GTA Online’ မှာလိမ်လည်လှည့်ဖျားကစားသူကို ထိခိုက်ဆုံးရှုံးမှုများအတွက် ဒေါ်လာ ၁၅၀,၀၀၀ ပေးချေရန် အမိန့်ချထား

[Zawgyi]

ဂိမ်းထုတ်လုပ်သူတွေဟာ ဂိမ်းကို လိမ်လည်ကစားသူတွေကို အရေးယူဖို့ ဥပဒေရေးရာကို အသုံးပြုနေကြပါတယ်။ အခုဆိုရင် ဖလော်ရီဒါမှာနေထိုင်သူ ဂျော်နီပီရက်ဇ်ဟာ GTA Online အတွက် Elusive tool ကို ဖန်တီးဝေမျှခဲ့တဲ့အတွက် အပျက်အစီးတွေကြောင့် ဒေါ်လာ ၁၅၀,၀၀၀ ပေးဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ အခြားသူတွေကို ရောင်းချခဲ့တဲ့ အဲဒီ tool ကို GTA Online ဂိမ်းအတွင်းမှာ အသုံးပြုလိုက်ရင် ငွေကြေးများစွာရရှိပြီး အခြား cheat ပြုလုပ်ခွင့်လည်း ရရှိလာမှာပါ။ ပီရက်ဇ်ဟာ Take-Two Interactive ရဲ့မူပိုင်ခွင့်၊ ဂိမ်းအတွင်းက မျှခြေတို့ ချိုးဖောက်ခဲ့ပြီး in-game purchase ကိုပစ်ပယ်ကာ ရိုးသားစွာကစားသူတွေအတွက် ခါးသီးတဲ့အ တွေ့အကြုံကို ပေးခဲ့ပါတယ်။

ပီရက်ဇ်ကို Take-Two ကဆက်သွယ်အပြီး၂၀၁၈ ခုနှစ်မှာ Elusive ကိုဖြုတ်ချခဲ့ကာ ရောင်းရငွေကို လှူဒါန်းသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ tool ကနေငွေကြေး ဘယ်လောက်ရရှိလဲဆိုတဲ့ ဘဏ္ဍာရေးအချက်အလက်ကို မပေးခဲ့ပါဘူး။ Take-Two အနေနဲ့ ပီရက်ဇ်ဆီက တုံ့ပြန်မှု မရရှိတဲ့အခါမှာ တရားစွဲဆိုမှုကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဂိမ်းထုတ်လုပ်သူတွေရဲ့ အနိုင်ကျင့်တဲ့ တရားစွဲဆိုမှုတွေ၊ ကော်မရှင်မရတော့တဲ့ လှည့်စားသူ developer တွေပြုလုပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ချဲ့ကားမှုတွေရှိကာ အခြားသူတွေကို လှည့်ဖျားခဲ့တယ်လို့ ဝေဖန်သူတွေက ထောက်ပြခဲ့ကြပါတယ်။
စိုးထက်
Ref: Engadget

[Unicode]

တရုတ်ကုမ္ပဏီ Tencent ဟာ Reddit မှာဒေါ်လာသန်း ၁၅၀ရင်းနှီးမြှုပ်နှံမယ့် သတင်းကြောင့် Reddit သုံးစွဲသူဟာ ဆင်ဆာအရေးနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ကြပြီး Winnie the Pooh ကာတွန်းဇာတ်ကောင်နဲ့ တီအန်မင်ရင်ပြင် ဓာတ်ပုံတွေများစွာကို ဝေမျှခဲ့ကြပါတယ်။

Tencent ဟာ Reddit ရဲ့လုပ်ငန်းပိုင်းတွေကို ထောက်ပံ့ဖို့ ဒေါ်လာသန်း ၃၀၀ အထိ မတည်မယ့်အစီအစဉ်ရှိတယ်လို့ TechCrunch ကဖော်ပြခဲ့ပါတယ်။ Reddit ကိုသုံးစွဲသူ သန်း ၃၃၀ရှိပြီး အင်တာနက်ရဲ့ ရှေ့မျက်နှာဖုံးလို့ ခေါ်ဆိုကြပါတယ်။ တရုတ်ပြည်မှာတော့ ဆင်ဆာပြုလုပ်ထားတာကြောင့် Reddit ကိုအသုံးမပြုနိုင်ပါဘူး။

Tencent က Reddit မှာရင်းနှီးမြှုပ်နှံမယ့်သတင်းနဲ့ပတ်သက်ပြီး Reddit သုံးစွဲသူတွေက r/pics ဆိုတဲ့ group တစ်ခုမှာ အမျိုးမျိုး တု့ံပြန်ပြောဆိုနေပါတယ်။ အဲဒီ group ကိုလူပေါင်းသန်း ၂၀က subscribe ပြုလုပ် ထားကြပါတယ်။ သုံးစွဲသူတွေက Reddit ရဲ့လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်ကြပြီး တရုတ်နိုင်ငံ အတွင်းမှာ ဆင်ဆာလုပ်ထားတဲ့ Reddit ဝက်ဘ်ဆိုက်ကို မြင်တွေ့နိုင်တယ်လို့ တု့ံပြန်ပြောဆိုလာခဲ့ပါတယ်။ တရုတ်ပြည်အစိုးရဟာ နိုင်ငံတွင်းမှာ တီအန်မင်အရေးအခင်းနဲ့သက်ဆိုင်တဲ့ဓာတ်ပုံတွေအပြင် ဒစ်စနေဝက်ဝံရုပ်တွေ ရည်ညွှန်းမှုကိုလည်း ပိတ်ပင်ထားပါတယ်။

Reddit သုံးစွဲသူတွေက အဲဒီသတင်းနဲ့ပတ်သက်ပြီး ဝေဖန်တဲ့ ဆွေးနွေးမှုတွေနဲ့ meme တွေကိုလည်း တင်ခဲ့ပါတယ်။ သုံးစွဲသူတွေက အခုရင်းနှီးမြှုပ်နှံမှုက တရုတ်ပြည်ပြင်ပက လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်နိုင်မယ်လို့ တုံ့ပြန်ခဲ့ကြ ပါတယ်။

စိုးထက်
Ref: Time