Google Pixel 3a

[ Zawgyi ]

Price : ကန္ေဒၚလာ ၃၉၉

အားသာခ်က္

တန္ဖိုးႀကီး စမတ္ဖုန္းျဖစ္တဲ့ Pixel က လူတုိင္းအတြက္ သင့္ တင့္မွ်တတဲ့ ေစ်းႏႈန္းနဲ႔ ေရာင္းခ် ေပးထားပါတယ္။ Pixel 3 ထက္ ေစ်းသက္သာသလို Grate-A အဆင့္ကင္မရာက Lowlight ႐ိုက္ကူးမႈမွာ Pixel 3 လိုမ်ဳိး ေကာင္းမြန္လွသလို time-lapse ဗီဒီယုိေတြိကိုလည္း႐ိုက္ ကူးႏုိင္တာ ဒီဖုန္းရဲ႕ အားသာ ခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

သိုေလွာင္ႏုိင္မႈက 64 GB ပဲပါ၀င္သလို microSD ကတ္ ေပါက္မပါ၀င္တာက ဒီဖုန္းရဲ႕ အားနည္းခ်က္လို႔ဆိုရမွာျဖစ္ပါ တယ္။ Pixel 3A ဖုန္းကိုင္ေဆာင္ သူေတြအေနနဲ႔ Google Photos မွာ အကန္႔အသတ္မရွိတဲ့ ဓာတ္ပုံေတြ ကို သိမ္းဆည္းႏုိင္မွာျဖစ္ေပမယ့္ ေအာ္ရီဂ်င္နယ္အတုိင္း သိမ္း ဆည္းႏုိင္မွာမဟုတ္ဘဲ ခ်ဳံ႕ထားတဲ့ resolution ျမင့္ပုံေတြအေနနဲ႔ သာ သိမ္းဆည္းႏုိင္မွာျဖစ္ပါတယ္။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

Pixel 3a ကိုယ္ထည္ ဒီ ဇုိင္းပိုင္းက Pixel 3 နဲ႔ တူတယ္ လို႔ဆိုရမွာပါ။ လုံး၀န္းတဲ့ ေထာင့္ စြန္းေတြအျပင္လက္ေဗြစနစ္၊ ေရွ႕ ဘက္နဲ႔ ေနာက္ဘက္ကင္မရာတပ္ ဆင္ အသုံးျပဳထားပုံလည္းတူပါ တယ္။ ဒါ့အျပင္ ပါ၀ါနဲ႔ အသံတိုး က်ယ္ခလုတ္ေတြ တပ္ဆင္ထား ပုံကလည္း Pixel 3 လိုမ်ဳိး ညာ ဘက္ေဘးေဘာင္ထဲမွာပါ။ မ တူတာက Pixel မွာပါ၀င္တဲ့ ဖုန္းရဲ႕ ကိုယ္ထည္ကို ညစ္လိုက္ ရင္ Google Assistant ကို အသုံးျပဳႏုိင္တဲ့ လုပ္ေဆာင္ ခ်က္ မ်ဳိးေတာ့ ဒီဖုန္းမွာ မပါ၀င္ပါဘူး။

၅.၆ လက္မရွိတဲ့ OLED display မ်က္ႏွာျပင္က 1080 × 2220 pixel ထိေထာက္ပံ့ေပးႏုိင္ ပါတယ္။ ဖုန္းကိုယ္ထည္မွာျမင္ ကြင္းပါဝင္မႈရာခုိင္ႏႈန္းက ေတာ့ ၇၅ ရာခုိင္ႏႈန္းရွိၿပီး Screen ရဲ႕ aspect ratio က 18.5:9 ရွိတဲ့ မ်က္ႏွာျပင္ျဖစ္ပါတယ္။ ကိုယ္ထည္အရြယ္အစားပိုင္းက Pixel 3 ထက္ အနည္းငယ္ပိုႀကီး ၿပီး ၁၄၈ ဂရမ္ကလည္း Pixel 3 ထက္ ပိုမို ေပါ့ပါးမႈရွိတယ္လို႔ ဆိုရမွာ ျဖစ္ေပမယ့္ ပလတ္စတစ္ ကိုယ္ထည္ က ကိုင္ရတာ ပရီမီယံ ဆန္တယ္ ခံစားမႈမ်ဳိးေတာ့ မခံစား ရပါဘူး။

