Google Pixel Slate

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၉၉၉

အားသာခ်က္

ဆြဲေဆာင္မႈအျပည့္ရွိတဲ့ဒီဇိုင္း၊ ၾကည္လင္ျပတ္သားၿပီး ႐ုပ္ထြက္ကာလာပိုင္းေကာင္းမြန္တဲ့ screen နဲ႔ ေထာင့္ေပါင္းစုံကေန အသုံးျပဳ႐ိုက္ကူးရတာေကာင္း မြန္လွတဲ့အျပင္ သက္ေသာင့္ သက္သာရွိလွတဲ့ ျဖဳတ္တပ္သုံးႏိုင္တဲ့ ကီးဘုတ္ေတြက သေဘာက်စရာပါ။ လက္နဲ႔ေရးျခစ္တာအတြက္ ျမန္ဆန္ေကာင္းမြန္စြာ တုံ႔ျပန္မႈရွိတဲ့ Touch recognition မ်က္ႏွာျပင္နဲ႔ အသံထြက္ပုိင္းေကာင္းမြန္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး ဘက္ထရီနဲ႔ ၁ဝ နာရီဝန္းက်င္ခန္႔ အသုံးျပဳႏိုင္တာကလည္း ေက်နပ္စရာပါ။

အားနည္းခ်က္

Bluetooth ခ်ိတ္ဆက္အသုံးျပဳမႈ အပိုင္းမွာေတာ့ အနည္းငယ္ အားနည္းတယ္ဆိုရမွာျဖစ္ၿပီး Chrome OS ေပၚမွာ Android App ေတြ အသုံးျပဳႏိုင္မႈကေတာ့ တျခား Chromebook ေတြနဲ႔ သိပ္အမ်ားႀကီး မကြာျခားလွေသးတဲ့အတြက္ ဆက္လက္ေစာင့္ၾကည့္ရမယ့္ အေနအထားျဖစ္ပါတယ္။ ေနာက္တစ္ခုက ေစ်းအနည္းငယ္ႀကီးတယ္လို႔ ခံစားရပါတယ္။

သုံးသပ္ခ်က္

Google Pixel Slate က Google အေနနဲ႔ အေသးစား ျပင္ဆင္မႈေတြ လုပ္လိုက္မယ္ဆိုရင္ေတာ့ အထူးေကာင္းမြန္လွတဲ့ 2-in-1 အမ်ဳိးအစား laptop တစ္လုံးျဖစ္လာမွာပါ။ ဒီ Laptop က Google ကေန ကိုယ္တုိင္ဖန္တီးထားတဲ့ Chromebook ျဖစ္ပါတယ္။ ေစ်းႏႈန္းအားျဖင့္ ေစ်းႀကီးေပမယ့္ တကယ့္ဆြဲေဆာင္မႈ အျပည့္ရွိတဲ့ laptop တစ္လုံးဆိုတာကေတာ့ ျမင္တာနဲ႔ သိႏုိင္ေလာက္ေအာင္ ဒီဇိုင္းပိုင္းေကာင္းမြန္လွပါတယ္။ ကီးဘုတ္ကာဗာအတြက္ကေတာ့ ကန္ေဒၚလာ ၁၉၉ ထပ္မံကုန္က်မွာျဖစ္ၿပီး Pixelbook Pen အတြက္ကလည္း ကန္ေဒၚလာ ၉၉ ကုန္က်မွာျဖစ္ပါတယ္။ Android app ေတြ ေကာင္းေကာင္း အသုံးျပဳႏိုင္ဖို႔အတြက္ Google အေနနဲ႔ ဘယ္လိုမ်ဳိး ျပင္ဆင္သြားမလဲ မသိႏိုင္ေသးေပမယ့္ သူ႔ရဲ႕ အရည္အေသြးပိုင္း ျမင့္မားလွတဲ့ အသံထြက္နဲ႔ ႐ုပ္ထြက္အရည္အေသြးေတြက သေဘာက်စရာပါ။ ဒါေပမဲ့ သူနဲ႔ေစ်းႏႈန္းသိပ္မကြာလွတဲ့ Ultraportable laptop တစ္လုံးျဖစ္တဲ့ Surface Pro 6 နဲ႔ ယွဥ္မယ္ဆုိရင္ေတာ့ Google အေနနဲ႔ ဒီထက္ပိုမိုေကာင္းမြန္ေအာင္ ျပင္ဆင္ေဆာင္ရြက္သင့္တယ္လို႔ ျမင္ပါတယ္။ အဲလိုမ်ဳိးသာ ျပင္ဆင္လိုက္မယ္ဆိုရင္ေတာ့ ဒီ Latop က တကယ့္ကို ေစ်းကြက္မွာ ထိပ္တန္းစာရင္းဝင္ laptop တစ္လုံးျဖစ္လာမယ္လို႔ ထင္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၂.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 3000×2000 pixel ထိ ေထာက္ပံ့ေပးႏုိင္္တဲ့ Touch-screen ျဖစ္ပါတယ္။ 8th Gen Intel Core i5-8200Y processor ကို အသုံးျပဳထား ၿပီး RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 128GB ရွိမွာျဖစ္ပါတယ္။ ေရွ႕ေနာက္ကင္မရာေတြက 8-megapixel အမ်ဳိးအစားကို အသုံးျပဳထားၿပီး ဓာတ္ပုံကို အရည္အေသြးေကာင္းေကာင္းနဲ႔ ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။ Touchpad ရဲ႕အရြယ္ အစားက ၄.၀ x ၂.၈ လက္မ ရွိပါတယ္။ Wi-Fi 802.11ac (2×2 MIMO) ၊ Bluetotoh 4.2 စနစ္ေတြ ေထာက္ပံ့ပါဝင္ၿပီး USB Type C ေပါက္၊ USB ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၅၁ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၃ ကီလိုဂရမ္ (၂.၉ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၉၉၉

