August 19, 2018

Google Wallpaper ကိုသုံးၿပီး ဖုန္းမွာအလိုအေလ်ာက္ Wallpaper ေတြခ်ိန္းေအာင္ ဘယ္လိုလုပ္မလဲ

[ Zawgyi ]

Google ရဲ႕ Wallpaper app က တကယ့္ကို ေကာင္းမြန္လွပတဲ့ ဓာတ္ပုံေတြကို Wallpaper အေနနဲ႔ အသုံးျပဳႏုိင္ပါတယ္။ ပန္းခ်ီ၊ ႐ႈ႕ခင္း၊ ၿမိဳ႕၊ ဘဝ၊ ေျမကမၻာစတဲ့ အမ်ဳိးအစား စုံလင္လွတဲ့ က႑အလုိက္ပုံaတြကို အသုံးျပဳႏုိင္ေအာင္ ဖန္တီးထားပါတယ္။ အဲလိုက႑စုံလွတဲ့ ပုံေတြကို ေန႔စဥ္ ဖုန္းမွာအလိုအေလ်ာက္ ခ်ိန္းေပးမွာျဖစ္ၿပီး ေနာက္ဆုံးေပၚ Wallpaper ေတြကို ခ်ိန္းေပးမွာလည္း ျဖစ္ပါတယ္။ အြန္ လုိင္းအေျချပဳ App ျဖစ္တဲ့အတြက္ App သုံးရင္ေတာ့ ဖုန္းက အြန္လုိင္းခ်ိတ္ထားရမွာ ျဖစ္ပါတယ္။

အရင္ဆုံးဖုန္းထဲကို Google wallpapers app ကို ထည့္ဖို႔အ တြက္ PlayStore ကေန Google Wallpapers App ကို Install လုပ္ပါ။

ၿပီးရင္ေတာ့ Open ကို ႏွိပ္ၿပီး ဖြင့္လိုက္ပါ။ ဒါဆိုရင္ေတာ့ ေအာက္ကပုံအတုိင္း ပြင့္လာမွာျဖစ္ပါတယ္။ Select wallpaper ကို ႏွိပ္လုိက္ပါ။

ၿပီးရင္ေတာ့ က႑ေရြးခုိင္း ပါလိမ့္မယ္။ မိမိသေဘာက်တဲ့ က႑ကိုေရြးပါ။

ေအာက္ကပုံအတုိင္း ေပၚလာရင္ေတာ့ Daily wallpaper ကို ေရြးေပးလိုက္ပါ။

ပုံေတြကို Wi-Fi အင္တာနက္ကိုသာသုံးၿပီး Download လုပ္ မလား၊ မုိဘုိင္းအင္တာနက္ကိုပဲ သုံးမလားဆိုၿပီး ေမးတဲ့ေဘာက္တစ္ခု တက္လာပါမယ္။ ကိုယ့္အေနနဲ႔ Wi-Fi မိမွာ ပုံအသစ္ကို Download လုပ္ၿပီးခ်ိန္းေစခ်င္တယ္ဆိုရင္ေတာ့ ေဘာက္ထဲက စာသားေဘးနားက အကြက္ေလးကို အမွန္ခ်စ္ေလးလုပ္ေပးလိုက္ပါ။ အဲလိုမလုပ္ေပးထားဘူး ဆိုရင္ေတာ့ဖုန္းက မိုဘုိင္းအင္တာနက္ ဖြင့္သုံးတုိင္း Wallpaper သစ္ကို Download လုပ္ေနမွာျဖစ္ပါတယ္။

ၿပီးရင္ေတာ့ OK ႏွိပ္လိုက္ပါ။ ဒါဆိုရင္ေတာ့ App ကေန ဖုန္းမွာ Wallpaper ကို အလိုအေလ်ာက္ ေျပာင္းလိုက္မွာပဲ ျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ ဖုန္းမွာေန႔စဥ္ ေနာက္ဆုံးေပၚ Wallpaper ေတြကို အလိုအေလ်ာက္ ခ်ိန္းေပးေနမွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

===============

[ Unicode ]

Google Wallpaper ကိုသုံးပြီး ဖုန်းမှာအလိုအလျောက် Wallpaper တွေချိန်းအောင် ဘယ်လိုလုပ်မလဲ

===============

Google ရဲ့ Wallpaper app က တကယ့်ကို ကောင်းမွန်လှပတဲ့ ဓာတ်ပုံတွေကို Wallpaper အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ပန်းချီ၊ ရှု့ခင်း၊
မြို့၊ ဘဝ၊ မြေကမ္ဘာစတဲ့ အမျိုးအစား စုံလင်လှတဲ့ ကဏ္ဍအလိုက်ပုံaတွကို အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ အဲလိုကဏ္ဍစုံလှတဲ့ ပုံတွေကို နေ့စဉ် ဖုန်းမှာအလိုအလျောက် ချိန်းပေးမှာဖြစ်ပြီး နောက်ဆုံးပေါ် Wallpaper တွေကို ချိန်းပေးမှာလည်း ဖြစ်ပါတယ်။ အွန် လိုင်းအခြေပြု App ဖြစ်တဲ့အတွက် App သုံးရင်တော့ ဖုန်းက အွန်လိုင်းချိတ်ထားရမှာ ဖြစ်ပါတယ်။

အရင်ဆုံးဖုန်းထဲကို Google wallpapers app ကို ထည့်ဖို့အ တွက် PlayStore ကနေ Google Wallpapers Apa ကို Install လုပ်ပါ။

ပြီးရင်တော့ Open ကို နှိပ်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ အောက်ကပုံအတိုင်း ပွင့်လာမှာဖြစ်ပါတယ်။ Select wallpaper ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ ကဏ္ဍရွေးခိုင်း ပါလိမ့်မယ်။ မိမိသဘောကျတဲ့ ကဏ္ဍကိုရွေးပါ။

အောက်ကပုံအတိုင်း ပေါ်လာရင်တော့ Daily wallpaper ကို ရွေးပေးလိုက်ပါ။

ပုံတွေကို Wi-Fi အင်တာနက်ကိုသာသုံးပြီး Download လုပ် မလား၊ မိုဘိုင်းအင်တာနက်ကိုပဲ သုံးမလားဆိုပြီး မေးတဲ့ဘောက်တစ်ခု တက်လာပါမယ်။ ကိုယ့်အနေနဲ့ Wi-Fi မိမှာ ပုံအသစ်ကို Download လုပ်ပြီးချိန်းစေချင်တယ်ဆိုရင်တော့ ဘောက်ထဲက စာသားဘေးနားက အကွက်လေးကို အမှန်ချစ်လေးလုပ်ပေးလိုက်ပါ။ အဲလိုမလုပ်ပေးထားဘူး ဆိုရင်တော့ဖုန်းက မိုဘိုင်းအင်တာနက် ဖွင့်သုံးတိုင်း Wallpaper သစ်ကို Download လုပ်နေမှာဖြစ်ပါတယ်။

ပြီးရင်တော့ OK နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ App ကနေ ဖုန်းမှာ Wallpaper ကို အလိုအလျောက် ပြောင်းလိုက်မှာပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဖုန်းမှာနေ့စဉ် နောက်ဆုံးပေါ် Wallpaper တွေကို အလိုအလျောက် ချိန်းပေးနေမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း