စြမ္းေဆာင္ရည္

အျမန္ႏႈန္း 1.7 GHz ရွိတဲ့ Qualcomm Snapdragon 670 Octa-core processor ကို ဒီဖုန္းမွာအသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB နဲ႔ သိုေလွာင္ႏုိင္ မႈပမာဏ 64GB ပါဝင္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ Adreno 615 GPU ေထာက္ ပံ့ပါဝင္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္ သလိုစပီကာပိုင္းက အသံထြက္ က်ယ္ေလာင္မႈရွိပါတယ္။ Android 9.0 (Pie) အသုံးျပဳထား ၿပီးဒီဖုန္းမွာ Pixel 3 ရဲ႕ အသုံး ၀င္လွတဲ့ လုပ္ေဆာင္ခ်က္ေတြ မ်ားစြာ ေထာက္ပံ့ပါ၀င္ပါတယ္။

ကင္မရာ

ေက်ာဘက္မွာ Apeature f/1.8 ရွိတဲ့ အမ်ဳိးအစား 12.2MP ကင္မရာကို တပ္ဆင္ထားၿပီးေရွ႕ ဘက္ကေတာ့ Apeature f/2.0 ရွိတဲ့ 8MP ကင္မရာကိုအသုံးျပဳ ထားတာျဖစ္ပါတယ္။ေရွ႕ဘက္ ကင္မရာကေတာ့ Pixel 3 လိုမ်ဳိး Wide-angle selfie ပုံေတာ့ ႐ိုက္ကူးႏုိင္မွာ မဟုတ္ ေပမယ့္ ကင္မရာစနစ္ရဲ႕ Image processing လုပ္ ေဆာင္ခ်က္ ကေတာ့ ေတာ္ေတာ္ေလးေကာင္း မြန္လွပါတယ္။

ေန႔ဘက္႐ိုက္ကူးမႈက ေကာင္းမြန္လွတဲ့ ႐ုပ္ထြက္အရည္ အေသြးရွိတဲ့အျပင္ ညပိုင္း႐ိုက္ ကူးမႈ Lowlight အေျခအေနမွာ လည္း Pixel 3 လိုမ်ဳိး ေကာင္း မြန္လွပါတယ္။ေရွ႕ဘက္ကင္မရာ ရဲ႕ bokeh စနစ္က ေနာက္ခံ၀ါး ထားတဲ့ပုံအျပင္ကို မပါ၀င္တဲ့ ပုံတစ္ပုံကိုပါ အလိုအေလ်ာက္ သိမ္းဆည္းေပးမွာျဖစ္ပါတယ္။ 30fps ဗီဒီယုိကို 2160p အရည္ အေသြးနဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္ၿပီး ကင္မရာစနစ္မွာ OIS၊ Dual Pixel PDAF၊ Dual LED flash ၊ HDR နဲ႔ Panorama စနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။

ဘက္ထရီ

Li-Po 3000mAh ပမာဏ ဘက္ထရီက Airplane mode နဲ႔ ဗီဒီယုိအဆက္မျပတ္ၾကည့္႐ႈမႈကုိ ၁၆ နာရီနဲ႔ ၃၅ မိနစ္၀န္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒီပမာ ဏက mid-range ထဲမွာဆိုရင္ ေတာ့ ေတာ္ေတာ္ေလးၾကာၾကာ အသုံးျပဳႏိုင္တဲ့ ဘက္ထရီလို႔ဆိုရ မွာျဖစ္တဲ့အျပင္ တစ္ေန႔တာအ တြက္လုံေလာက္မႈ ရွိတယ္လို႔ဆို ရမွာျဖစ္ၿပီး ဘက္ထရီ စနစ္အ တြက္ 18W Fast Charging အားသြင္းျမန္ဆန္တဲ့ စနစ္ ေထာက္ ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