အားသာချက်

ဆွဲဆောင်မှုအပြည့်ရှိတဲ့ဒီဇိုင်း၊ ကြည်လင်ပြတ်သားပြီး ရုပ်ထွက်ကာလာပိုင်းကောင်းမွန်တဲ့ screen နဲ့ ထောင့်ပေါင်းစုံကနေ အသုံးပြုရိုက်ကူးရတာကောင်း မွန်လှတဲ့အပြင် သက်သောင့် သက်သာရှိလှတဲ့ ဖြုတ်တပ်သုံးနိုင်တဲ့ ကီးဘုတ်တွေက သဘောကျစရာပါ။ လက်နဲ့ရေးခြစ်တာအတွက် မြန်ဆန်ကောင်းမွန်စွာ တုံ့ပြန်မှုရှိတဲ့ Touch recognition မျက်နှာပြင်နဲ့ အသံထွက်ပိုင်းကောင်းမွန်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဘက်ထရီနဲ့ ၁ဝ နာရီဝန်းကျင်ခန့် အသုံးပြုနိုင်တာကလည်း ကျေနပ်စရာပါ။

အားနည်းချက်

Bluetooth ချိတ်ဆက်အသုံးပြုမှု အပိုင်းမှာတော့ အနည်းငယ် အားနည်းတယ်ဆိုရမှာဖြစ်ပြီး Chrome OS ပေါ်မှာ Android App တွေ အသုံးပြုနိုင်မှုကတော့ တခြား Chromebook တွေနဲ့ သိပ်အများကြီး မကွာခြားလှသေးတဲ့အတွက် ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ နောက်တစ်ခုက စျေးအနည်းငယ်ကြီးတယ်လို့ ခံစားရပါတယ်။

သုံးသပ်ချက်

Google Pixel Slate က Google အနေနဲ့ အသေးစား ပြင်ဆင်မှုတွေ လုပ်လိုက်မယ်ဆိုရင်တော့ အထူးကောင်းမွန်လှတဲ့ 2-in-1 အမျိုးအစား laptop တစ်လုံးဖြစ်လာမှာပါ။ ဒီ Laptop က Google ကနေ ကိုယ်တိုင်ဖန်တီးထားတဲ့ Chromebook ဖြစ်ပါတယ်။ စျေးနှုန်းအားဖြင့် စျေးကြီးပေမယ့် တကယ့်ဆွဲဆောင်မှု အပြည့်ရှိတဲ့ laptop တစ်လုံးဆိုတာကတော့ မြင်တာနဲ့ သိနိုင်လောက်အောင် ဒီဇိုင်းပိုင်းကောင်းမွန်လှပါတယ်။ ကီးဘုတ်ကာဗာအတွက်ကတော့ ကန်ဒေါ်လာ ၁၉၉ ထပ်မံကုန်ကျမှာဖြစ်ပြီး Pixelbook Pen အတွက်ကလည်း ကန်ဒေါ်လာ ၉၉ ကုန်ကျမှာဖြစ်ပါတယ်။ Android app တွေ ကောင်းကောင်း အသုံးပြုနိုင်ဖို့အတွက် Google အနေနဲ့ ဘယ်လိုမျိုး ပြင်ဆင်သွားမလဲ မသိနိုင်သေးပေမယ့် သူ့ရဲ့ အရည်အသွေးပိုင်း မြင့်မားလှတဲ့ အသံထွက်နဲ့ ရုပ်ထွက်အရည်အသွေးတွေက သဘောကျစရာပါ။ ဒါပေမဲ့ သူနဲ့စျေးနှုန်းသိပ်မကွာလှတဲ့ Ultraportable laptop တစ်လုံးဖြစ်တဲ့ Surface Pro 6 နဲ့ ယှဉ်မယ်ဆိုရင်တော့ Google အနေနဲ့ ဒီထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ အဲလိုမျိုးသာ ပြင်ဆင်လိုက်မယ်ဆိုရင်တော့ ဒီ Latop က တကယ့်ကို စျေးကွက်မှာ ထိပ်တန်းစာရင်းဝင် laptop တစ်လုံးဖြစ်လာမယ်လို့ ထင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၂.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 3000×2000 pixel ထိ ထောက်ပံ့ပေးနိုင််တဲ့ Touch-screen ဖြစ်ပါတယ်။ 8th Gen Intel Core i5-8200Y processor ကို အသုံးပြုထား ပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ရှိမှာဖြစ်ပါတယ်။ ရှေ့နောက်ကင်မရာတွေက 8-megapixel အမျိုးအစားကို အသုံးပြုထားပြီး ဓာတ်ပုံကို အရည်အသွေးကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Touchpad ရဲ့အရွယ် အစားက ၄.၀ x ၂.၈ လက်မ ရှိပါတယ်။ Wi-Fi 802.11ac (2×2 MIMO) ၊ Bluetotoh 4.2 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး USB Type C ပေါက်၊ USB ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၅၁ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၉ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com