်ဆန်ဆန်ရုပ်ထွက်တွေနဲ့ ဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို ရထားတွေနဲ့ သွားလာနိုင်မယ်၊ Item တွေ စိတ်ကြိုက်စုပြီး မိမိစစ်သည်တော် လေးအစွမ်း ထက်လာအောင် အဆင့်မြှင့်ကစားရမယ်၊ သူ့မှာဓားနဲ့ တူတဲ့လက်သည်းတွေ ပါတယ်။

အဓိကတိုက်ခိုက်မှုကိုလက်သည်းနဲ့ပဲ တိုက်ခိုက်ကစားရတယ်ဆိုပေမယ့် ကန်ရတဲ့အကွက်တွေ၊ ရန်သူကို ခုန်နင်းရတဲ့ အကွက်တွေ ပါသုံးနိုင်ပါလိမ့်မယ်။ လူသားရုပ်ထွက် ဖန်တီးထားခြင်း မဟုတ်ပေမယ့် သွားလာကစားရမှုအားလုံးကတော့ လူသားအတိုင်းပါပဲ။ ခုန်တက်တာတွေ၊ သွားလာတာတွေ၊ တိုက်ခိုက်ဟန်တွေအားလုံး လူသားအတိုင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

အနီးကပ် တိုက်ခိုက်မှုတွေအတွက် ဓားနဲ့တူတဲ့ လက်သည်းတွေကိုသုံးပြီး တိုက်ခိုက်နိုင်မယ်။ Spell အသုံးပြုနိုင်မှုလည်း ထည့်ထားပြီး အဝေးကနေ တိုက်ခိုက်မှုတွေအတွက် Spellကို သုံးနိုင်မှာပါ။ အဆင့်တွေအောင်မြင်မှု များလာလေလေ Spell တွေ Unlock ဖြစ်လာမယ်။ ပိုကောင်းတဲ့ Spellတွေ သုံးနိုင်လာမှာပါ။ ဒီဂိမ်းမှာ ထူးခြားချက်တစ်ခုက အခန်း တစ်ခန်းမှာ ရန်သူကိုတွေ့ တိုင်း အောင်မြင်အောင် တိုက်ခိုက်ပြီးမှ တစ်ခန်းအောင်မှာ မဟုတ်ဘဲ မိမိလိုရာကို ရန်သူအားမတိိုက်ဘဲ ကျော်ဖြတ်သွားနိုင်ရင်လည်း တစ်ခန်း အောင်မြင်မှာပါ။ တိုက်ခိုက်ရတာ ဝါသနာပါရင် ရန်သူကိုနိုင်အောင်တိုက်ပြီး ကျော်ဖြတ်၊ ကစားကွက်ကိုဦးစား ပေးချင်ရင်တော့မိမိကို တိုက်ခိုက် နေတဲ့ရန်သူကို ရှောင်ပြီး ကျော်ဖြတ်သွားလာနိုင်မှာလည်း ဖြစ်ပါတယ်။ မြေအောက်ကမ္ဘာ ဖန်တီးထားမှုက အဆုံးမဲ့မဟုတ် ပေမယ့် ကျယ်ဝန်းပါတယ်၊ Map ကိုကြည့်ပြီး သွားလာရမယ်၊ တစ်ခန်းနဲ့ တစ်ခန်း Map ကွဲသွားသလို ရန်သူရော ပတ်ဝန်းကျင် အနေအထားတွေပါ ပြောင်းလဲသွားလို့ မရိုးရအောင် ကစားရမယ့်ဂိမ်းပါပဲ။ ပြီးတော့ မြေပုံတစ်ဆင့် အောင်သွားလို့ အခြားအခန်းသစ် မြေပုံကိုရောက်တာနဲ့ မြေပုံတစ်ခုလုံးမတွေ့ရသေးပဲ အခန်းသေးတွေအောင်မြင် လာမှုနဲ့အတူမှ တဖြည်းဖြည်း မြေပုံသစ်က ရုပ်လုံးပေါ်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ မြေပုံ ရုပ်လုံးပေါ်လာဖို့ Item တွေလည်း ဝယ်စုရပါလိမ့်မယ်။ မိမိဘယ်နေရာမှာ ရောက်နေတယ် ဆိုတာသိရဖို့လည်း Item သပ်သပ် ဝယ်ထားမှရမှာပါ။ ရုပ်ထွက်က ကလေးဆန်လို့ Hollow Knight ကို လျော့တွက်လို့တော့ မရပါဘူး။ လွယ်မလိုနဲ့ ခက်ခဲ့တဲ့စိ်န်ခေါ်မှုတွေ ထည့်သွင်းဖန်တီးထားတဲ့ ဂိမ်းကောင်းတစ်ခုပါ။ ကွန်ပျူတာ တစ်လုံးရှိရုံနဲ့ ကစားနိုင်ပြီမို့ 2D ရုပ်ထွက်နဲ့ ဂိမ်းလေးတစ်ခုကိုစမ်း ကစားကြည့်ဖို့ တိုက်တွန်းပါရစေ။

-သက်နိုင်ဦး (UCSL)