Google Pixel 3a က သူ႔ အရင္ထြက္ခဲ့တဲ့ Pixel 3 ထက္ ေတာ္ေတာ္ေလး ေစ်းသက္သာတဲ့ ဖုန္းလို႔ဆိုရမွာပါ။ သူ႔ရဲ႕ေစ်းအရ ကင္မရာပိုင္းေကာင္းမြန္တဲ့ဖုန္း တစ္လုံးျဖစ္ၿပီး ျမန္ဆန္တဲ့ စြမ္းေဆာင္ရည္ရွိတဲ့ Mid-range ဖုန္းတစ္လုံးျဖစ္ပါတယ္။ Spec ပိုင္းမွာ Pixel 3 ထက္ ေလွ်ာ့ခ် တာတာေတြ႔ရသလို သူ႔မွာသုံး ထားတဲ့ကိုယ္ထည္ရဲ႕ဒီဇုိင္းအရ ဖုန္းကိုကိုင္ရတာပရီမီယံဖုန္းကို ကိုင္ရသလိုမ်ဳိး မခံစားရပါဘူး။ မွတ္ဥာဏ္ပိုင္း အလြယ္တကူ တိုးျမႇင့္အသုံးမျပဳႏုိင္တာကလြဲရင္ စြမ္းေဆာင္ရည္ျမင့္မားၿပီးသူ႔မွာ အသုံးျပဳထားတဲ့ Spec နဲ႔ တစ္ ျခားသူ႔နဲ႔ ေစ်းႏႈန္းတူထဲမွာမေတြ႕ရ ႏုိင္တဲ့အသုံး၀င္လွတဲ့ Pixel 3 ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ေထာက္ ပံ့ပါ၀င္လာတာက အထင္ႀကီး စရာေကာင္းတဲ့ တန္ဖိုးသင့္ Mid-range ဖုန္းတစ္လုံးလို႔ သုံး သပ္ရမွာျဖစ္ပါ တယ္။ 

GSM 4G LTE
SIM Nano-SIM
Display OLED capacitive touchscreen, 5.6 inches (18.5:9 ratio)
CPU  Qualcomm SDM670 Snapdragon 670 (10 nm)
GPU Adreno 615
Camera 12.2 MP, f/1.8, OIS, dual pixel PDAF, LED flash, HDR, panorama; Front 8 MP, f/2.0
OS
Android 9.0 (Pie)
Battery Non-removable Li-Po 3000 mAh
Internal 64 GB; RAM 4 GB, no Card slot
Others Fingerprint (rear-mounted), Fast battery charging (18W), Wi-Fi 802.11 b/g/n/ac, Bluetooth 5.0, NFC, Type-C 1.0
Display
Performance
Camera
Battery
Hand on
Over all

-ရဲထြဋ္ဝင္း

[ Unicode ]

Price : ကန်ဒေါ်လာ ၃၉၉

အားသာချက်

တန်ဖိုးကြီး စမတ်ဖုန်းဖြစ်တဲ့ Pixel က လူတိုင်းအတွက် သင့် တင့်မျှတတဲ့ စျေးနှုန်းနဲ့ ရောင်းချ ပေးထားပါတယ်။ Pixel 3 ထက် စျေးသက်သာသလို Grate-A အဆင့်ကင်မရာက Lowlight ရိုက်ကူးမှုမှာ Pixel 3 လိုမျိုး ကောင်းမွန်လှသလို time-lapse ဗီဒီယိုတွေိကိုလည်းရိုက် ကူးနိုင်တာ ဒီဖုန်းရဲ့ အားသာ ချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

သိုလှောင်နိုင်မှုက 64 GB ပဲပါ၀င်သလို microSD ကတ် ပေါက်မပါ၀င်တာက ဒီဖုန်းရဲ့ အားနည်းချက်လို့ဆိုရမှာဖြစ်ပါ တယ်။ Pixel 3A ဖုန်းကိုင်ဆောင် သူတွေအနေနဲ့ Google Photos မှာ အကန့်အသတ်မရှိတဲ့ ဓာတ်ပုံတွေ ကို သိမ်းဆည်းနိုင်မှာဖြစ်ပေမယ့် အော်ရီဂျင်နယ်အတိုင်း သိမ်း ဆည်းနိုင်မှာမဟုတ်ဘဲ ချုံ့ထားတဲ့ resolution မြင့်ပုံတွေအနေနဲ့ သာ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

Pixel 3a ကိုယ်ထည် ဒီ ဇိုင်းပိုင်းက Pixel 3 နဲ့ တူတယ် လို့ဆိုရမှာပါ။ လုံးဝန်းတဲ့ ထောင့် စွန်းတွေအပြင်လက်ဗွေစနစ်၊ ရှေ့ ဘက်နဲ့ နောက်ဘက်ကင်မရာတပ် ဆင် အသုံးပြုထားပုံလည်းတူပါ တယ်။ ဒါ့အပြင် ပါ၀ါနဲ့ အသံတိုး ကျယ်ခလုတ်တွေ တပ်ဆင်ထား ပုံကလည်း Pixel 3 လိုမျိုး ညာ ဘက်ဘေးဘောင်ထဲမှာပါ။ မ တူတာက Pixel မှာပါ၀င်တဲ့ ဖုန်းရဲ့ ကိုယ်ထည်ကို ညစ်လိုက် ရင် Google Assistant ကို အသုံးပြုနိုင်တဲ့ လုပ်ဆောင် ချက် မျိုးတော့ ဒီဖုန်းမှာ မပါ၀င်ပါဘူး။

၅.၆ လက်မရှိတဲ့ OLED display မျက်နှာပြင်က 1080 × 2220 pixel ထိထောက်ပံ့ပေးနိုင် ပါတယ်။ ဖုန်းကိုယ်ထည်မှာမြင် ကွင်းပါဝင်မှုရာခိုင်နှုန်းက တော့ ရ၅ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio က 18.5:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ ကိုယ်ထည်အရွယ်အစားပိုင်းက Pixel 3 ထက် အနည်းငယ်ပိုကြီး ပြီး ၁၄၈ ဂရမ်ကလည်း Pixel 3 ထက် ပိုမို ပေါ့ပါးမှုရှိတယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် ပလတ်စတစ် ကိုယ်ထည် က ကိုင်ရတာ ပရီမီယံ ဆန်တယ် ခံစားမှုမျိုးတော့ မခံစား ရပါဘူး။

စွမ်းဆောင်ရည်

အမြန်နှုန်း 1.7 GHz ရှိတဲ့ Qualcomm Snapdragon 670 Octa-core processor ကို ဒီဖုန်းမှာအသုံးပြုထားပြီး RAM အနေနဲ့ 4GB နဲ့ သိုလှောင်နိုင် မှုပမာဏ 64GB ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 615 GPU ထောက် ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန် သလိုစပီကာပိုင်းက အသံထွက် ကျယ်လောင်မှုရှိပါတယ်။ Android 9.0 (Pie) အသုံးပြုထား ပြီးဒီဖုန်းမှာ Pixel 3 ရဲ့ အသုံး ၀င်လှတဲ့ လုပ်ဆောင်ချက်တွေ များစွာ ထောက်ပံ့ပါ၀င်ပါတယ်။

ကင်မရာ

ကျောဘက်မှာ Apeature f/1.8 ရှိတဲ့ အမျိုးအစား 12.2MP ကင်မရာကို တပ်ဆင်ထားပြီးရှေ့ ဘက်ကတော့ Apeature f/2.0 ရှိတဲ့ 8MP ကင်မရာကိုအသုံးပြု ထားတာဖြစ်ပါတယ်။ရှေ့ဘက် ကင်မရာကတော့ Pixel 3 လိုမျိုး Wide-angle selfie ပုံတော့ ရိုက်ကူးနိုင်မှာ မဟုတ် ပေမယ့် ကင်မရာစနစ်ရဲ့ Image processing လုပ် ဆောင်ချက် ကတော့ တော်တော်လေးကောင်း မွန်လှပါတယ်။

နေ့ဘက်ရိုက်ကူးမှုက ကောင်းမွန်လှတဲ့ ရုပ်ထွက်အရည် အသွေးရှိတဲ့အပြင် ညပိုင်းရိုက် ကူးမှု Lowlight အခြေအနေမှာ လည်း Pixel 3 လိုမျိုး ကောင်း မွန်လှပါတယ်။ရှေ့ဘက်ကင်မရာ ရဲ့ bokeh စနစ်က နောက်ခံဝါး ထားတဲ့ပုံအပြင်ကို မပါ၀င်တဲ့ ပုံတစ်ပုံကိုပါ အလိုအလျောက် သိမ်းဆည်းပေးမှာဖြစ်ပါတယ်။ 30fps ဗီဒီယိုကို 2160p အရည် အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ OIS၊ Dual Pixel PDAF၊ Dual LED flash ၊ HDR နဲ့ Panorama စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။

ဘက်ထရီ

Li-Po 3000mAh ပမာဏ ဘက်ထရီက Airplane mode နဲ့ ဗီဒီယိုအဆက်မပြတ်ကြည့်ရှုမှုကို ၁၆ နာရီနဲ့ ၃၅ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီပမာ ဏက mid-range ထဲမှာဆိုရင် တော့ တော်တော်လေးကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီလို့ဆိုရ မှာဖြစ်တဲ့အပြင် တစ်နေ့တာအ တွက်လုံလောက်မှု ရှိတယ်လို့ဆို ရမှာဖြစ်ပြီး ဘက်ထရီ စနစ်အ တွက် 18W Fast Charging အားသွင်းမြန်ဆန်တဲ့ စနစ် ထောက် ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

Google Pixel 3a က သူ့ အရင်ထွက်ခဲ့တဲ့ Pixel 3 ထက် တော်တော်လေး စျေးသက်သာတဲ့ ဖုန်းလို့ဆိုရမှာပါ။ သူ့ရဲ့စျေးအရ ကင်မရာပိုင်းကောင်းမွန်တဲ့ဖုန်း တစ်လုံးဖြစ်ပြီး မြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ Mid-range ဖုန်းတစ်လုံးဖြစ်ပါတယ်။ Spec ပိုင်းမှာ Pixel 3 ထက် လျှော့ချ တာတာတွေ့ရသလို သူ့မှာသုံး ထားတဲ့ကိုယ်ထည်ရဲ့ဒီဇိုင်းအရ ဖုန်းကိုကိုင်ရတာပရီမီယံဖုန်းကို ကိုင်ရသလိုမျိုး မခံစားရပါဘူး။ မှတ်ဉာဏ်ပိုင်း အလွယ်တကူ တိုးမြှင့်အသုံးမပြုနိုင်တာကလွဲရင် စွမ်းဆောင်ရည်မြင့်မားပြီးသူ့မှာ အသုံးပြုထားတဲ့ Spec နဲ့ တစ် ခြားသူ့နဲ့ စျေးနှုန်းတူထဲမှာမတွေ့ရ နိုင်တဲ့အသုံးဝင်လှတဲ့ Pixel 3 ရဲ့ လုပ်ဆောင်ချက်တွေ ထောက် ပံ့ပါ၀င်လာတာက အထင်ကြီး စရာကောင်းတဲ့ တန်ဖိုးသင့် Mid-range ဖုန်းတစ်လုံးလို့ သုံး သပ်ရမှာဖြစ်ပါ တယ်။